2022 ကမာၻ ့ဖလားၿပိဳင္ပြဲအထိစာခ်ဳပ္သက္တမ္းတိုုးျခင္းခံရတဲ့အဂၤလန္နည္းျပေဆာက္ဂိတ္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဂါရတ္ေဆာက္ဂိတ္ဟာ အဂၤလန္အသင္းႏွင့္အတူ ၄ႏွစ္သက္တမ္း႐ွိတဲ့စာခ်ဳပ္အသစ္ထပ္မံခ်ဳပ္ဆိုလိုက္ပါတယ္။ဒါေၾကာင့္ ေဆာက္ဂိတ္အေနႏွင့္ ၂၀၂၂ကမာၻ ့ဖလားၿပိဳင္ပြဲ အထိအသင္းမွာ ဆက္လက္႐ွိေနမွာျဖစ္ပါတယ္။
အသက္၄၈ႏွစ္အရြယ္႐ွိၿပီျဖစ္တဲ့ေဆာက္ဂိတ္က လက္႐ွိအသင္းႏွင့္ ၂၀၂၀အထိသာစာခ်ဳပ္သက္တမ္းက်န္႐ွိပါေတာ့တယ္။သူက ႐ု႐ွားေျမမွာက်င္းပျပဳလုပ္ခဲ့တဲ့ ကမာၻ ့ဖလားၿပိဳင္ပြဲမွာ အဂၤလန္အသင္းကိုဆီးမီးဖိုင္နယ္အထိေရာက္႐ွိေအာင္စြမ္းေဆာင္ေပးခဲ့ပါတယ္။
သူရဲ႕စာခ်ဳပ္တိုးမည့္ကိစၥကိုအဂၤလန္ ေဘာလံုးအဖြဲ႔ခ်ဳပ္မွာဘုတ္အဖြဲ႔ကိုေခၚယူကာေဆြးေႏြးခဲ့ၿပီးသူက အသင္းရဲ့စာခ်ဳပ္တိုးျမင့္ခ်ဳပ္ဆိုမႈ ကိုလက္ခံခဲ့ၿပီး သူရဲ႕တစ္ႏွစ္လစာက ေပါင္၃သန္းအထိတိုးျမႇင့္ရ႐ွိမည္ျဖစ္ပါတယ္။
အဂၤလန္အသင္းဟာ လာမည္ ့ ေအာက္တိုဘာလ ၁၂ရက္ေန႔မွာ ခ႐ိုေအး႐ွားအသင္းႏွင့္ Nations Leagueၿပိဳင္ပြဲယွဥ္ၿပိဳင္ကစားရမည္ျဖစ္ပါတယ္။
သူဟာ အဂၤလန္အသင္းကို ကမာၻ ့ဖလားၿပိဳင္ပြဲမွာ အေကာင္းဆံုးထိန္းေက်ာင္းႏိုင္ခဲ့ၿပီး ၁၉၉၀ေနာက္ပိုင္းမွာ အေကာင္းဆံုးအေနအထားတစ္ခုရ႐ွိခဲ့ပါတယ္။သို႔ေသာ္လည္းပဲဆီမီးဖိုင္နယ္မွာခ႐ိုေအး႐ွားအသင္းကို႐ွံုးနိမ့္ခဲ့ပါတယ္။
ေဆာက္ဂိတ္ရဲ႕ယခုထပ္မံတိုးျမႇင့္လိုက္တဲ့စာခ်ဳပ္သက္တမ္းဟာ ၂၀၂၂ဒီဇင္ဘာလအထိ႐ွိမွာျဖစ္တာေၾကာင့္ အဂၤလန္အသင္းကို ကာတာမွာက်င္းပမည့္၂၀၂၂ကမာၻ ့ဖလားၿပိဳင္ပြဲကိုပါကိုင္တြယ္ေပးႏိုင္မည္ျဖစ္ပါတယ္။
ေဆာက္ဂိတ္ရဲ႕လက္႐ွိလစာဟာ တစ္ႏွစ္ကို ေပါင္၁.၈သန္းရ႐ွိေနၿပီးထပ္မံတိုးခ်ဳပ္ခဲ့တဲ့စာခ်ဳပ္ေၾကာင့္ တစ္ႏွစ္ကိုေပါင္၃သန္းဝန္းက်င္ခန္႔ရ႐ွိမည္ျဖစ္ပါတယ္။အဆိုပါလစာပမာဏကို အရင္နည္းျပေတြလည္းရ႐ွိဖူးခဲ့ပါတယ္။အီတလီလူမ်ိဳးနည္းျပကာပယ္လိုကေတာ့ စံခ်ိန္တင္လစာ ေပါင္၄သန္းအထိရ႐ွိခဲ့ဖူးထားပါတယ္။ကာပယ္လိုကအဂၤလန္အသင္းကိို၂၀၀၈ခုႏွစ္မွ ၂၀၁၂အထိနည္းျပအျဖစ္အသင္းကိုကိုင္တြယ္ဖူးခဲ့ပါတယ္။
(Unicode)
2022 ကမ္ဘာ့ဖလားပြိုင်ပွဲအထိစာချုပ်သက်တမ်းတိုးခြင်းခံရတဲ့အင်္ဂလန်နည်းပြဆောက်ဂိတ်
