#Mailonline
#FridayFlavors
အခုအချိန်ဟာကျွန်တော့်ရဲ့အနာဂတ်ကိုဆွေးနွေးရမယ့်အချိန်ကောင်းမဟုတ်ပါဘူး။
ပေါ်တူဂီအသင်းခေါင်းဆောင်စီရော်နယ်ဒိုက ၁၆သင်းအဆင့်မှာ ဥရုဂွေး အသင်း ကို ၂-၁ ဖြင့်ရှုံးနိမ့်ခဲ့ပြီးနောက် ကမ္ဘာ ့ဖလားပြိုင်ပွဲ ကို စောစောစီးစီး နှုတ်ဆက်ခဲ့ရပြီ ဖြစ်တဲ့ အတွက် နိုင်ငံလက်ရွေးစင်ကစားသမားဘဝက နေအနားယူတော့မှာ လားဆိုတဲ့ မေးခွန်းတွေအပေါ်ငြင်းဆန်သွားခဲ့ပါတယ်။
အသက် ၃၃နှစ်အရွယ်ရှိနေပြီ ဖြစ်တဲ့ ကမ္ဘာ ့အကောင်းဆုံး ဘောလုံးသမား ရော်နယ်ဒို ဟာ ၂၀၂၂ ကာတာ ကမ္ဘာ ့ဖလားပြိုင်ပွဲ မှာ ပေါ်တူဂီ အသင်းနဲ့ ထပ်မံ ပါဝင်မယ်ဆို ရင် အသက်အရွယ်အားဖြင့် ၃၇ နှစ်အရွယ်ရောက်နေမှာ အမှန်ပါပဲ။
ဒါပင်မယ့် လည်း သူ ့ရဲ ့ နိုင်ငံလက်ရွေးစင်ကစားသမား ဘဝနဲ့ ပတ်သတ်တဲ့ မေးမြန်းမှုတွေကို ငြင်းဆန်သွားခဲ့ပါတယ်။
"အခုအချိန်ဟာ နည်းပြတစ်ယောက်အတွက်ရော၊ ကစားသမားတွေ အတွက် ပါ သူတို ့ရဲ့ အနာဂတ်အကြောင်းကို ပြောပြဆွေးနွေးကြမယ့် အချိန်ကောင်းမဟုတ်ပါဘူး။"
ရော်နယ်ဒို ရဲ့ ပေါ်တူဂီ အသင်းဟာ ဥရုဂွေး အသင်းကို ခြေစွမ်းအသာ ၊ဂိုးကန်သွင်းခွင့် အသာနဲ့ ဖိအားပေးကစားနိုင်ခဲ့သော်လည်း ပေါ်တူဂီ နောက်ခံလူတွေ ဖြစ်ကြတဲ့ ပီပီ နဲ့ ဖွန်တီ တို ့ရဲ့ လူကပ်ကစားပုံ အားနည်းမှုကြောင့် ကာဗာနီ ရဲ ့သွင်းဂိုးတွေကို ခွင့်ပြုလိုက်ရတာပဲဖြစ်ပါတယ်။
" ကျွန်တော်သေချာ ပြောနိုင်တာကတော့ ကျွန်တော်တို ့အသင်းဟာ ကမ္ဘာ ပေါ်မှာ အကောင်းဆုံး အသင်းတစ်သင်းအဖြစ်ဆက်ရှိနေမှာပါ။ ကျွန်တော်တို ့ပေါ်တူဂီ အသင်းဟာ ရည်မှန်းချက်ကြီးမားပါတယ်။ နို်ုင်ပွဲဆက်လက်ရယူနိုင်ဖို ့ပေါ်တူဂီလူမျိုးတွေ အတွက် ဂုဏ်ယူစရာဖြစ်အောင် ဆက်လက်လုပ်ဆောင်သွားမှာပါ။"
ပေါ်တူဂီ အသင်းဟာ ၁၆ သင်းအဆင့်ကနေ စောစေစီးစီး ထွက်ခွာခဲ့ရသော်လည်း ရော်နယ်ဒိုက တော့ သူ ့အသင်းပေါ်တူဂီ ရဲ့ ခြေစွမ်းကို အားရကျေနပ်နေပ်တယ်။
" ကျွန်တော် တို ့ဥရုဂွေး အသင်းထက်ပို ကောင်းအောင်ကစားနိုင်ခဲ့ပါတယ်။ ဒါပင်မယ့် ဂိုးပိုသွင်းတဲ့ အသင်းကတော့ နိုင်မှာပဲလေ။ ကျွန်တော်တို ့လည်း အနိုင်ရဖို ့အတွက် အကောင်းဆုံးယှဉ်ပြိုင်ခဲ့တယ်။ ဥရုဂွေး အသင်းဟာ ဂုဏ်ပြုထိုက်ပါတယ်။"
"အားလုံးခြုံကြည့်မယ်ဆို ကျွန်တော်တို ့အားလုံး ခေါင်းမော့ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရတာပါ။ ပေါ်တူဂီ လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရခဲ့ လို ့ကျွန်တော်အရမ်းဂုဏ်ယူပါတယ်။ တကယ်အံ့မခန်းကောင်းတဲ့ အသင်းစုဖွဲ့ မှု ကို ပေါ်တူဂီ အသင်းက ပိုင်ဆိုင်ထားတာပါ။ ကျွန်တော်ရဲ့ အသင်းဖော်တွေ အတွက်ရော၊ နည်းပြတွေ အတွက်ပါ အရမ်းဂုဏ်ယူမိပါတယ်။" လို ့ပွဲအပြီး အင်တာဗျူးမှာ ပြောကြားသွားပါတယ်။
#Mailonline
#FridayFlavors
Post a Comment