Header Ads
PSG အသင်းဆီ တရားဝင်ပြောင်းရွှေ့ သွားခဲ့ပြီ ဖြစ်တဲ့ ဘူဖွန်
အသက် ၄၀ နှစ်အရွယ် ဂျူဗင်တပ်စ်ဂိုးသမားကြီး ဘူဖွန်ဟာ အခုအချိန်မှာ PSG အသင်းဆီ တရားဝင်ပြောင်းရွှေ့ သွားပြီလို့ သိရပါတယ်။
ဘူဖွန် ဟာ ဂျူဗင်တပ်စ်အသင်းမှာ ၁၇ နှစ်ကြာ ကစားခဲ့တာဖြစ်ပါတယ်။
သူ့ ရဲ့ စီနီယာ ကစားသမား ဘဝကို ၁၉၉၅ မှာ ပနားမား အသင်းနဲ့ စတင်ခဲ့တာဖြစ်ပြီး အီတလီ ရဲ့ အသက်အငယ်ဆုံး စီနီယာ ဂိုးသမားဖြစ်ခဲ့ပါတယ်။
၁၉၉၉ မှာ ပနားမားအသင်းကို ကိုပါဖလား၊ UEFA ဖလား နဲ့ စူပါ အီတလီယာ ကိုပါ ဖလားတို့ ကို ရရှိအောင်ကူညီပေးခဲ့ပါတယ်။
၂၀၀၁ ခုနှစ်မှာ တော့ ဂျူဗင်တပ်စ် အသင်း ယူရို ၅၁ သန်းဖြင့် ပြောင်းရွှေ့ ခဲ့ပြီး ကမ္ဘာ့ ပြောင်းရွှေ့ ကြေး ဈေးအကြီးဆုံး ဂိုးသမားအဖြစ်မှတ်တမ်းဝင်နေဆဲဖြစ်ပါတယ်။
သူရောက်ရောက်ချင်းမှာ ဂျူဗင်တပ်စ် အသင်းကို ၂နှစ်ဆက် စီးရီအေ ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ကမ္ဘာ့ အကောင်းဆုံး ကစားသမား စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။
၂၀၁၁ နဲ့ ၂၀၁၈ ခုနှစ်ကြား ဂျူဗင်တပ်စ် အသင်းကို ၇နှစ်ဆက် စီးရီအေ ချန်ပီယံဖြစ်အောင် ဂိုးသမားဘူဖွန် စွမ်းဆောင်ပေးခဲ့ပြန်ပါတယ်။
အီတလီ အသင်းခေါင်းဆောင် အဖြစ် ၁၇၆ ပွဲအထိ တာဝန်ယူခဲ့တဲ့ ဘူဖွန်ဟာ အီတလီ ဘောလုံးလောကမှာ အသင်းခေါင်းဆောင်အဖြစ်အများဆုံး တာဝန်ယူခဲ့သူ ဖြစ်ပြီး ဥရောပ ကစားသမားတွေထဲမှာ လည်း နိုင်ငံအသင်းအတွက် အသင်းခေါင်းဆောင်လက်ပတ် ကို အများဆုံးတာဝန်ယူခဲ့ရတဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။
ဘူဖွန်ဟာ ၂၀၀၆ ခုနှစ် ဂျာမနီ ကမ္ဘာ့ ဖလားမှာ ဗိုလ်ဆွဲ ခဲ့တဲ့ အီတလီအသင်းမှာ အဓိက ဂိုးသမားဖြစ်ခဲ့ပါတယ်။
၂၀၁၈ ရုရှား ကမ္ဘာ့ ဖလားပြိုင်ပွဲအတွက် အီတလီ အသင်းဟာ ခြေစစ်ပွဲ မအောင်မြင်ခဲ့တဲ့အတွက်ဘူဖွန်ဟာ ၂၀၁၇ ခုနှစ်မှာ နိုင်ငံတကာလက်ရွေးစင်ကစားသမား ဘဝကနေ အနားယူခဲ့ပြီ ဖြစ်ပါတယ်။
ဘူဖွန်ဟာ PSG အသင်းနဲ့ တစ်နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး နောက်ထပ်တစ်နှစ်သက်တမ်းတိုးနိုင်တဲ့ အချက်ကို စာချုပ်မှာ ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။
(Unicode)
PSG အသင်းဆီ တရားဝင်ပြောင်းရွေ ့သွားခဲ့ပြီ ဖြစ်တဲ့ ဘူဖွန်
