မက္ဆီတို ့၊ေရာ္နယ္ဒိုတို ့ဒီၿပိဳင္ပြဲမွာမရွိေတာ့တာကၽြန္ေတာ္တိုု ့အတြက္အခြင့္ေကာင္းပဲ။
ဘယ္လ္ဂ်ီယံကစားသမား အင္ဒီဟာဇက္က အခုႏွစ္႐ုရွား ကမာၻ ့ဖလားၿပိဳင္ပြဲမွာ ေရာ္နယ္ဒို၊ မက္ဆီတို ့ရဲ႕ အသင္းေတြျဖစ္ၾကတဲ့ ေပၚတူဂီ အသင္းနဲ႔ အာဂ်င္တီးနား အသင္းတို ့ေစာေစာစီးစီး ထြက္သြားခဲ့ၿပီ ျဖစ္တဲ့ အတြက္ထိုအခြင့္အေရး ေကာင္းကို အျပည့္အဝအသံုးခ်သြားမွာ ျဖစ္ေၾကာင္း ဂ်ပန္ အသင္းနဲ႔ ပြဲမတိုင္ခင္ပြဲႀကိဳ သတင္းစာရွင္းလင္းပြဲမွာေျပာၾကားသြားပါတယ္။
အသင္းေခါင္းေဆာင္ဟာဇက္ရဲ႕ ဘယ္လ္ဂ်ီယံ အသင္းဟာ အုပ္စု G မွာ ၃ပြဲစလံုး ရာႏႈန္းျပည့္ ႏိုင္ပြဲရယူထားၿပီး ၁၆ သင္းရံႈးထြက္ အဆင့္မွာ ဂ်ပန္အသင္းနဲ႔ ေတြ ့ဆံုေနတာပဲျဖစ္ပါတယ္။
" သူတို ့၂ေယာက္စလံုး ကမာၻ ့ဖလားၿပိဳင္ပြဲမွာ မရွိေတာ့ပါဘူး။ ကၽြန္ေတာ္တို ့အစြမ္းျပဖို ့ အခြင့္ေကာင္းပဲ။ကၽြန္ေတာ္တို႔ ဆီမီးဖိုင္နယ္ ရယ္ ဖိုင္နယ္ အထိေလာက္ေတာ့ ေရာက္ခ်င္ပါတယ္။" လို ့ေျပာၾကားလိုက္ပါတယ္။
" ကၽြန္ေတာ္တစ္ေယာက္ထဲမဟုတ္ပါဘူး။ ဟုတ္ပါတယ္။ မက္ဆီနဲ႔ ေရာ္နယ္ဒို တို ့ဒီမွာ မရွိေတာ့ပါဘူး။ဒါပင္မယ့္ ဒီကမာၻ ့ဖလားၿပိဳင္ပြဲ မွာ ကစားသမားေကာင္းေတြ က်န္ပါေသးတယ္။ အဆံုးမွာ ဘာဆက္ျဖစ္လာမလဲ ေစာင့္ၾကည့္ရပါမယ္။"
" ကၽြန္ေတာ္ဟာ လြန္ခဲ့တဲ့ ၂ႏွစ္ထက္ ပိုေကာင္းလာပါၿပီ။ တိတိက်က်ေျပာရရင္ လြန္ခဲ့တဲ့ ၄ ႏွစ္က ဘရာဇီး ကမာၻ ့ဖလားၿပိဳင္ပြဲက ထက္စာရင္ အခုမွာေတာ့ အေတြ ့အၾကံဳေတြ အမ်ားႀကီးနဲ႔ ရင့္က်က္ေနပါၿပီ။ ဘယ္အခ်ိန္မွာ ဘာလုပ္သင့္သလဲ ေကာင္းေကာင္းသိေနပါၿပီ။"
