ကမာၻ ့ဖလားဗိုလ္လုပြဲကို ၾကည့္ရႈဖို ့ထိုင္းကေလး၁၃ေယာက္ကိုဖိတ္ၾကားခဲ့တဲ့ FIFA ဥကၠ႒
FIFA ဥကၠ႒ ျဖစ္တဲ့ ဂ်ာနီ အင္ဖာတီႏိုက ဂူအတြင္းမွာ ပိတ္မိေနခဲ့ၿပီး ရွာေတြ ့ခဲ့တဲ့ ထိုင္းကေလး ၁၂ေယာက္ နဲ႔ သူတို ့ရဲ႕ နည္းျပကို ကမာၻ ့ဖလားၿပိဳင္ပြဲရဲ႕ ဗိုလ္လုပြဲမွာ လာေရာက္ၾကည့္ရႈဖို ့ ထိုင္း FA ကို ဖိတ္ၾကားစာ ေရးသားေပးပို ့ခဲ့ေၾကာင္းသိရပါတယ္။
မယ္ဆိုင္လိႈင္ဂူထဲကို ဝင္သြားၾကတဲ့ ထိုင္း ကေလး၁၂ ဦး နဲ႔ သူတို ့ရဲ႕ နည္းျပ ဟာ မိုးသည္းစြာ ရြာသြန္းၿပီး ဂူထဲ ေရမ်ားဝင္လာခဲ့တဲ့အတြက္ ျပန္မထြက္ႏိုင္ၾကပဲ ၁၀ရက္ေက်ာ္ၾကာပိတ္မိေနတာပဲျဖစ္ပါတယ္။
ထိုင္းဘုရင့္ေရတပ္ကယ္ဆယ္ေရးသမား မ်ား နဲ႔ ႏိုင္ငံတကာမွ အကူအညီေပးၾကတဲ့ ကယ္ဆယ္ေရးသမားမ်ား က လိႈင္ဂူ ထဲ မွာ ရွိေနတဲ့ ကေလးငယ္ေတြကို ဝင္ေရာက္ရွာေဖြခဲ့ၾကပါတယ္။
ကေလးငယ္ ၁၂ ေယာက္နဲ႔ သူတို ့ရဲ႕ နည္းျပကို အသက္ရွင္လွ်က္လိႈင္ဂူထဲ မွာ ျပန္လည္ရွာေဖြေတြ ့ရွိခဲ့ၾကေသာ္လည္း လိႈင္ဂူထဲေရာက္ရွိေနတဲ့ ေရမွာ အေတာ္ေလးျမင့္တက္ေနတာေၾကာင့္ ေရငုပ္သြားႏိုင္မွသာ အဆင္ေျပမွာျဖစ္ပါတယ္။
ဒါပင္မယ့္ လည္း ကေလးငယ္ေတြဟာ ေရလံုးဝမကူးတတ္သူ မ်ားျဖစ္ၿပီး ေရငုပ္ကူးၿပီး ျပန္ထြက္ဖို ့သူတို ့အားလံုးကို သင္ၾကားေပးရဦးမွာပဲျဖစ္ပါတယ္။
ဒါပင္မယ့္ လည္း ေရေအာက္ငုပ္ၿပီး လိႈင္ဂူအျပင္ထြက္ဖို ့ဆိုတာ အလြန္ အႏၲရာယ္မ်ားလြန္းၿပီး လိႈင္ဂူအတြင္းမွာ ေခ်ာက္ကပ္ပါးေတြ ထပ္ရွိေနေသးတဲ့အတြက္ ေတာ္ေတာ္အႏၲရာယ္မ်ားေနတာ ျဖစ္ပါတယ္။
ဒါ့အျပင္ ထိုင္းဘုရင့္ေရတပ္ တပ္သားေဟာင္းတစ္ဦး ျဖစ္သူ ဆာမန္ဂူနန္ဟာ သူတို ့အတြက္ ေရငုပ္ကယ္ဆယ္ရင္း ယေန ့ေသာၾကာေန ့မနက္မွာတင္ ေသဆံုးသြားခဲ့တာကို သိရပါတယ္။
FIFA ဥကၠ႒ ျဖစ္တဲ့ အင္ဖာတီႏိုက ေတာ့ ထိုင္းလူငယ္ကေလးေတြ အတြက္ လိႈင္ဂူထဲ ကအျမန္ဆံုး ထြက္လာႏိုင္ေစဖို ့အားတက္ေစမယ့္ စာတစ္ေစာင္ကို ထိုင္း FA ဥကၠ႒ ဆြန္မ္ယူပြန္ပန္ေျမာင္ ဆီေပးပို ့လိုက္ပါတယ္။