အသက် ၄၀ နစ်အရွယ် ဂျူဗင်တပ်စ်ဂိုးသမားကြီး ဘူဖွန်ဟာ အခုအချိန်မာ PSG အသင်းဆီ တရားဝင်ပြောင်းရွေ ့သွားပြီလို ့သိရပါတယ်။
ဘူဖွန် ဟာ ဂျူဗင်တပ်စ်အသင်းမာ ၁၇ နစ်ကြာ ကစားခဲ့တာဖြစ်ပါတယ်။
သူ ့ရဲ့ စီနီယာ ကစားသမား ဘဝကို ၁၉၉၅ မာ ပနားမား အသင်းနဲ့ စတင်ခဲ့တာဖြစ်ပြီး အီတလီ ရဲ့ အသက်အငယ်ဆုံး စီနီယာ ဂိုးသမားဖြစ်ခဲ့ပါတယ်။
၁၉၉၉ မာ ပနားမားအသင်းကို ကိုပါဖလား၊ UEFA ဖလား နဲ့ စူပါ အီတလီယာ ကိုပါ ဖလားတို ့ကို ရရိအောင်ကူညီပေးခဲ့ပါတယ်။
၂၀၀၁ ခုနစ်မာ တော့ ဂျူဗင်တပ်စ် အသင်း ယူရို ၅၁ သန်းဖြင့် ပြောင်းရွေ ့ခဲ့ပြီး ကမ္ဘာ ့ပြောင်းရွေ ့ကြေး စျေးအကြီးဆုံး ဂိုးသမားအဖြစ်မတ်တမ်းဝင်နေဆဲဖြစ်ပါတယ်။
သူရောက်ရောက်ချင်းမာ ဂျူဗင်တပ်စ် အသင်းကို ၂နစ်ဆက် စီးရီအေ ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ကမ္ဘာ ့အကောင်းဆုံး ကစားသမား စာရင်းမာ ပါဝင်လာခဲ့ပါတယ်။
၂၀၁၁ နဲ့ ၂၀၁၈ ခုနစ်ကြား ဂျူဗင်တပ်စ် အသင်းကို ရနစ်ဆက် စီးရီအေ ချန်ပီယံဖြစ်အောင် ဂိုးသမားဘူဖွန် စွမ်းဆောင်ပေးခဲ့ပြန်ပါတယ်။
အီတလီ အသင်းခေါင်းဆောင် အဖြစ် ၁၇၆ ပွဲအထိ တာဝန်ယူခဲ့တဲ့ ဘူဖွန်ဟာ အီတလီ ဘောလုံးလောကမာ အသင်းခေါင်းဆောင်အဖြစ်အများဆုံး တာဝန်ယူခဲ့သူ ဖြစ်ပြီး ဥရောပ ကစားသမားတွေထဲမာ လည်း နိုင်ငံအသင်းအတွက် အသင်းခေါင်းဆောင်လက်ပတ် ကို အများဆုံးတာဝန်ယူခဲ့ရတဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။
အီတလီ အသင်းခေါင်ဆောင်အနေနဲ့ ပွဲထွက်ခွင့်အများဆုံးရယူထားတဲ့ ဘူဖွန်ဟာ ကမ္ဘာ ့ဖလားပြိုင်ပွဲမာ ၅ ကြိမ်ဆက်ပါဝင်ကစားနိုင်ခဲ့ပါတယ်။( ၁၉၉၈,၂၀၀၂,၂၀၀၆,၂၀၁၀,၂၀၁၄) 
ဘူဖွန်ဟာ ၂၀၀၆ ခုနစ် ဂျာမနီ ကမ္ဘာ ့ဖလားမာ ဗိုလ်ဆွဲ ခဲ့တဲ့ အီတလီအသင်းမာ အဓိက ဂိုးသမားဖြစ်ခဲ့ပါတယ်။
၂၀၁၈ ရုရား ကမ္ဘာ ့ဖလားပြိုင်ပွဲအတွက် အီတလီ အသင်းဟာ ခြေစစ်ပွဲ မအောင်မြင်ခဲ့တဲ့အတွက်ဘူဖွန်ဟာ ၂၀၁၇ ခုနစ်မာ နိုင်ငံတကာလက်ရွေးစင်ကစားသမား ဘဝကနေ အနားယူခဲ့ပြီ ဖြစ်ပါတယ်။
ဘူဖွန်ဟာ PSG အသင်းနဲ့ တစ်နစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး နောက်ထပ်တစ်နစ်သက်တမ်းတိုးနိုင်တဲ့ အချက်ကို စာချုပ်မာ ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။
No comments
Powered by Blogger.