ဂ်ဴဗင္တပ္စ္ကို သြားေတာ့မွာလား ေရာ္နယ္ဒို??
ရီးရဲလ္မက္ဒရစ္ အသင္းမွာ ၉ ႏွစ္ၾကာ ကစားခဲ့ၿပီး ဆုဖလား မ်ားစြာ ရယူထားႏိုင္ခဲ့တဲ့ ရီးရဲလ္မက္ဒရစ္စတား ခရစ္စတီယာႏို ေရာ္နယ္ဒိုဟာ အေတြ ့အၾကံဳ အသစ္ေတြ ထပ္မံရွာေဖြ ဖို ့အသင္းတစ္သင္းကို ေျပာင္းေရႊ ့ဖို ့လိုလားေနေၾကာင္း TuttoSports က အခိုင္အမာ ေျပာၾကားထားပါတယ္။
ရီးရဲလ္မက္ဒရစ္ စတား ေရာ္နယ္ဒို ဦးေဆာင္တဲ့ ေပၚတူဂီ အသင္းဟာ ၂၀၁၈ ကမာၻ ့ဖလားၿပိဳင္ပြဲကေန ထြက္ခြာခဲ့ ရၿပီးေနာက္ ေရာ္နယ္ဒိုဟာ လည္း အသင္း ေျပာင္းဖို ့ စဥ္းစားလာေနတာပဲျဖစ္ပါတယ္။
အဆိုပါသတင္းေတြကို ေသခ်ာေစတဲ့ ေနာက္ထပ္အေၾကာင္းကေတာ့ ဂ်ဴဗင္တပ္စ္အသင္း နဲ႔ ၁၁ႏွစ္ေက်ာ္အၾကာ ဆက္ဆံေရး တင္းမာခဲ့တဲ့ ေရာ္နယ္ဒို ေအးဂ်င့္ ေဂ်ာ့စ္မန္ဒက္ဟာ ၿပီးခဲ့တဲ့ ရက္သတၱပတ္ က ဗလန္စီယာ ေနာက္ခံလူ ဂ်ိဳအာကန္ဆယ္လို ဂ်ဴဗင္တပ္စ္အသင္းအတြက္ ခ်ိတ္ဆက္ေခၚယူေပးခဲ့ၿပီး ဆက္ဆံေရး တင္းမာမႈေတြကို အဆံုးသတ္ခဲ့ပါတယ္။
ဒါေၾကာင့္ စီရီးေအ ၇ႏွစ္ဆက္ ခ်န္ပီယံ ဂ်ဴဗင္တပ္စ္အသင္းဟာ အသင္းသမိုင္းရဲ႕ ၂၃ ႏွစ္အတြင္း ပထမဆံုးအႀကိမ္ အျဖစ္ ခ်န္ပီယံလိပ္ဖလားရဖို ့ေရာ္နယ္ဒိုကို ေခၚယူလိုေနတာပဲျဖစ္ပါတယ္။
အေစာပိုင္းႏွစ္ေတြ မွာ ရီးရဲလ္မက္ဒရစ္အသင္း က သူတို ့အသင္းရဲ႕ စတားေရာ္နယ္ဒို ကို ဝယ္ယူခ်င္ရင္ ေပါင္ ၈၈၅ သန္းေပးေခ်ရမယ္လို ့စာခ်ဳပ္မွာေဖာ္ျပထားၿပီး အခုအခ်ိန္မွာေတာ့ ၁၀၆ သန္း အထိေလ်ာ့ခ်ခဲ့ပါတယ္။
ဂ်ဴဗင္တပ္စ္ အသင္းဟာလီဗာပူးကစားသမား အီမာခ်န္ နဲ႔ ဗလန္စီယာ ေနာက္တန္းကစားသမား ကန္ဆယ္လို တို ့ကိုေခၚယူႏိုင္ခဲ့ၿပီးေနာက္ ေနာက္ထပ္ပစ္မွတ္အေနနဲ႔ လာဇီယို ကြင္းလယ္လူ ဆာဗစ္နဲ႔ ရီးရဲလ္စတားေရာ္နယ္ဒို တို ့ကို ပစ္မွတ္ထားေနပါတယ္။
ဥ႐ုေဂြး အသင္းကို ရံႈးနိမ့္ခဲ့ၿပီးေနာက္ ႏိုင္ငံလက္ေရြးစင္ေဘာလံုးသမ ားဘဝကေန အနားယူ ဖို ့မစဥ္းစားေသးဘူး လို ့ေျပာၾကားထားၿပီး အကယ္၍ ေရာ္နယ္ဒိုသာ ေပၚတူဂီ အသင္းနဲ႔ အတူ ၂၀၂၂ ကမာၻ ့ဖလားၿပိဳင္ပြဲမွာ ဆက္ရွိပါက အသက္အရြယ္အားျဖင့္ ၃၇ ႏွစ္ရွိေနမွာျဖစ္ပါတယ္။
#TheSun
ဂျူဗင်တပ်စ်ကို သွားတော့မှာလား ရော်နယ်ဒို??
