မက္ဂြားယားကို ေခၚယူမယ့္ မန္ခ်က္စတာယူႏိုက္တက္
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ လက္စတာေနာက္ခံလူ မက္ဂြားယား ကိုေခၚယူဖို ့ျပင္ဆင္ေနေၾကာင္းသိရပါတယ္။
မက္ဂြားယားဟာ အဂၤလန္ အသင္းနဲ႔ ကမာၻ ့ဖလားၿပိဳင္ပြဲမွာ ေျခစြမ္းျပကစားေပးခဲ့သူျဖစ္ၿပီး လက္စတာအသင္းပိုင္ရွင္ ထိုင္းလူမ်ိဳးကေတာ့ မက္ဂြားယားကို အသင္းမွာ ဆက္ထိန္းထားဖို ့အေတာ္ေလးခက္ခဲေနေၾကာင္းဝန္ခံသြားပါတယ္။
လက္စတာအသင္းဟာ မႏွစ္ရာသီက မက္ဂြားယားကို ဟူးလ္စီးတီး အသင္းကေန ေပါင္ ၁၇ သန္းျဖင့္ေခၚယူခဲ့တာျဖစ္ၿပီး ယူႏိုက္တက္သာ ကမ္းလွမ္းပါက ေပါင္သန္း ၅၀ ေတာင္းဆိုဖြယ္ရွိေနပါတယ္။
အဂၤလန္နည္းျပေဆာက္ဂိတ္ဟာ မက္ဂြားယားကို အဂၤလန္အသင္းရဲ႕ ပြဲထြက္လူစားရင္းမွာ ယံုယံုၾကည္ၾကည္ထည့္သံုးခဲ့ၿပီး မက္ဂြားယားဟာ ႐ုရွားေျမမွာ ပံုစံေကာင္းေတြ ျပသခဲ့တာေၾကာင့္ သူရဲ႕ တန္ေၾကးဟာလည္း ျမႇင့္တက္လာခဲ့တာျဖစ္ပါတယ္။
နည္းျပေမာ္ရင္ဟို ကအသင္းရဲ႕ ေနာက္ခံလူေတြျဖစ္တဲ့ ဖီးလ္ဂ်ံဳး သို ့မဟုတ္ စေမာလင္းေနရာမွာ မက္ဂြားယား ကို အစားထိုးဖြယ္ရွိေနေၾကာင္းသိရပါတယ္။
(unicode)
မက်ဂွားယားကို ခေါ်ယူမယ့် မန်ချက်စတာယူနိုက်တက်
မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်စတာနောက်ခံလူ မက်ဂွားယား ကိုခေါ်ယူဖို ့ပြင်ဆင်နေကြောင်းသိရပါတယ်။
မက်ဂွားယားဟာ အင်္ဂလန် အသင်းနဲ့ ကမ္ဘာ ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြကစားပေးခဲ့သူဖြစ်ပြီး လက်စတာအသင်းပိုင်ရှင် ထိုင်းလူမျိုးကတော့ မက်ဂွားယားကို အသင်းမှာ ဆက်ထိန်းထားဖို ့အတော်လေးခက်ခဲနေကြောင်းဝန်ခံသွားပါတယ်။
လက်စတာအသင်းဟာ မနှစ်ရာသီက မက်ဂွားယားကို ဟူးလ်စီးတီး အသင်းကနေ ပေါင် ၁၇ သန်းဖြင့်ခေါ်ယူခဲ့တာဖြစ်ပြီး ယူနိုက်တက်သာ ကမ်းလှမ်းပါက ပေါင်သန်း ၅၀ တောင်းဆိုဖွယ်ရှိနေပါတယ်။
အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာ မက်ဂွားယားကို အင်္ဂလန်အသင်းရဲ့ ပွဲထွက်လူစားရင်းမှာ ယုံယုံကြည်ကြည်ထည့်သုံးခဲ့ပြီး မက်ဂွားယားဟာ ရုရှားမြေမှာ ပုံစံကောင်းတွေ ပြသခဲ့တာကြောင့် သူရဲ့ တန်ကြေးဟာလည်း မြှင့်တက်လာခဲ့တာဖြစ်ပါတယ်။
နည်းပြမော်ရင်ဟို ကအသင်းရဲ့ နောက်ခံလူတွေဖြစ်တဲ့ ဖီးလ်ဂျုံး သို ့မဟုတ် စမောလင်းနေရာမှာ မက်ဂွားယား ကို အစားထိုးဖွယ်ရှိနေကြောင်းသိရပါတယ်။
Post a Comment