ပယ္နယ္တီအတြက္ ဦးစားေပးေရြးခ်ယ္ထားတဲ့ အဂၤလန္ကစားသမား၅ေယာက္စာရင္းထြက္ေပၚလာ
အဂၤလန္အသင္းဟာ ကိုလံဘီယာအသင္းနဲ႔ ကစားမယ္႔ (၁၆) သင္းအဆင္႔ ရွဳံးထြက္ပြဲစဥ္မွာ သာမန္ ပြဲခ်ိန္အတြင္း အေျဖမေပၚခဲ႔ပါက ပင္နယ္တီ အဆုံးအျဖတ္အတြက္ ဂိုးသြင္းယူမယ္႔ ဦးစားေပးကစားသမား (၅)ေယာက္ကို ေရြးခ်ယ္ထားျပီးျပီလို႔သိရပါတယ္။
အဆိုပါ ကစားသမား (၅) ေယာက္ကေတာ႔ ဟယ္ရီကိန္း၊ ကီရန္ ထရစ္ပီယာ၊ ဂ်က္ဆီလင္ဂတ္၊ ေဂ်ာ္ဒန္ဟန္ဒါဆန္နဲ႔ အက္ရွ္ေလယန္းတို႔ ျဖစ္ၾကပါတယ္။
၂၀၁၂ ခုႏွစ္ ယူရိုျပိဳင္ပြဲမွာ အီတလီဘက္ကို ပင္နယ္တီလြဲေခ်ာ္ခဲ႔ဖူးတဲ႔ အက္ရွ္ေလယန္းက”ကြ်န္ေတာ္႔နာမည္ ထိပ္ဆုံးက ပါဝင္ပါတယ္” လို႔ေျပာၾကားခဲ႔႔ပါတယ္။
အဆိုပါပြဲစဥ္မွာ ပထမပြဲထြက္ခြင္႔လူစာရင္းမွာ မပါဝင္လာႏိုင္တဲ႔ ေဂ်မီဗာဒီက “ပင္နယ္တီဆိုတာ ပင္နယ္တီပါပဲ၊ ေရွ႕တစ္လွမ္းတိုးျပီး ဂိုးသြင္းယူဖို႔ ၾကိဳးစားတာပါပဲ” လို႔ မွတ္ခ်က္ေပးခဲ႔ပါတယ္။
အဂၤလန္အသင္းဟာ ပင္နယ္တီအဆုံးအျဖတ္ပြဲစဥ္ေတြမွာ မွတ္တမ္းဆိုး တစ္ခုကို ပိုင္ဆိုင္ထားပါတယ္။ သူတို႔ဟာပင္နယ္တီအဆုံးအျဖတ္ယူရတဲ႔ ရွဳံးထြက္ပြဲစဥ္ (၇) ပြဲမွာ (၆) ပြဲအထိ အေရးနိမ္႔ထားပါတယ္။
နည္းျပ ေဆာက္ဂိတ္ကေတာ႔ အတိတ္က မွတ္တမ္းဆိုးေတြကို ေမ႔လိုက္ျပီး သမိုင္းသစ္ ေရးထုိးဖို႔ တိုက္တြန္းထားပါတယ္။
“လက္ရွိ ကစားသမားေတြဟာ သူတို႔ရဲ႕ သမိုင္းကိုသူတို႔ ကိုယ္တိုင္ေရးဖို႔ အခြင္႔အေရးေတြရွိေနပါတယ္၊ ျပီးခဲ႔တဲ႔ ႏွစ္ပိုင္းေတြမွာလည္း ဒီလိုေန ရာကို ခဏခဏေရာက္ခဲ႔ျပီးသားပါ၊ပြဲျပီးရင္ဘာေတြျဖစ္မလဲဆိုတာေတြးေတာဖို႔ မျဖစ္ႏိုင္ေသးပါဘူး၊ ကြ်န္ေတာ္တို႔အေနနဲ႔ လာမယ္႔ပြဲနဲ႔ လက္ရွိစြမ္းေဆာင္ရည္အေပၚမွာပဲအာရုံစိုက္ထားပါတယ္” လို႔ ေျပာၾကားသြားခဲ႔ပါတယ္။
ဒါ့အျပင္ နည္းျပေဆာက္ဂိတ္ဟာ သူ႕ရဲ႕ ကစားသမားေတြကို ႏိုင္ငံေတာ္သီခ်င္းကို အလြတ္ရေအာင္ သီဆိုဖို႔လည္း မွာၾကားထားတယ္လို႔ သိရ ပါတယ္။ အက္ရွ္ေလယန္းကလည္း “ကြ်န္ေတာ္ အဂၤလန္အသင္းမွာ ျပန္အေရြးခံရတဲ႔ အခ်ိန္မွာ ႏိုင္ငံေတာ္သီခ်င္းကို ကစားသမား တိုင္း သိထားျပီး ႏွလုံးသားထဲကေနပါ သီဆိုႏိုင္ဖို႔ အေရးၾကီးတယ္ဆိုတာ သိထားပါတယ္၊ ကြင္းထဲကကစားသမားတင္ မကပါဘူး၊ အရံခုံ တန္းမွာ ရွိေနတဲ႔ ကစားသမားေတြနဲ႔ အတူ ကြ်န္ေတာ္တို႔ လက္ေမာင္းခ်င္းခ်ိတ္ထားျပီး အတူတကြ သီဆိုၾကပါတယ္” လို႔ ေျပာၾကား သြားခဲ႔ပါတယ္။