ရီးရဲလ်မက်ဒရစ် အသင်းမှာ ၉ နှစ်ကြာ ကစားခဲ့ပြီး ဆုဖလား များစွာ ရယူထားနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်စတား ခရစ်စတီယာနို ရော်နယ်ဒိုဟာ အတွေ ့အကြုံ အသစ်တွေ ထပ်မံရှာဖွေ ဖို ့အသင်းတစ်သင်းကို ပြောင်းရွှေ ့ဖို ့လိုလားနေကြောင်း TuttoSports က အခိုင်အမာ ပြောကြားထားပါတယ်။
ရီးရဲလ်မက်ဒရစ် စတား ရော်နယ်ဒို ဦးဆောင်တဲ့ ပေါ်တူဂီ အသင်းဟာ ၂၀၁၈ ကမ္ဘာ ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ ရပြီးနောက် ရော်နယ်ဒိုဟာ လည်း အသင်း ပြောင်းဖို ့ စဉ်းစားလာနေတာပဲဖြစ်ပါတယ်။
အဆိုပါသတင်းတွေကို သေချာစေတဲ့ နောက်ထပ်အကြောင်းကတော့ ဂျူဗင်တပ်စ်အသင်း နဲ့ ၁၁နှစ်ကျော်အကြာ ဆက်ဆံရေး တင်းမာခဲ့တဲ့ ရော်နယ်ဒို အေးဂျင့် ဂျော့စ်မန်ဒက်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် က ဗလန်စီယာ နောက်ခံလူ ဂျိုအာကန်ဆယ်လို ဂျူဗင်တပ်စ်အသင်းအတွက် ချိတ်ဆက်ခေါ်ယူပေးခဲ့ပြီး ဆက်ဆံရေး တင်းမာမှုတွေကို အဆုံးသတ်ခဲ့ပါတယ်။
ဒါကြောင့် စီရီးအေ ရနှစ်ဆက် ချန်ပီယံ ဂျူဗင်တပ်စ်အသင်းဟာ အသင်းသမိုင်းရဲ့ ၂၃ နှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် ချန်ပီယံလိပ်ဖလားရဖို ့ရော်နယ်ဒိုကို ခေါ်ယူလိုနေတာပဲဖြစ်ပါတယ်။
အစောပိုင်းနှစ်တွေ မှာ ရီးရဲလ်မက်ဒရစ်အသင်း က သူတို ့အသင်းရဲ့ စတားရော်နယ်ဒို ကို ဝယ်ယူချင်ရင် ပေါင် ၈၈၅ သန်းပေးချေရမယ်လို ့စာချုပ်မှာဖော်ပြထားပြီး အခုအချိန်မှာတော့ ၁၀၆ သန်း အထိလျော့ချခဲ့ပါတယ်။
ဂျူဗင်တပ်စ် အသင်းဟာလီဗာပူးကစားသမား အီမာချန် နဲ့ ဗလန်စီယာ နောက်တန်းကစားသမား ကန်ဆယ်လို တို ့ကိုခေါ်ယူနိုင်ခဲ့ပြီးနောက် နောက်ထပ်ပစ်မှတ်အနေနဲ့ လာဇီယို ကွင်းလယ်လူ ဆာဗစ်နဲ့ ရီးရဲလ်စတားရော်နယ်ဒို တို ့ကို ပစ်မှတ်ထားနေပါတယ်။
ဥရုဂွေး အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် နိုင်ငံလက်ရွေးစင်ဘောလုံးသမ ားဘဝကနေ အနားယူ ဖို ့မစဉ်းစားသေးဘူး လို ့ပြောကြားထားပြီး အကယ်၍ ရော်နယ်ဒိုသာ ပေါ်တူဂီ အသင်းနဲ့ အတူ ၂၀၂၂ ကမ္ဘာ ့ဖလားပြိုင်ပွဲမှာ ဆက်ရှိပါက အသက်အရွယ်အားဖြင့် ၃၇ နှစ်ရှိနေမှာဖြစ်ပါတယ်။
#TheSun






Post a Comment