နည္းျပအျဖစ္နဲ႔ ေရာကစားသမားအျဖစ္နဲ ့ပါ ကမာၻ ့ဖလားဗိုလ္လုပြဲကိုတက္ေရာက္ႏိုင္ခဲ့ဖူးတဲ့သူအျဖစ္ ျပင္သစ္နည္းျပဒစ္ခ်န္႔ မွတ္တမ္းဝင္
၁၉၉၈ ျပင္သစ္ကမာၻ ့ဖလားၿပိဳင္ပြဲမွာ ျပင္သစ္အသင္းနဲ႔အတူ ကမာၻ ့ဖလားခ်န္ပီယံ ဆြတ္ခူးႏိုင္ခဲ့တဲ့ ျပင္သစ္ကစားသမားေဟာင္းႀကီး ဒစ္ခ်န္႔ဟာ မေန ့ည က ဘယ္လ္ဂ်ီယံ အသင္းကို ၁-၀ ျဖင့္ အႏိုင္ရခဲ့ၿပီးေနာက္ သူ ကိုင္တြယ္ေနတဲ့ ျပင္သစ္အသင္းဟာ ဗိုလ္လုပြဲကို တက္ေရာက္သြားႏိုင္ခဲ့ၿပီး ဒစ္ခ်န္ ့ဟာ နည္းျပအျဖစ္နဲ႔ ေရာ ကစားသမား အေနနဲ႔ ပါ ကမာၻ ့ဖလားဗိုလ္လုပြဲကို ေရာက္ရွိတဲ့ ၄ေယာက္ေျမာက္ နည္းျပျဖစ္လာခဲ့ပါၿပီ။
ဒါပင္မယ့္အဆိုပါ ၄၉ ႏွစ္အရြယ္ ဒစ္ခ်န္ ့အတြက္ ေတာ့ပထမဆံုးေသာ ကစားသမားအျဖစ္နဲ႔ ေရာနည္းျပအျဖစ္နဲ႔ ေရာ ဗိုလ္လုပြဲတက္ေရာက္ႏိုင္ခဲ့သူ မဟုတ္ခဲ့ပါဘူး။
သူ ေရွ ့မွာ ဂ်ာမန္ကစားသမား ႀကီး ဘာကန္ဘာဝါရွိၿပီး သူဟာ ကစားသမားအျဖစ္နဲ႔ ေရာ နည္းျပအျဖစ္နဲ႔ ပါစြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။
အေနာက္ဂ်ာမန္ကစားသမားအျဖစ္နဲ႔ ၁၉၇၄ ကမာၻ ့ဖလားကို ရယူခဲ့ၿပီး ၁၉၉၀ မွာ နည္းျပအျဖစ္ ဂ်ာမနီအသင္းနဲ႔ အတူကမာၻ ့ဖလားကို ရယူႏိုင္ခဲ့ပါတယ္။
ေနာက္တစ္ေယာက္ကေတာ့ အေနာက္ဂ်ာမန္ကစားသမား တစ္ဦးျဖစ္တဲ့ ႐ူဒီေဗာ္လာျဖစ္ၿပီး သူဟာေတာ့ ထူးထူးျခားျခား ကစားသမားအျဖစ္ ၂ ျကိမ္တိုင္ဗိုလ္လုပြဲ ကိုေရာက္ခဲ့တာပဲျဖစ္ပါတယ္။
၁၉၈၆ မွာ အာဂ်င္တီးနားကို ၃-၂ နဲ႔ ရံႈးတဲ့ ဗိုလ္လုပြဲမွာ သူပါဝင္ခဲ့ၿပီး ၁၉၉၀ ဗိုလ္လုပြဲမွာေတာ့ ဘာကန္ဘာဝါ ကိုင္တြယ္တဲ့ ဂ်ာမနီအသင္းမွာ ပါဝင္ခဲ့ၿပီး ခ်န္ပီယံ ျဖစ္ခဲ့ပါတယ္။
၂၀၀၂ ဗိုလ္လုပြဲ မွာေတာ့နည္းျပအျဖစ္ ေဗာ္လာဟာ ဂ်ာမနီ ကိုကိုင္တြယ္ခဲ့ၿပီး ဗိုလ္လုပြဲမွာ ဘရာဇီး အသင္း ကို ၂-၀ ျဖင့္ရံႈးနိမ့္ခဲ့ပါတယ္။
ေနာက္တစ္ေယာက္ကေတာ့ ဘရာဇီးကစားသမား မာရီယို ဇာဂယ္လို ျဖစ္ၿပီး သူဟာ ၁၉၅၈ နဲ႔ ၁၉၆၂ မွာ ဘရာဇီး ကစားသမားအျဖစ္ ခ်န္ပီယံျဖစ္ခဲ့ပါတယ္။
၁၉၇၀ မကၠစီကို ကမာၻ ့ဖလားမွာ ေတာ့ နည္းျပအျဖစ္ ဘရာဇီး အသင္းကို ကိုင္တြယ္ခဲ့ၿပီး ဘရာဇီး အေက်ာ္အေမာ္ ပီလီတို ့နဲ႔ အတူ အီတလီ ကို ၄-၁ ျဖင့္ႏိုင္ကာ ဗိုလ္စြဲခဲ့တဲ့ သူပဲျဖစ္ပါတယ္။
(Unicode)
