ဆမ္ပါအိုလီဟာႏိုက္ကလပ္ကလံုျခံဳေရးေကာင္သာသာအဆင့္ပဲရွိပါတယ္။
ယူႏိုက္တက္ကစားသမားေဟာင္း အဲရစ္ကန္တိုနာက အာဂ်င္တီးနား နည္းျပဆမ္ပါအိုလီ ရဲ႕ အသင္းလူစာရင္းအေပၚ ဆံုးျဖတ္ႏိုင္စြမ္းမရွိတဲ့အတြက္ ျပင္းျပင္းထန္ထန္ေဝဖန္လိုက္ပါတယ္။
အာဂ်င္တီးနား နည္းျပဆမ္ပါအိုလီဟာ ႏိုက္ဂ်ီးယား နဲ႔ ပြဲမွာ အဂူ႐ို ကို လူစားလဲဖို ့ အသင္းေခါင္းေဆာင္မက္ဆီ ကို ငါဘာလုပ္ရမွာလဲ ေမးခဲ့တဲ့ အတြက္ ကန္တိုနာ ကအခုလို ေဝဖန္လိုက္တာပဲျဖစ္ပါတယ္။
ဒါ့အျပင္ ျပင္သစ္ ကို ရံႈးခဲ့ တဲ့ ၁၆ သင္းအဆင့္မွာလည္း မွန္ကန္တဲ့ လူစားလဲထိုးမႈကို နည္းျပ ဆမ္ပါအိုလီ မလုပ္ႏိုင္ခဲ့ပါဘူး
" သူဟာ ႏိုက္ကလပ္က လံုျခံဳေရး အေစာင့္သာသာပါပဲ။ ႏိုက္ကလပ္မွာ ရမ္းကားတတ္တဲ့သူေတြ ကို ႏိုက္ကလပ္ အျပင္ဆြဲထုတ္ေပးရတဲ့ သူတစ္ေယာက္လိုပါ။ သူ ဟာ အာဂ်င္တီးနား အသင္းက ဘယ္ကစားသမား ကို ပြဲထြက္ကစားရမွာလဲ ဘယ္ကစားသမား ကို အရံခံုမွာ ထားရမလဲ သူမဆံုးျဖတ္ႏိုင္ပါဘူး။" လို ့ေဝဖန္လိုက္ပါတယ္။
နည္းျပဆမ္ပါအိုလီဟာ သူ ့ရဲ႕ ဆံပင္မရွိတဲ့ ဦးေခါင္းေျပာင္နဲ႔ လက္ေမာင္းတစ္ေလွ်ာက္မွာရွိတဲ့ တက္တူးေတြေၾကာင့္ ႏိုက္ကလပ္ လံုျခံဳေရးအေစာင့္နဲ႔ ပိုလို ့ေတာင္တူေနပါေသးတယ္။
ကန္တိုနာက
" မက္ဆီလည္း အခ်ိန္တိုင္း အေကာင္းဆံုး ျဖစ္မေနႏိုင္ပါဘူး။ ဒါပင္မယ့္ ေသခ်ာတာကေတာ့ သူဟာ နည္းျပတစ္ေယာက္ပါပဲ။"
" ဆမ္ပါအိုလီ အဂူ႐ိုကို ထည့္ရမွာလား မက္ဆီကို ေမးခဲ့တာကိုပဲ ၾကည့္ရင္ ဘယ္သူဟာ တကယ့္ေဘာ့စ္ ျဖစ္သလဲ သံသယ ျဖစ္စရာမရွိပါဘူး။"
" ဆမ္ပါအိုလီဟာ ႏိုက္ကလပ္ လံုျခံဳေရးအေစာင့္သာသာပါ။ သူဟာဘယ္သူကို ့ထည့္ရမလဲ။ ဘယ္သူ ့ကိုထုတ္ရမလဲ သူမဆံုးျဖတ္ႏိုင္ပါဘူး။" လို ့ေဝဖန္ခဲ့ပါတယ္။
အာဂ်င္တီးနား နည္းျပဆမ္ပါအိုလီ ကေတာ့ ျပင္သစ္အသင္းနဲ႔ ပြဲမတိုင္ခင္ အထက္ပါကိစၥေတြကို ျပန္လည္ရွင္းျပခဲ့တာကေတာ့
" အေရးႀကီးတဲ့ ပြဲေတြမွာ ကြဲျပားတဲ့ အေတြးေတြ ျမင္ႏိုင္ဖို ့ ႀကိဳးစားရပါတယ္။ ဘာလို ့လဲဆိုေတာ့ မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္တစ္ခု ခ်ရေတာ့မွာကိုး"
"ကၽြန္ေတာ္႐ိုး႐ိုးရွင္းရွင္းပဲ ေျပာခဲ့တာပါ။ ငါတို ့အသင္း နည္းဗ်ဴဟာ ေျပာင္းကစားေတာ့မယ္။ တိုက္စစ္ကစားသမားေတြ ပိုသံုးမယ္လို ့ေဆြးေႏြးတာပါ။"
"ကၽြန္ေတာ့္မွာ ရွိတဲ့ ကစားသမားေတြကို လူလဲတာပဲေလ။ဒီေလာက္ပါပဲ။"
လို ့ေျပာၾကားသြားခဲ့ပါတယ္။
အခုအခ်ိန္မွာေတာ့ အာဂ်င္တီးနားဟာ ျပင္သစ္အသင္းကို ၄-၃ ရလဒ္ျဖင့္ရံႈးနိမ့္ခဲ့ၿပီး ကမာၻ ့ဖလားၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီ ျဖစ္ပါတယ္။
#Mailonline
#FridayFlavors