" ခင္ဗ်ားရဲ႕ အသင္းမွာ အရမ္းေတာ္ၿပီး အရမ္းလည္းငယ္ေသးတဲ့ လူငယ္ကစားသမားေတြ ရွိရင္ေတာင္ ခင္ဗ်ားပိုၿပီးတိုင္ပတ္ႏိုင္ပါတယ္။ကၽြန္ေတာ္တို ့အသင္းမွာဆို ကစားသမားေတြဟာ အသက္ ၂၅ ႏွစ္က ေန ၃၀ ၾကား အထိ ရွိၾကပါတယ္။ အဲ့ေတာ့ ရင့္က်က္မႈေရာ ၊ အေတြးအေခၚေတြက အစ သိပ္မကြဲ ျပားပါဘူး။ အဲ့ ကၽြန္ေတာ္တို ့အသင္းေရွ ့ဆက္ၿပီး ကြဲျပားျခားနားတဲ့ အျမင္ေတြကို အတူတူရွာေဖြႏိုင္ပါတယ္။"
ဟာဇက္ဟာ ဘယ္လ္ဂ်ီယံ တိုက္စစ္မႉး လူကာကာ နဲ႔ အတူ တိုက္စစ္မွာ ေျခစြမ္းျပကစားထားၿပီး သြင္းဂိုး ၂ဂိုးရယူထားပါတယ္။ တိုက္စစ္မွဴး လူကာကူ ဟာလည္း သြင္းဂိုး ၄ဂိုးအထိ ရယူထားႏိုင္ၿပီး အသင္းေဖာ္ေတြ ျဖစ္ၾကတဲ့ ဒီဘ႐ူနီ ၊ ဟာဇက္တို႔နဲ႔ အေကာင္းဆံုးတြဲဖက္ကာ ကစားထားႏိုင္ခဲ့ပါတယ္။
" ကၽြန္ေတာ္တို ့လူကာကူ ကို ပိုင္ဆိုင္ထားရတာ ကံေကာင္းပါတယ္။ ဘာလို ့လဲဆိုေတာ့ ကၽြန္ေတာ္တို ့ဂိုးေတြ သြင္းစရာမလိုဘူးေလ။"
"လူကာကူ ဟာ ဂိုးရဖို ့အခြင့္အေရး ၃ ႀကိမ္ေလာက္ရရင္ ၂ႀကိမ္ကို ဂိုးအျဖစ္ေျပာင္းလဲႏိုင္ပါတယ္။ အဲ့ဒါဟာ သူ ့ကို ထိပ္တန္းကစားသမား တစ္ေယာက္ျဖစ္လာေစခဲ့တာပါ။ ၿပီးေတာ့ သူ ့ရဲ႕ ခံစစ္ကစားဟန္ဟာလည္း သိပ္ကို ေကာင္းလာေနပါတယ္။" လို ့ေျပာၾကားခဲ့ပါတယ္။
ဆက္လက္ၿပီး ဟာဇက္ က ယူ႐ို ၂၀၁၆ က ေဝးလ္ အသင္းကို အမွတ္မထင္ရံႈးနိမ့္ခဲ့ ရတဲ့ အျဖစ္မ်ိဳးထပ္မံ မၾကံဳေတြ ့ရေအာင္ျပင္ဆင္ထားေၾကာင္း ေျပာၾကားခဲ့ပါေသးတယ္။ ဘယ္လ္ဂ်ီယံ အသင္းဟာ ၿပိဳင္ဘက္ ေဝးလ္အသင္း ကိုေလွ်ာ့တြက္မိခဲ့တဲ့ အတြက္ အမွတ္မထင္ ရံႈးနိမ့္ခဲ့ရပါတယ္။
" ကၽြန္ေတာ္တို ့အေတြ ့အၾကံဳ ေကာင္းေကာင္းရွိပါတယ္။ ဂ်ပန္ အသင္းဟာ ေဝးလ္ နဲ႔ လံုးဝမတူတဲ့ အသင္းပါ။ လြန္ခဲ့တဲ့ ၂ႏွစ္တုန္းကလည္း ကၽြန္ေတာ္တို ့ဟာ ပြဲမတိုင္ခင္ ဒဏ္ရာေတြရခဲ့ၾကလို ့ပါ။ဒါပင္မယ့္ ဒီၿပိဳင္ပြဲ ရဲ႕ ဂ်ပန္နဲ႔ ပြဲမွာေတာ့ ကၽြန္ေတာ္တို ့အသည္းအသန္ ႀကိဳးႀကိဳးစားစား ကန္မွာပါ။" လို ့ေျပာၾကားသြားပါတယ္။
#Mailonline