နည်းပြအဖြစ်နဲ့ ရောကစားသမားအဖြစ်နဲ ့ပါ ကမ္ဘာ ့ဖလားဗိုလ်လုပွဲကိုတက်ရောက်နိုင်ခဲ့ဖူးတဲ့သူအဖြစ် ပြင်သစ်နည်းပြဒစ်ချန့် မှတ်တမ်းဝင်
၁၉၉၈ ပြင်သစ်ကမ္ဘာ ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ ့ဖလားချန်ပီယံ ဆွတ်ခူးနိုင်ခဲ့တဲ့ ပြင်သစ်ကစားသမားဟောင်းကြီး ဒစ်ချန့်ဟာ မနေ ့ည က ဘယ်လ်ဂျီယံ အသင်းကို ၁-၀ ဖြင့် အနိုင်ရခဲ့ပြီးနောက် သူ ကိုင်တွယ်နေတဲ့ ပြင်သစ်အသင်းဟာ ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ခဲ့ပြီး ဒစ်ချန် ့ဟာ နည်းပြအဖြစ်နဲ့ ရော ကစားသမား အနေနဲ့ ပါ ကမ္ဘာ ့ဖလားဗိုလ်လုပွဲကို ရောက်ရှိတဲ့ ၄ယောက်မြောက် နည်းပြဖြစ်လာခဲ့ပါပြီ။
ဒါပင်မယ့်အဆိုပါ ၄၉ နှစ်အရွယ် ဒစ်ချန် ့အတွက် တော့ပထမဆုံးသော ကစားသမားအဖြစ်နဲ့ ရောနည်းပြအဖြစ်နဲ့ ရော ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သူ မဟုတ်ခဲ့ပါဘူး။
သူ ရှေ ့မှာ ဂျာမန်ကစားသမား ကြီး ဘာကန်ဘာဝါရှိပြီး သူဟာ ကစားသမားအဖြစ်နဲ့ ရော နည်းပြအဖြစ်နဲ့ ပါစွမ်းဆောင်နိုင်ခဲ့ပါတယ်။
အနောက်ဂျာမန်ကစားသမားအဖြစ်နဲ့ ၁၉၇၄ ကမ္ဘာ ့ဖလားကို ရယူခဲ့ပြီး ၁၉၉၀ မှာ နည်းပြအဖြစ် ဂျာမနီအသင်းနဲ့ အတူကမ္ဘာ ့ဖလားကို ရယူနိုင်ခဲ့ပါတယ်။
နောက်တစ်ယောက်ကတော့ အနောက်ဂျာမန်ကစားသမား တစ်ဦးဖြစ်တဲ့ ရူဒီဗော်လာဖြစ်ပြီး သူဟာတော့ ထူးထူးခြားခြား ကစားသမားအဖြစ် ၂ ကြိမ်တိုင်ဗိုလ်လုပွဲ ကိုရောက်ခဲ့တာပဲဖြစ်ပါတယ်။
၁၉၈၆ မှာ အာဂျင်တီးနားကို ၃-၂ နဲ့ ရှုံးတဲ့ ဗိုလ်လုပွဲမှာ သူပါဝင်ခဲ့ပြီး ၁၉၉၀ ဗိုလ်လုပွဲမှာတော့ ဘာကန်ဘာဝါ ကိုင်တွယ်တဲ့ ဂျာမနီအသင်းမှာ ပါဝင်ခဲ့ပြီး ချန်ပီယံ ဖြစ်ခဲ့ပါတယ်။
၂၀၀၂ ဗိုလ်လုပွဲ မှာတော့နည်းပြအဖြစ် ဗော်လာဟာ ဂျာမနီ ကိုကိုင်တွယ်ခဲ့ပြီး ဗိုလ်လုပွဲမှာ ဘရာဇီး အသင်း ကို ၂-၀ ဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။
နောက်တစ်ယောက်ကတော့ ဘရာဇီးကစားသမား မာရီယို ဇာဂယ်လို ဖြစ်ပြီး သူဟာ ၁၉၅၈ နဲ့ ၁၉၆၂ မှာ ဘရာဇီး ကစားသမားအဖြစ် ချန်ပီယံဖြစ်ခဲ့ပါတယ်။
၁၉၇၀ မက္ကစီကို ကမ္ဘာ ့ဖလားမှာ တော့ နည်းပြအဖြစ် ဘရာဇီး အသင်းကို ကိုင်တွယ်ခဲ့ပြီး ဘရာဇီး အကျော်အမော် ပီလီတို ့နဲ့ အတူ အီတလီ ကို ၄-၁ ဖြင့်နိုင်ကာ ဗိုလ်စွဲခဲ့တဲ့ သူပဲဖြစ်ပါတယ်။
Post a Comment