"ဂၽြန္ ၂၃ ရက္ေန ့ထဲက ထိုင္းႏိုင္ငံ ေျမာက္ပိုင္း မယ္ဆိုင္ ဂူထဲမွာ ပိတ္မိေနတဲ့ ကေလးငယ္ ၁၂ ေယာက္နဲ႔ နည္းျပတစ္ဦး တို ့ရဲ႕ သတင္းကို ကၽြန္ေတာ္တို ့ၾကားသိရေတာ့ ေတာ္ေတာ္ေလး စိုးရိမ္ခဲ့ၾကရပါတယ္။ အခုအခ်ိန္မွာ သူတို႔ကို ကယ္ဆယ္ေရး အဖြဲ႕မ်ားက ရွာေဖြေတြ ့ရွိခဲ့ၿပီျဖစ္လို ့ကၽြန္ေတာ္တို ့စိတ္သက္သာရာရခဲ့ၾကပါၿပီ။"
" တစ္ကမာၻ လံုးဆိုင္ရာ ေဘာလံုးအဖြဲ႕ခ်ဳပ္မ်ားကိုယ္စား ကၽြန္ေတာ္ေလးေလးနက္နက္ေျပာျပခ်င္တာကေတာ့ အဆိုပါ ေဘာလံုးသမားကေလးငယ္ ၁၂ ဦး နဲ႔ နည္းျပ၁ဦး တို ့ရဲ႕ မိသားစု၊ ေဆြမ်ိဳးေတြနဲ႔ အတူထပ္တူထပ္မွ် ဝမ္းနည္းခံစားခဲ့ရပါတယ္။ကၽြန္ေတာ္တို ့ရဲ႕ ဆုေတာင္းသံမ်ားက သူတို ့အားလံုးနဲ႔အတူ အၿမဲရွိေနမွာျဖစ္ၿပီး ဒါေတြဟာ သူတို ့ကို ပိုမို သန္မာ ၾကံခိုင္လာေအာင္ ရယ္ ယံုၾကည္မႈေတြတိုးပြားလာေအာင္ လုပ္ေဆာင္ေပးပါလိမ့္မယ္။"
"လာမယ့္ရက္ပိုင္းအတြင္း သူတို ့၁၃ ဦးစလံုးဟာ မိသားစုေတြနဲ႔ အတူ ျပန္လည္ပူးေပါင္းဆံုစည္းႏိုင္မွာျဖစ္တယ္လို ့ကၽြန္ေတာ္တို ့အားလံုးေမွ်ာ္လင့္ပါတယ္။ အကယ္လို ့သူတို ့ရဲ႕ က်န္းမာေရးဟာ ခရီးသြားဖို ့အဆင္ေျပမယ္ဆိုပါက ၂၀၁၈ ကမာၻ ့ဖလားၿပိဳင္ပြဲရဲ႕ ဗိုလ္လုပြဲ ကို ကၽြန္ေတာ္တို ့ရဲ ့ဧည့္သည္အေနနဲ႔ လာေရာက္ၾကည့္ရႈဖို႔ကၽြန္ေတာ္တို ့လိႈက္လိႈက္လွဲလွဲ ဖိတ္ၾကားအပ္ပါတယ္။သူတို ့အားလံုး ကမာၻ ့ဖလားဖိုင္နယ္မွာ လာေရာက္ၾကည့္ရႈၿပီး ေပ်ာ္ရႊင္စြာအားေပးႏိုင္မယ္လို ့ ကၽြန္ေတာ္တို ့တကယ္ကို ေမွ်ာ္လင့္ေနပါတယ္။"
ေလးစားမႈမ်ားစြာျဖင့္
ဂ်ာနီအင္ဖာတီႏို
ထိုင္းႏိုင္ငံရဲ႕ မုတ္သုန္မိုးဟာ လာမယ့္ရက္ပိုင္းအတြင္း ပိုမို မ်ားလာဖြယ္ရွိေနၿပီး ထိုင္ကယ္ဆယ္ေရး အဖြဲ႕မ်ားကေတာ့ အျပင္းအထန္ ႀကိဳးစားေနၾကပါတယ္။
ကမာၻ ့ဖလားၿပိဳင္ပြဲရဲ႕ ဗိုလ္လုပြဲဟာ ဂ်ဴလိုင္လ ၁၅ ရက္ေန ့မွာ ယွဥ္ၿပိဳင္ကစားမွာပဲျဖစ္ပါတယ္။
(Unicode)
ကမ္ဘာ ့ဖလားဗိုလ်လုပွဲကို ကြည့်ရှုဖို ့ထိုင်းကလေး၁၃ယောက်ကိုဖိတ်ကြားခဲ့တဲ့ FIFA ဥက္ကဋ္ဌ