မက်ဆီတို ့၊ရော်နယ်ဒိုတို ့ဒီပြိုင်ပွဲမှာမရှိတော့တာ ကျွန်တော်တို ့အတွက်အခွင့်ကောင်းပဲ ။##ဟာဇက်
ဘယ်လ်ဂျီယံကစားသမား အင်ဒီဟာဇက်က အခုနှစ်ရုရှား ကမ္ဘာ ့ဖလားပြိုင်ပွဲမှာ ရော်နယ်ဒို၊ မက်ဆီတို ့ရဲ့ အသင်းတွေဖြစ်ကြတဲ့ ပေါ်တူဂီ အသင်းနဲ့ အာဂျင်တီးနား အသင်းတို ့စောစောစီးစီး ထွက်သွားခဲ့ပြီ ဖြစ်တဲ့ အတွက်ထိုအခွင့်အရေး ကောင်းကို အပြည့်အဝအသုံးချသွားမှာ ဖြစ်ကြောင်း ဂျပန် အသင်းနဲ့ ပွဲမတိုင်ခင်ပွဲကြို သတင်းစာရှင်းလင်းပွဲမှာပြောကြားသွားပါတယ်။
အသင်းခေါင်းဆောင်ဟာဇက်ရဲ့ ဘယ်လ်ဂျီယံ အသင်းဟာ အုပ်စု G မှာ ၃ပွဲစလုံး ရာနှုန်းပြည့် နိုင်ပွဲရယူထားပြီး ၁၆ သင်းရှုံးထွက် အဆင့်မှာ ဂျပန်အသင်းနဲ့ တွေ ့ဆုံနေတာပဲဖြစ်ပါတယ်။
" သူတို ့၂ယောက်စလုံး ကမ္ဘာ ့ဖလားပြိုင်ပွဲမှာ မရှိတော့ပါဘူး။ ကျွန်တော်တို ့အစွမ်းပြဖို ့ အခွင့်ကောင်းပဲ။ကျွန်တော်တို့ ဆီမီးဖိုင်နယ် ရယ် ဖိုင်နယ် အထိလောက်တော့ ရောက်ချင်ပါတယ်။" လို ့ပြောကြားလိုက်ပါတယ်။
" ကျွန်တော်တစ်ယောက်ထဲမဟုတ်ပါဘူး။ ဟုတ်ပါတယ်။ မက်ဆီနဲ့ ရော်နယ်ဒို တို ့ဒီမှာ မရှိတော့ပါဘူး။ဒါပင်မယ့် ဒီကမ္ဘာ ့ဖလားပြိုင်ပွဲ မှာ ကစားသမားကောင်းတွေ ကျန်ပါသေးတယ်။ အဆုံးမှာ ဘာဆက်ဖြစ်လာမလဲ စောင့်ကြည့်ရပါမယ်။"
" ကျွန်တော်ဟာ လွန်ခဲ့တဲ့ ၂နှစ်ထက် ပိုကောင်းလာပါပြီ။ တိတိကျကျပြောရရင် လွန်ခဲ့တဲ့ ၄ နှစ်က ဘရာဇီး ကမ္ဘာ ့ဖလားပြိုင်ပွဲက ထက်စာရင် အခုမှာတော့ အတွေ ့အကြုံတွေ အများကြီးနဲ့ ရင့်ကျက်နေပါပြီ။ ဘယ်အချိန်မှာ ဘာလုပ်သင့်သလဲ ကောင်းကောင်းသိနေပါပြီ။"
" ခင်ဗျားရဲ့ အသင်းမှာ အရမ်းတော်ပြီး အရမ်းလည်းငယ်သေးတဲ့ လူငယ်ကစားသမားတွေ ရှိရင်တောင် ခင်ဗျားပိုပြီးတိုင်ပတ်နိုင်ပါတယ်။ကျွန်တော်တို ့အသင်းမှာဆို ကစားသမားတွေဟာ အသက် ၂၅ နှစ်က နေ ၃၀ ကြား အထိ ရှိကြပါတယ်။ အဲ့တော့ ရင့်ကျက်မှုရော ၊ အတွေးအခေါ်တွေက အစ သိပ်မကွဲ ပြားပါဘူး။ အဲ့ ကျွန်တော်တို ့အသင်းရှေ ့ဆက်ပြီး ကွဲပြားခြားနားတဲ့ အမြင်တွေကို အတူတူရှာဖွေနိုင်ပါတယ်။"