ဆမ်ပါအိုလီဟာနိုက်ကလပ်ကလုံခြုံရေးကောင်သာသာအဆင့်ပဲရှိပါတယ်။
ယူနိုက်တက်ကစားသမားဟောင်း အဲရစ်ကန်တိုနာက အာဂျင်တီးနား နည်းပြဆမ်ပါအိုလီ ရဲ့ အသင်းလူစာရင်းအပေါ် ဆုံးဖြတ်နိုင်စွမ်းမရှိတဲ့အတွက် ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။
အာဂျင်တီးနား နည်းပြဆမ်ပါအိုလီဟာ နိုက်ဂျီးယား နဲ့ ပွဲမှာ အဂူရို ကို လူစားလဲဖို ့ အသင်းခေါင်းဆောင်မက်ဆီ ကို ငါဘာလုပ်ရမှာလဲ မေးခဲ့တဲ့ အတွက် ကန်တိုနာ ကအခုလို ဝေဖန်လိုက်တာပဲဖြစ်ပါတယ်။
ဒါ့အပြင် ပြင်သစ် ကို ရှုံးခဲ့ တဲ့ ၁၆ သင်းအဆင့်မှာလည်း မှန်ကန်တဲ့ လူစားလဲထိုးမှုကို နည်းပြ ဆမ်ပါအိုလီ မလုပ်နိုင်ခဲ့ပါဘူး
" သူဟာ နိုက်ကလပ်က လုံခြုံရေး အစောင့်သာသာပါပဲ။ နိုက်ကလပ်မှာ ရမ်းကားတတ်တဲ့သူတွေ ကို နိုက်ကလပ် အပြင်ဆွဲထုတ်ပေးရတဲ့ သူတစ်ယောက်လိုပါ။ သူ ဟာ အာဂျင်တီးနား အသင်းက ဘယ်ကစားသမား ကို ပွဲထွက်ကစားရမှာလဲ ဘယ်ကစားသမား ကို အရံခုံမှာ ထားရမလဲ သူမဆုံးဖြတ်နိုင်ပါဘူး။" လို ့ဝေဖန်လိုက်ပါတယ်။
နည်းပြဆမ်ပါအိုလီဟာ သူ ့ရဲ့ ဆံပင်မရှိတဲ့ ဦးခေါင်းပြောင်နဲ့ လက်မောင်းတစ်လျှောက်မှာရှိတဲ့ တက်တူးတွေကြောင့် နိုက်ကလပ် လုံခြုံရေးအစောင့်နဲ့ ပိုလို ့တောင်တူနေပါသေးတယ်။
ကန်တိုနာက
" မက်ဆီလည်း အချိန်တိုင်း အကောင်းဆုံး ဖြစ်မနေနိုင်ပါဘူး။ ဒါပင်မယ့် သေချာတာကတော့ သူဟာ နည်းပြတစ်ယောက်ပါပဲ။"
" ဆမ်ပါအိုလီ အဂူရိုကို ထည့်ရမှာလား မက်ဆီကို မေးခဲ့တာကိုပဲ ကြည့်ရင် ဘယ်သူဟာ တကယ့်ဘော့စ် ဖြစ်သလဲ သံသယ ဖြစ်စရာမရှိပါဘူး။"
" ဆမ်ပါအိုလီဟာ နိုက်ကလပ် လုံခြုံရေးအစောင့်သာသာပါ။ သူဟာဘယ်သူကို ့ထည့်ရမလဲ။ ဘယ်သူ ့ကိုထုတ်ရမလဲ သူမဆုံးဖြတ်နိုင်ပါဘူး။" လို ့ဝေဖန်ခဲ့ပါတယ်။
အာဂျင်တီးနား နည်းပြဆမ်ပါအိုလီ ကတော့ ပြင်သစ်အသင်းနဲ့ ပွဲမတိုင်ခင် အထက်ပါကိစ္စတွေကို ပြန်လည်ရှင်းပြခဲ့တာကတော့
" အရေးကြီးတဲ့ ပွဲတွေမှာ ကွဲပြားတဲ့ အတွေးတွေ မြင်နိုင်ဖို ့ ကြိုးစားရပါတယ်။ ဘာလို ့လဲဆိုတော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခု ချရတော့မှာကိုး"
"ကျွန်တော်ရိုးရိုးရှင်းရှင်းပဲ ပြောခဲ့တာပါ။ ငါတို ့အသင်း နည်းဗျူဟာ ပြောင်းကစားတော့မယ်။ တိုက်စစ်ကစားသမားတွေ ပိုသုံးမယ်လို ့ဆွေးနွေးတာပါ။"
"ကျွန်တော့်မှာ ရှိတဲ့ ကစားသမားတွေကို လူလဲတာပဲလေ။ဒီလောက်ပါပဲ။"
လို ့ပြောကြားသွားခဲ့ပါတယ်။
အခုအချိန်မှာတော့ အာဂျင်တီးနားဟာ ပြင်သစ်အသင်းကို ၄-၃ ရလဒ်ဖြင့်ရှုံးနိမ့်ခဲ့ပြီး ကမ္ဘာ ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။
#Mailonline
#FridayFlavors
Post a Comment