#MailOnline
အင်္ဂလန်အသင်းဟာ ကိုလံဘီယာအသင်းနဲ့ ကစားမယ့် (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ သာမန် ပွဲချိန်အတွင်း အဖြေမပေါ်ခဲ့ပါက ပင်နယ်တီ အဆုံးအဖြတ်အတွက် ဂိုးသွင်းယူမယ့် ဦးစားပေးကစားသမား (၅)ယောက်ကို ရွေးချယ်ထားပြီးပြီလို့သိရပါတယ်။
အဆိုပါ ကစားသမား (၅) ယောက်ကတော့ ဟယ်ရီကိန်း၊ ကီရန် ထရစ်ပီယာ၊ ဂျက်ဆီလင်ဂတ်၊ ဂျော်ဒန်ဟန်ဒါဆန်နဲ့ အက်ရှ်လေယန်းတို့ ဖြစ်ပါတယ်။

အဆိုပါပွဲစဉ်မှာ ပထမပွဲထွက်ခွင့်လူစာရင်းမှာ မပါဝင်လာနိုင်တဲ့ ဂျေမီဗာဒီက “ပင်နယ်တီဆိုတာ ပင်နယ်တီပါပဲ၊ ရှေ့တစ်လှမ်းတိုးပြီး ဂိုးသွင်းယူဖို့ ကြိုးစားတာပါပဲ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ပင်နယ်တီအဆုံးအဖြတ်ပွဲစဉ်တွေမှာ မှတ်တမ်းဆိုး တစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ သူတို့ဟာပင်နယ်တီအဆုံးအဖြတ်ယူရတဲ့ ရှုံးထွက်ပွဲစဉ် (၇) ပွဲမှာ (၆) ပွဲအထိ အရေးနိမ့်ထားပါတယ်။
နည်းပြ ဆောက်ဂိတ်ကတော့ အတိတ်က မှတ်တမ်းဆိုးတွေကို မေ့လိုက်ပြီး သမိုင်းသစ် ရေးထိုးဖို့ တိုက်တွန်းထားပါတယ်။
“လက်ရှိ ကစားသမားတွေဟာ သူတို့ရဲ့ သမိုင်းကိုသူတို့ ကိုယ်တိုင်ရေးဖို့ အခွင့်အရေးတွေရှိနေပါတယ်၊ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာလည်း ဒီလိုနေ ရာကို ခဏခဏရောက်ခဲ့ပြီးသားပါ၊ပွဲပြီးရင်ဘာတွေဖြစ်မလဲဆိုတာတွေးတောဖို့ မဖြစ်နိုင်သေးပါဘူး၊ ကျွန်တော်တို့အနေနဲ့ လာမယ့်ပွဲနဲ့ လက်ရှိစွမ်းဆောင်ရည်အပေါ်မှာပဲအာရုံစိုက်ထားပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
ဒါ့အပြင် နည်းပြဆောက်ဂိတ်ဟာ သူ့ရဲ့ ကစားသမားတွေကို နိုင်ငံတော်သီချင်းကို အလွတ်ရအောင် သီဆိုဖို့လည်း မှာကြားထားတယ်လို့ သိရ ပါတယ်။ အက်ရှ်လေယန်းကလည်း “ကျွန်တော် အင်္ဂလန်အသင်းမှာ ပြန်အရွေးခံရတဲ့ အချိန်မှာ နိုင်ငံတော်သီချင်းကို ကစားသမား တိုင်း သိထားပြီး နှလုံးသားထဲကနေပါ သီဆိုနိုင်ဖို့ အရေးကြီးတယ်ဆိုတာ သိထားပါတယ်၊ ကွင်းထဲကကစားသမားတင် မကပါဘူး၊ အရံခုံ တန်းမှာ ရှိနေတဲ့ ကစားသမားတွေနဲ့ အတူ ကျွန်တော်တို့ လက်မောင်းချင်းချိတ်ထားပြီး အတူတကွ သီဆိုကြပါတယ်” လို့ ပြောကြား သွားခဲ့ပါတယ်။
#MailOnline
Post a Comment