ဂါရတ်ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းနှင့်အတူ ၄နှစ်သက်တမ်းရှိတဲ့စာချုပ်အသစ်ထပ်မံချုပ်ဆိုလိုက်ပါတယ်။ဒါကြောင့် ဆောက်ဂိတ်အနေနှင့် ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲ အထိအသင်းမှာ ဆက်လက်ရှိနေမှာဖြစ်ပါတယ်။
အသက်၄၈နှစ်အရွယ်ရှိပြီဖြစ်တဲ့ဆောက်ဂိတ်က လက်ရှိအသင်းနှင့် ၂၀၂၀အထိသာစာချုပ်သက်တမ်းကျန်ရှိပါတော့တယ်။သူက ရုရှားမြေမှာကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းကိုဆီးမီးဖိုင်နယ်အထိရောက်ရှိအောင်စွမ်းဆောင်ပေးခဲ့ပါတယ်။
သူရဲ့စာချုပ်တိုးမည့်ကိစ္စကိုအင်္ဂလန် ဘောလုံးအဖွဲ့ချုပ်မှာဘုတ်အဖွဲ့ကိုခေါ်ယူကာဆွေးနွေးခဲ့ပြီးသူက အသင်းရဲ့စာချုပ်တိုးမြင့်ချုပ်ဆိုမှု ကိုလက်ခံခဲ့ပြီး သူရဲ့တစ်နှစ်လစာက ပေါင်၃သန်းအထိတိုးမြှင့်ရရှိမည်ဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ လာမည့် အောက်တိုဘာလ ၁၂ရက်နေ့မှာ ခရိုအေးရှားအသင်းနှင့် Nations Leagueပြိုင်ပွဲယှဉ်ပြိုင်ကစားရမည်ဖြစ်ပါတယ်။
သူဟာ အင်္ဂလန်အသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံးထိန်းကျောင်းနိုင်ခဲ့ပြီး ၁၉၉၀နောက်ပိုင်းမှာ အကောင်းဆုံးအနေအထားတစ်ခုရရှိခဲ့ပါတယ်။သို့သော်လည်းပဲဆီမီးဖိုင်နယ်မှာခရိုအေးရှားအသင်းကိုရှုံးနိမ့်ခဲ့ပါတယ်။
ဆောက်ဂိတ်ရဲ့ယခုထပ်မံတိုးမြှင့်လိုက်တဲ့စာချုပ်သက်တမ်းဟာ ၂၀၂၂ဒီဇင်ဘာလအထိရှိမှာဖြစ်တာကြောင့် အင်္ဂလန်အသင်းကို ကာတာမှာကျင်းပမည့်၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါကိုင်တွယ်ပေးနိုင်မည်ဖြစ်ပါတယ်။
ဆောက်ဂိတ်ရဲ့လက်ရှိလစာဟာ တစ်နှစ်ကို ပေါင်၁.၈သန်းရရှိနေပြီးထပ်မံတိုးချုပ်ခဲ့တဲ့စာချုပ်ကြောင့် တစ်နှစ်ကိုပေါင်၃သန်းဝန်းကျင်ခန့်ရရှိမည်ဖြစ်ပါတယ်။အဆိုပါလစာပမာဏကို အရင်နည်းပြတွေလည်းရရှိဖူးခဲ့ပါတယ်။အီတလီလူမျိုးနည်းပြကာပယ်လိုကတော့ စံချိန်တင်လစာ ပေါင်၄သန်းအထိရရှိခဲ့ဖူးထားပါတယ်။ကာပယ်လိုကအင်္ဂလန်အသင်းကို၂၀၀၈ခုနှစ်မှ ၂၀၁၂အထိနည်းပြအဖြစ်အသင်းကိုကိုင်တွယ်ဖူးခဲ့ပါတယ်။
Post a Comment