ဟာဇက်ဟာ ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကာ နဲ့ အတူ တိုက်စစ်မှာ ခြေစွမ်းပြကစားထားပြီး သွင်းဂိုး ၂ဂိုးရယူထားပါတယ်။ တိုက်စစ်မှူး လူကာကူ ဟာလည်း သွင်းဂိုး ၄ဂိုးအထိ ရယူထားနိုင်ပြီး အသင်းဖော်တွေ ဖြစ်ကြတဲ့ ဒီဘရူနီ ၊ ဟာဇက်တို့နဲ့ အကောင်းဆုံးတွဲဖက်ကာ ကစားထားနိုင်ခဲ့ပါတယ်။
" ကျွန်တော်တို ့လူကာကူ ကို ပိုင်ဆိုင်ထားရတာ ကံကောင်းပါတယ်။ ဘာလို ့လဲဆိုတော့ ကျွန်တော်တို ့ဂိုးတွေ သွင်းစရာမလိုဘူးလေ။"
"လူကာကူ ဟာ ဂိုးရဖို ့အခွင့်အရေး ၃ ကြိမ်လောက်ရရင် ၂ကြိမ်ကို ဂိုးအဖြစ်ပြောင်းလဲနိုင်ပါတယ်။ အဲ့ဒါဟာ သူ ့ကို ထိပ်တန်းကစားသမား တစ်ယောက်ဖြစ်လာစေခဲ့တာပါ။ ပြီးတော့ သူ ့ရဲ့ ခံစစ်ကစားဟန်ဟာလည်း သိပ်ကို ကောင်းလာနေပါတယ်။" လို ့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဟာဇက် က ယူရို ၂၀၁၆ က ဝေးလ် အသင်းကို အမှတ်မထင်ရှုံးနိမ့်ခဲ့ ရတဲ့ အဖြစ်မျိုးထပ်မံ မကြုံတွေ ့ရအောင်ပြင်ဆင်ထားကြောင်း ပြောကြားခဲ့ပါသေးတယ်။ ဘယ်လ်ဂျီယံ အသင်းဟာ ပြိုင်ဘက် ဝေးလ်အသင်း ကိုလျှော့တွက်မိခဲ့တဲ့ အတွက် အမှတ်မထင် ရှုံးနိမ့်ခဲ့ရပါတယ်။
" ကျွန်တော်တို ့အတွေ ့အကြုံ ကောင်းကောင်းရှိပါတယ်။ ဂျပန် အသင်းဟာ ဝေးလ် နဲ့ လုံးဝမတူတဲ့ အသင်းပါ။ လွန်ခဲ့တဲ့ ၂နှစ်တုန်းကလည်း ကျွန်တော်တို ့ဟာ ပွဲမတိုင်ခင် ဒဏ်ရာတွေရခဲ့ကြလို ့ပါ။ဒါပင်မယ့် ဒီပြိုင်ပွဲ ရဲ့ ဂျပန်နဲ့ ပွဲမှာတော့ ကျွန်တော်တို ့အသည်းအသန် ကြိုးကြိုးစားစား ကန်မှာပါ။" လို ့ပြောကြားသွားပါတယ်။
#Mailonline
Post a Comment