ရိုနယ်လ်ဒိုနေရာမှာအစားထိုးဖို့ဖြစ်နိုင်ချေရှိတဲ့ကစားသမား၁၀ဦး
(1) နေမာ...
(2)အမ်ဘက်ပီ
(3)ဟာဇက်.
(4)လီဝန်ဒေါ့စကီး
(5)အီကာဒီ
(6)ဟာရီကိန်း
(7)မိုဟာမက်ဆာလာ
(8)ဒိုင်ဘားလာ
(9)ဆာဂျီဆာဗစ်
(10)ခရစ်စတိန်းပူလီဆစ်
ရိုနယ်လ်ဒိုနေရာမှာ အစားထိုးဖို့ရှိ တဲ့ကစားသမား၁ဝဦး
ရီးရဲလ်မက်ဒရစ်အသင်းဟာအသင်းရဲ့အားထားရတဲ့တိုက်စစ်မှူး ရိုနယ်လ်ဒိုဟာစီးရီးအေကလပ်ဂျူဗင်တပ်ကိုပြောင်းရွေ့သွားတာကြောင့် သူရဲ့နေရာမှာ အစားထိုးဖို့ကစားသမားအပြင်းအထန်ရှာဖွေနေပါတယ်။လက်ရှိနောက်ဆုံးရသတင်းများအရရိုနယ်လ်ဒိုနေရာအစားထိုးရန်ကစားသမား၁ဝဦးကိုလျာထားလ်ိုက်ပါတယ်။အဲဒီကစားသမား၁ဝဦးမှတစ်ဦးဦးကို အရခေါ်ယူတော့မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။
(1) နေမာ...
လက်ရှိအချိန်ရီးရဲလ်အသင်းအလိုရှိဆုံးကစားသမားကိုပြပါဆိုရင်နေမာပါပဲ။သူကိုရီးရဲလ်ကအသည်းအသန်ခေါ်ယူချင်နေပြီးသူရဲ့အပြောင်းအရွေမှာ သူရဲ့တန်ကြေးကအလွန်အမင်းများပြားနေတာကြောင့်အခက်တွေ့နေပါတယ်။သို့သော်ရိုနယ်လ်ဒိုမရှိတော့တဲ့နောက်ပိုင်းနေမာကိုအရခေါယူဖို့များနေပါတယ်။
(2)အမ်ဘက်ပီ
သူကတော့ပြင်သစ်အသင်းရဲ့လူငယ်ခြေတက်ကစားသမားတစ်ဦးဖြစ်ပြီးလက်ရှိကမ္ဘာ့ဖလားမှာပြင်သစ်အသင်းကိုဖိုင်နယ်ရောက်အောင်ပို့ဆောင်ပေးတဲ့ကစားကောင်းထဲမှာတစ်ဦးအပါအဝင်ဖြစ်ပါတယ်။
(3)ဟာဇက်.