FIFA ဥက္ကဋ္ဌ ဖြစ်တဲ့ ဂျာနီ အင်ဖာတီနိုက ဂူအတွင်းမှာ ပိတ်မိနေခဲ့ပြီး ရှာတွေ ့ခဲ့တဲ့ ထိုင်းကလေး ၁၂ယောက် နဲ့ သူတို ့ရဲ့ နည်းပြကို ကမ္ဘာ ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ လာရောက်ကြည့်ရှုဖို ့ ထိုင်း FA ကို ဖိတ်ကြားစာ ရေးသားပေးပို ့ခဲ့ကြောင်းသိရပါတယ်။
မယ်ဆိုင်လှိုင်ဂူထဲကို ဝင်သွားကြတဲ့ ထိုင်း ကလေး၁၂ ဦး နဲ့ သူတို ့ရဲ့ နည်းပြ ဟာ မိုးသည်းစွာ ရွာသွန်းပြီး ဂူထဲ ရေများဝင်လာခဲ့တဲ့အတွက် ပြန်မထွက်နိုင်ကြပဲ ၁ဝရက်ကျော်ကြာပိတ်မိနေတာပဲဖြစ်ပါတယ်။
ထိုင်းဘုရင့်ရေတပ်ကယ်ဆယ်ရေးသမား များ နဲ့ နိုင်ငံတကာမှ အကူအညီပေးကြတဲ့ ကယ်ဆယ်ရေးသမားများ က လှိုင်ဂူ ထဲ မှာ ရှိနေတဲ့ ကလေးငယ်တွေကို ဝင်ရောက်ရှာဖွေခဲ့ကြပါတယ်။
ကလေးငယ် ၁၂ ယောက်နဲ့ သူတို ့ရဲ့ နည်းပြကို အသက်ရှင်လျှက်လှိုင်ဂူထဲ မှာ ပြန်လည်ရှာဖွေတွေ ့ရှိခဲ့ကြသော်လည်း လှိုင်ဂူထဲရောက်ရှိနေတဲ့ ရေမှာ အတော်လေးမြင့်တက်နေတာကြောင့် ရေငုပ်သွားနိုင်မှသာ အဆင်ပြေမှာဖြစ်ပါတယ်။
ဒါပင်မယ့် လည်း ကလေးငယ်တွေဟာ ရေလုံးဝမကူးတတ်သူ များဖြစ်ပြီး ရေငုပ်ကူးပြီး ပြန်ထွက်ဖို ့သူတို ့အားလုံးကို သင်ကြားပေးရဦးမှာပဲဖြစ်ပါတယ်။
ဒါပင်မယ့် လည်း ရေအောက်ငုပ်ပြီး လှိုင်ဂူအပြင်ထွက်ဖို ့ဆိုတာ အလွန် အန္တရာယ်များလွန်းပြီး လှိုင်ဂူအတွင်းမှာ ချောက်ကပ်ပါးတွေ ထပ်ရှိနေသေးတဲ့အတွက် တော်တော်အန္တရာယ်များနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ထိုင်းဘုရင့်ရေတပ် တပ်သားဟောင်းတစ်ဦး ဖြစ်သူ ဆာမန်ဂူနန်ဟာ သူတို ့အတွက် ရေငုပ်ကယ်ဆယ်ရင်း ယနေ ့သောကြာနေ ့မနက်မှာတင် သေဆုံးသွားခဲ့တာကို သိရပါတယ်။
FIFA ဥက္ကဋ္ဌ ဖြစ်တဲ့ အင်ဖာတီနိုက တော့ ထိုင်းလူငယ်ကလေးတွေ အတွက် လှိုင်ဂူထဲ ကအမြန်ဆုံး ထွက်လာနိုင်စေဖို ့အားတက်စေမယ့် စာတစ်စောင်ကို ထိုင်း FA ဥက္ကဋ္ဌ ဆွန်မ်ယူပွန်ပန်မြောင် ဆီပေးပို ့လိုက်ပါတယ်။
