မကၠဆီကိုအသင္းဟာ ေဟာင္ဖြာေဟာင္ဖြာနဲ ့ စကားအရမ္းမ်ားလြန္းခဲ့ပါတယ္။##ေနမာ-FridayFlavors
ဘရာဇီး-မကၠဆီကိုပြဲမွာ တစ္ဂိုးသြင္းယူခဲ့တဲ့ ေနမာက မကၠဆီကိုအသင္းဟာ စကားအရမ္းမ်ားတဲ့အသင္းျဖစ္ျပီး အခုေတာ့ အိမ္ျပန္သြားရျပီလို႔ ေလွာင္ေျပာင္ခဲ့ပါတယ္။
ေနမာဟာ အဆုိပါပြဲမွာ သြင္းဂိုးတစ္ဂိုးသြင္းယူႏိုင္ခဲ့ျပီး ဒုတိယေျမာက္ဂိုးဟာလည္း ေနမာရဲ့ ကန္ခ်က္ကို ဂုိးသမားကာကြယ္ရာကေန ဖာမီႏုိဆီ ေရာက္သြားျပီး ဂိုးဝင္သြားခဲ့တာ ျဖစ္ပါတယ္။
ေနမာက “မကၠဆီကိုအသင္းဟာ ေဟာင္ဖြာေဟာင္ဖြာနဲ ့ စကားအရမ္းမ်ားလြန္းခဲ့ပါတယ္။ အခုေတာ့ သူတို႔အိမ္ျပန္ရပါျပီ” လို႔ ပြဲျပီးခ်ိန္မွာ ေလွာင္ေျပာင္ခဲ့ပါတယ္။
ဆက္လက္ျပီး ေနမာက “ကြ်န္ေတာ္တို႔ အသင္းသားေတြအားလံုးကို ဂုဏ္ျပဳခ်င္ပါတယ္။ အခ်ိဳ႕ကစားပြဲေတြက ခက္ခဲၾကမ္းတမ္းတတ္ပါတယ္။ မကၠဆီကိုက အသင္းေကာင္း တစ္သင္းပါ။ ဒါေပမယ့္ ကြ်န္ေတာ္တို႔ရဲ့ အဆင့္အတန္းကို ျပသႏုိင္ခဲ့ပါတယ္။”
“ဘရာဇီးဟာ ေနာက္တန္းအရမ္းေကာင္းတာေၾကာင့္ ကြ်န္ေတာ္တို႔ ေရွ႕တန္းက ဂိုးသြင္းဖို႔ အာရံုုစိုုက္ခဲ့တာပါ။”လို႔ ဆိုခဲ့ပါတယ္။
မကၠဆီကို ကစားသမား လာယြန္နဲ႔ ထိခိုက္မိတဲ့ အျဖစ္အပ်က္နဲ႔ပတ္သက္ျပီး ေနမာက
“အဲ့ဒါက မတရားပါဘူး။ အဲ့ဒီအခ်ိန္မွာ ပြဲက ကစားေနတာလည္း မဟုတ္ပါဘူး။ ကြ်န္ေတာ္တို႔လည္း ကြင္းျပင္ေရာက္ေနတာပါ။”လို႔ ဆိုခဲ့ပါတယ္။
ေနမာဟာ လက္ရွိကမာၻ႔ဖလားမွာ ၂ဂိုးသြင္းယူျပီးျပီလည္း ျဖစ္ပါတယ္။ ေနမာရဲ့ ဘရာဇီးဟာ ဘယ္ဂ်ီယံအသင္းနဲ႔ ကြာတားဖိုင္နယ္မွာ ေတြ႔ဆုံေနတာလည္း ျဖစ္ပါတယ္။
#Mailonline
ဘရာဇီး-မက္ကဆီကိုပွဲမှာ တစ်ဂိုးသွင်းယူခဲ့တဲ့ နေမာက မက္ကဆီကိုအသင်းဟာ စကားအရမ်းများတဲ့အသင်းဖြစ်ပြီး အခုတော့ အိမ်ပြန်သွားရပြီလို့ လှောင်ပြောင်ခဲ့ပါတယ်။
နေမာဟာ အဆိုပါပွဲမှာ သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒုတိယမြောက်ဂိုးဟာလည်း နေမာရဲ့ ကန်ချက်ကို ဂိုးသမားကာကွယ်ရာကနေ ဖာမီနိုဆီ ရောက်သွားပြီး ဂိုးဝင်သွားခဲ့တာ ဖြစ်ပါတယ်။
နေမာက “မက္ကဆီကိုအသင်းဟာ ဟောင်ဖွာဟောင်ဖွာနဲ ့ စကားအရမ်းများလွန်းခဲ့ပါတယ်။ အခုတော့ သူတို့အိမ်ပြန်ရပါပြီ” လို့ ပွဲပြီးချိန်မှာ လှောင်ပြောင်ခဲ့ပါတယ်။
ဆက်လက်ပြီး နေမာက “ကျွန်တော်တို့ အသင်းသားတွေအားလုံးကို ဂုဏ်ပြုချင်ပါတယ်။ အချို့ကစားပွဲတွေက ခက်ခဲကြမ်းတမ်းတတ်ပါတယ်။ မက္ကဆီကိုက အသင်းကောင်း တစ်သင်းပါ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အဆင့်အတန်းကို ပြသနိုင်ခဲ့ပါတယ်။”
“ဘရာဇီးဟာ နောက်တန်းအရမ်းကောင်းတာကြောင့် ကျွန်တော်တို့ ရှေ့တန်းက ဂိုးသွင်းဖို့ အာရုုံစိုုက်ခဲ့တာပါ။”လို့ ဆိုခဲ့ပါတယ်။
မက္ကဆီကို ကစားသမား လာယွန်နဲ့ ထိခိုက်မိတဲ့ အဖြစ်အပျက်နဲ့ပတ်သက်ပြီး နေမာက “အဲ့ဒါက မတရားပါဘူး။ အဲ့ဒီအချိန်မှာ ပွဲက ကစားနေတာလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့လည်း ကွင်းပြင်ရောက်နေတာပါ။”လို့ ဆိုခဲ့ပါတယ်။
နေမာဟာ လက်ရှိကမ္ဘာ့ဖလားမှာ ၂ဂိုးသွင်းယူပြီးပြီလည်း ဖြစ်ပါတယ်။ နေမာရဲ့ ဘရာဇီးဟာ ဘယ်ဂျီယံအသင်းနဲ့ ကွာတားဖိုင်နယ်မှာ တွေ့ဆုံနေတာလည်း ဖြစ်ပါတယ်။
#Mailonline
Post a Comment