သူကတော့ဘဲလ်ဂျီယံအသင်းကိုအကောင်းဆုံးထိန်းကျောင်းပြီးဆီမီးဖိုင်နယ်အထိရောက်အောင်ခေါ်လာနိုင်ခဲ့တဲ့
ကစားသမားတစ်ယောက်ဖြစ်ပါတယ်။သူကိုရီးရဲလ်အသင်းကခေါ်ယူရန်စိတ်ဝင်စားနေတာကာလကြာမြင့်နေပါပြီ။
သူကိုယ်တိုင်လာလီဂါကိုပြောင်းရွေ့ချင်ကြောင်းပြောကြားထားပါတယ်။အပြောင်းအရွေ့မဖြစ်သေးတဲ့အကြောင်းအရင်း
ကတော့ရီးရဲလ်အသင်းရဲ့အပြောင်းအရွေအပေါ် မပြတ်သားတဲ့ဆုံးဖြတ်ချက်တွေကြောင့်ဖြစ်ပါတယ်။
(4)လီဝန်ဒေါ့စကီး
သူကလည်းပဲရီးရဲလ်အသင်းရဲ့ပစ်မှတ်ဟောင်းတစ်ဦးဖြစ်ပြီးရိုနယ်လ်ဒိုနေရာမှာ အစားထိုးဖို့အတွက်သူကိုပြန်လည်
စိတ်ဝင်စားနေပါတယ်။အသင်၃ဝအရွယ်ရှိတဲ့သူကလည်းဘိုင်ယန်မြူးနစ်အသင်းကနေထွက်ခွာဖို့စီစဉ်နေပါတယ်။
(5)အီကာဒီ
သူကတော့အင်တာမီလန်တိုက်စစ်မှုး တစ်ဦးဖြစ်ပြီးလက်ရှိအချိန်အင်တာမိလန်အသင်းရဲ့တိုက်စစ်မှာ အထူးခြေစွမ်းပြနေသူတစ်ဦးလည်းဖြစ်ပါတယ်။အာဂျင်တီးနားသားကိုအင်တာမီလန်အသင်းကယူရိုသန်း၁၁ဝနှင့်စျေးဖွင့်ထားပါတယ်။
(6)ဟာရီကိန်း
အင်္ဂလန်အသင်းရဲ့အားထားရတဲ့တိုက်စစ်မှူးကိုရီးရဲလ်အသင်းကခေါ်ယူဖို့စီစဉ်ထားသော်လည်းစပါးအသင်းကကိန်းကိုစာချုပ်အသစ်ထပ်မံချုပ်ဆိုထားပါတယ်။ကိန်းကိုယ်တိုင်ကရိိီးရဲလ်ကိုပြောင်းရွေ့ချင်ကြောင်းအရိပ်အမြွပြောကြားထားပါတယ်။
(7)မိုဟာမက်ဆာလာ
အီဂျစ်အသင်းရဲ့နာမည်ကျော်ကစားသမားလီဗာပူးလ်အသင်းရဲ့အားထားရာဆာလဟ်ကိုရီးရဲလ်ကခေါ်ယူချင်တာကြာမြင့်နေပါပြီ။သို့သော်လီဗာပူးလ်အသင်းကရောင်းချဖို့အစီအစဉ်မရှိသေးကြောင်းသို့သော်မြင့်မားတဲ့ကမ်းလှမ်းမှုနှင့်ဆိုစဉ်းစားနိုင်ကြောင်းသိရပါတယ်။
(8)ဒိုင်ဘားလာ
အာဂျင်တီးနားသားကိုလက်ရှိရိုနယ်လ်ဒိုနေရာမှာ အစားထိုးဖို့အတွက်စီစဉ်နေပါတယ်။ဂျူဗင်တပ်စ်အသင်းကိုရိုနယ်လ်ဒိုရောကိရှိလာတာကြောင့်သူအတွက်နေရာမရဖို့များနေပါတယ်။သူကိုလည်းဂျူဗင်တပ်စ်အသင်းကရောင်းချဖို့လည်းရှိပါတယ်။
(9)ဆာဂျီဆာဗစ်
ဆားဘီးယားကွင်းလယ်တိုက်စစ်ကစားသမားကိုရီးရဲလ်ကအနည်းငယ်သဘောကျနေပါတယ်။သူဟာစပိန်မှာမွေးဖွားခဲ့ပါတယ်။လက်ရှိ မှာ ဆာဗစ်ဟာလာဇီယိုမှာကစားနေပါတယ်။သူဟာအနာဂတ်မှာ ထွန်းတောက်လာဖို့ရှိပါတယ်။
(10)ခရစ်စတိန်းပူလီဆစ်
သူကတော့အမေရိကန်လက်ရွေးစင်ကစားသမားတစ်ယောက်ဖြစ်ပြိးလက်ရှိအချိန်ဒေါ့မွန်အသင်းမှာ ကစားနေပါတယ်။သူဟာအသက်၁၉နှစ်အရွယ်ရှိတာကြောင့်ထက်မြက်ပြီးအနာဂတ်ထွန်းတောက်လာနိုင်တဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။သူကိုရီးရဲလ်အသင်းကအနည်းငယ်သဘောကျနေပါတယ်။
Post a Comment