"ဂျွန် ၂၃ ရက်နေ ့ထဲက ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဆိုင် ဂူထဲမှာ ပိတ်မိနေတဲ့ ကလေးငယ် ၁၂ ယောက်နဲ့ နည်းပြတစ်ဦး တို ့ရဲ့ သတင်းကို ကျွန်တော်တို ့ကြားသိရတော့ တော်တော်လေး စိုးရိမ်ခဲ့ကြရပါတယ်။ အခုအချိန်မှာ သူတို့ကို ကယ်ဆယ်ရေး အဖွဲ့များက ရှာဖွေတွေ ့ရှိခဲ့ပြီဖြစ်လို ့ကျွန်တော်တို ့စိတ်သက်သာရာရခဲ့ကြပါပြီ။"
" တစ်ကမ္ဘာ လုံးဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်များကိုယ်စား ကျွန်တော်လေးလေးနက်နက်ပြောပြချင်တာကတော့ အဆိုပါ ဘောလုံးသမားကလေးငယ် ၁၂ ဦး နဲ့ နည်းပြ၁ဦး တို ့ရဲ့ မိသားစု၊ ဆွေမျိုးတွေနဲ့ အတူထပ်တူထပ်မျှ ဝမ်းနည်းခံစားခဲ့ရပါတယ်။ကျွန်တော်တို ့ရဲ့ ဆုတောင်းသံများက သူတို ့အားလုံးနဲ့အတူ အမြဲရှိနေမှာဖြစ်ပြီး ဒါတွေဟာ သူတို ့ကို ပိုမို သန်မာ ကြံခိုင်လာအောင် ရယ် ယုံကြည်မှုတွေတိုးပွားလာအောင် လုပ်ဆောင်ပေးပါလိမ့်မယ်။"
"လာမယ့်ရက်ပိုင်းအတွင်း သူတို ့၁၃ ဦးစလုံးဟာ မိသားစုတွေနဲ့ အတူ ပြန်လည်ပူးပေါင်းဆုံစည်းနိုင်မှာဖြစ်တယ်လို ့ကျွန်တော်တို ့အားလုံးမျှော်လင့်ပါတယ်။ အကယ်လို ့သူတို ့ရဲ့ ကျန်းမာရေးဟာ ခရီးသွားဖို ့အဆင်ပြေမယ်ဆိုပါက ၂၀၁၈ ကမ္ဘာ ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ ကို ကျွန်တော်တို ့ရဲ ့ဧည့်သည်အနေနဲ့ လာရောက်ကြည့်ရှုဖို့ကျွန်တော်တို ့လှိုက်လှိုက်လှဲလှဲ ဖိတ်ကြားအပ်ပါတယ်။သူတို ့အားလုံး ကမ္ဘာ ့ဖလားဖိုင်နယ်မှာ လာရောက်ကြည့်ရှုပြီး ပျော်ရွှင်စွာအားပေးနိုင်မယ်လို ့ ကျွန်တော်တို ့တကယ်ကို မျှော်လင့်နေပါတယ်။"
လေးစားမှုများစွာဖြင့်
ဂျာနီအင်ဖာတီနို
ထိုင်းနိုင်ငံရဲ့ မုတ်သုန်မိုးဟာ လာမယ့်ရက်ပိုင်းအတွင်း ပိုမို များလာဖွယ်ရှိနေပြီး ထိုင်ကယ်ဆယ်ရေး အဖွဲ့များကတော့ အပြင်းအထန် ကြိုးစားနေကြပါတယ်။
ကမ္ဘာ ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲဟာ ဂျူလိုင်လ ၁၅ ရက်နေ ့မှာ ယှဉ်ပြိုင်ကစားမှာပဲဖြစ်ပါတယ်။
Post a Comment