ဂိုးသြင္းၿပီး ေအာင္ပြဲမခံခဲ့တဲ့ အေပၚရွင္းျပခဲ့တဲ့ ျပင္သစ္ကစားသမားဂရစ္ဇမန္း
ကြာတားဖိုင္နယ္ပြဲစဥ္အျဖစ္ ဥေရာေဂြးအသင္းကို ၂-၀ ျဖင့္ အႏိုင္ရခဲ့တဲ့ ပြဲမွာ လွပတဲ့ အေဝးကန္ခ်က္သြင္းဂိုး ရယူခဲ့တဲ့ ျပင္သစ္ကစားသမား ဂရစ္ဇမန္းက သူ ဘာလို ့ေအာင္ပြဲမခံရတဲ့ အေၾကာင္းရွင္းျပသြားခဲ့ပါတယ္။
" ကၽြန္ေတာ္ သူတို ့အေပၚေလးစားမႈအျပည့္ရွိပါတယ္။" လို ့ပြဲအၿပီးမွာ ေျပာၾကားခဲ့ပါတယ္။
ဂရစ္ဇမန္း ရဲ႕ အက္တလက္တီကို အသင္းေဖာ္ေတြ ျဖစ္ၾကတဲ့ ဂိုဒင္ နဲ႔ ဂ်ာမီနက္ဇ္ တို႔ဟာ ဥ႐ုေဂြး ေနာက္တန္းမွာ ကစားေနတဲ့ သူေတြျဖစ္ပါတယ္။
" ကၽြန္ေတာ့္ ေရွ ့မွာ အသင္းေဖာ္သူငယ္ခ်င္းေတြရွိေနတာေလ။ ကၽြန္ေတာ္ေအာင္ပြဲမခံလိုပါဘူးဗ်ာ။"
ျပင္သစ္အသင္း ဟာ ဒုတိယ ဂိုးမရရွိမီ ဥ႐ုေဂြး အသင္းကို တိုက္စစ္ထိုးေဖာက္ဖို ့အေတာ္ေလး႐ုန္းကန္ခဲ့ရပါတယ္။
" သူတို ့အသင္းဟာ ေတာ္ေတာ္ေလးကစားရခက္ပါတယ္။ တီကို လိုပဲဗ်။ လူတိုင္းက ခံစစ္မွာႀကီးပဲဗ်ာ။"
"အေကာင္းျမင္စိတ္နဲ႔ ၾကည့္မယ္ဆို ကၽြန္ေတာ္ဟာ ဥ႐ုေဂြး ယဥ္ေက်းမႈ နဲ႔ ဥ႐ုေဂြး လူမ်ိဳးတစ္ေယာက္အရ အရမ္းကို ၾကင္နာသနားမႈရွိပါတယ္။"
အသင္းေဖာ္မက္ပီနဲ႔ အတူ သြင္းဂိုး ၃ ဂိုးအထိ သြင္းယူထားတဲ့ ဂရစ္ဇမန္းကဆက္လက္ၿပီး ေျပာၾကားခဲ့ပါတယ္။
" ကၽြန္ေတာ္တို ့အသင္းမွာ ခံစစ္ကို လိုက္ပါကစားဖို ့ ကစားသမားေတြ အမ်ားႀကီးရွိေနပါတယ္။"
"ကၽြန္ေတာ္တို ့မွာ ပံုေသကစားဟန္ဆိုတာမရွိပါဘူး။ တစ္ပြဲ ၿပီး တစ္ပြဲ ပံုစံေျပာင္းခ်ဥ္းကပ္ေလ့ရွိတာပါ။"
" ပြဲႀကီးေတြကို ဘယ္လိုထိန္းခ်ဳပ္ရမလဲဆိုတာ ေကာင္းေကာင္းသိတဲ့ ကစားသမားေတြ ကၽြန္ေတာ့္အသင္းဟာ ပိုင္ဆိုင္ထားၿပီး ကၽြန္ေတာ္တို ့ဘာကို အလိုရွိသလဲဆိုတာ ေကာင္းေကာင္းသိၾကပါတယ္။" လို ့ဆိုသြားပါတယ္။
(Unicode)
ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဥရောဂွေးအသင်းကို ၂-၀ ဖြင့် အနိုင်ရခဲ့တဲ့ ပွဲမှာ လှပတဲ့ အဝေးကန်ချက်သွင်းဂိုး ရယူခဲ့တဲ့ ပြင်သစ်ကစားသမား ဂရစ်ဇမန်းက သူ ဘာလို ့အောင်ပွဲမခံရတဲ့ အကြောင်းရှင်းပြသွားခဲ့ပါတယ်။
" ကျွန်တော် သူတို ့အပေါ်လေးစားမှုအပြည့်ရှိပါတယ်။" လို ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
ဂရစ်ဇမန်း ရဲ့ အက်တလက်တီကို အသင်းဖော်တွေ ဖြစ်ကြတဲ့ ဂိုဒင် နဲ့ ဂျာမီနက်ဇ် တို့ဟာ ဥရုဂွေး နောက်တန်းမှာ ကစားနေတဲ့ သူတွေဖြစ်ပါတယ်။
" ကျွန်တော့် ရှေ ့မှာ အသင်းဖော်သူငယ်ချင်းတွေရှိနေတာလေ။ ကျွန်တော်အောင်ပွဲမခံလိုပါဘူးဗျာ။"
ပြင်သစ်အသင်း ဟာ ဒုတိယ ဂိုးမရရှိမီ ဥရုဂွေး အသင်းကို တိုက်စစ်ထိုးဖောက်ဖို ့အတော်လေးရုန်းကန်ခဲ့ရပါတယ်။
" သူတို ့အသင်းဟာ တော်တော်လေးကစားရခက်ပါတယ်။ တီကို လိုပဲဗျ။ လူတိုင်းက ခံစစ်မှာကြီးပဲဗျာ။"
"အကောင်းမြင်စိတ်နဲ့ ကြည့်မယ်ဆို ကျွန်တော်ဟာ ဥရုဂွေး ယဉ်ကျေးမှု နဲ့ ဥရုဂွေး လူမျိုးတစ်ယောက်အရ အရမ်းကို ကြင်နာသနားမှုရှိပါတယ်။"
အသင်းဖော်မက်ပီနဲ့ အတူ သွင်းဂိုး ၃ ဂိုးအထိ သွင်းယူထားတဲ့ ဂရစ်ဇမန်းကဆက်လက်ပြီး ပြောကြားခဲ့ပါတယ်။
" ကျွန်တော်တို ့အသင်းမှာ ခံစစ်ကို လိုက်ပါကစားဖို ့ ကစားသမားတွေ အများကြီးရှိနေပါတယ်။"
"ကျွန်တော်တို ့မှာ ပုံသေကစားဟန်ဆိုတာမရှိပါဘူး။ တစ်ပွဲ ပြီး တစ်ပွဲ ပုံစံပြောင်းချဉ်းကပ်လေ့ရှိတာပါ။"
" ပွဲကြီးတွေကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ ကောင်းကောင်းသိတဲ့ ကစားသမားတွေ ကျွန်တော့်အသင်းဟာ ပိုင်ဆိုင်ထားပြီး ကျွန်တော်တို ့ဘာကို အလိုရှိသလဲဆိုတာ ကောင်းကောင်းသိကြပါတယ်။" လို ့ဆိုသွားပါတယ်။
Post a Comment