#MailOnline
ခင်ဗျားကိုပြောသားပဲ ##ကော်စတာ -FridayFlavors
၁၆ သင်း အဆင့်ရှုံးထွက်ပြိုင်ပွဲမှာ စပိန်အသင်းဟာ ရုရှား အသင်းကို ပယ်နယ်တီအဆုံးအဖြတ်ခံယူရင်း ရှုံနိမ့်ခဲ့ပါတယ်။
ပယ်နယ်တီ အဆုံးအဖြတ်ခံယူရာမှာ ရုရှား အသင်း က ၃ လုံးကန်သွင်းရာမှာ ၃လုံးစလုံး ဝင်အောင် ကန်နိုင်ခဲ့သော်လည်း စပိန်အသင်းက တော့ ၄လုံးဂကန်သွင်းရာမှာ ကိုကီ၊ အက်စပတ်စ် တို ့၂ယောက် ကတော့ ဂိုးဝင်အောင်မကန်နိုင်ခဲ့ပါဘူး။
စပိန် အသင်းအတွက် ပယ်နယ်တီ ကန်ဖို ့ရွေးချယ်ရာမှာ အက်တလက်တီကို ကွင်းလယ်လူ ကိုကီ ကို ကန်ဖို ့နည်းပြ ရယ်လ်ဟိုးက ရွေးချယ်ထားသော်လည်း တိုက်စစ်မှူး ဒီယေဂိုကော်စတာက အသင်းဖော် ကိုကီ ကို ပယ်နယ်တီ မကန်ခိုင်းဖို ့နည်းပြ ရယ်လ်ဟိုး အားအကြံပေးလိုက်ပါတယ်။
အသင်းခေါင်းဆောင်ရာမို့စ်နဲ့ ရယ်လ်ဟိုး တို ့ပယ်နယ်တီ ကန်ဖို ့လူရွေးချယ်မှုအတွက် ဆွေးနွေးနေရင်း ရယ်လ် ဟိုးက ရာမို ့စ်ကို ကိုကီအကြောင်းမေးလိုက်ပါတယ်။
" သူ ကန်ဖိ ု ့အဆင်ပြေပါ့မလား" လို ့ရာမို ့စ်ကို မေးခဲ့ပြီးစပိန်အသင်းဘက် တတိယ မြောက်ကန်သွင်းသူ အဖြစ်သတ်မှတ်လိုက်ပါတယ်။
ကိုကီ ကတော့ ရယ်လ်ဟိုးကို
" ဟုတ်ကဲ့ ကျွန်တော်အဆင်ပြေပါတယ်။" လို ့ပြန်လည်ဖြေကြားခဲ့ပါတယ်။
ပယ်နယ်တီ အဆုံးအဖြတ်ခံယူရာမှာတော့ ကိုကီရဲ့ ကန်ချက်ကို ရုရှား ဂိုးသမားက ပုတ်ထုတ်နိုင်ခဲ့ပြီး သူ ့အသင်းဖော်အကြောင်းကို ကောင်းကောင်းသိနေတဲ့ ကော်စတာက
" ခင်ဗျား ကို ကျွန်တော်ပြောသားပဲ" လို ့ ကိုကီ လွဲချော်ပြီးချိန်မှာ ရယ်လ်ဟိုးကို လှမ်းပြောခဲ့ပါတယ်။
#MailOnline
Post a Comment