Header Ads


ဒေးဗစ်လုဇ်ရဲ့ ချဲလ်ဆီးအသင်းကအနာဂတ်ဘယ်လိုဆက်ဖြစ်လာမလဲ???



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။















(Unicode)




ချဲလ်ဆီး အသင်းနောက်ခံလူဒေးဗစ်လုဇ်ဟာအသင်းနှင့်စာချုပ်ကိစ္စပြောလည်ဆွေးနွေးရန်စတင်လိုက်ပါပြီ။


ဘရာဇီးလ်သား လုဇ် ဟာ ယခုနှစ်ရာသီအကုန်မှာအသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်တာကြောင့်ချဲလ်ဆီးအသင်းက သူကိုဆက်ရှိနေလိုတာကြောင့်စာချုပ်အသစ်ထပ်မံချုပ်ဆိုရန်စတင်ခြင်းဖြစ်ပါတယ်။

အသက် ၃၁အရွယ် လုဇ်ပြီးခဲ့တဲ့ရာသီတုန်းကအချိန်ကာလကြာရှည်စွာအရန်ခုံမှာကုန်ဆုံးခဲ့ပါတယ်။အကြောင်းအရင်းကတော့ သူရဲ့ဒဏ်ရာပြသာနာနှင့်အတူ နည်းပြဟောင်းကွန်တီက လုဇ်ကိုသဘောတွေ့ခြင်းမရှိတာကြောင့်လည်းဖြစ်ပါတယ်။

သို့သော်လည်းပဲ နည်းပြကွန်တီနေရာ နာပိုလီအသင်းနည်းပြ ဆာရီကိုအစားထိုးပြီးနောက် လုဇ်ဟာ အသင်းရဲ့အရေးပါတဲ့ကစားသမားတွေအဖြစ်ပြန်လည်အခြေကျလာခဲ့ပါတယ်။ဒါအပြင် အသင်းကလည်းသူကို ရာသီကုန်မှာအလွတ်ပြောင်းရွေ့ကြေးနှင့်ထွက်ခွာနိုင်တာကြောင့် သူမထွက်ခွာအောင်မ ဖြစ်မနေကြိုးစားပြီးစာချုပ်သက်တမ်းကိုတိုးမြင့်ချင်နေပါတယ်။

ဒီစာချုပ်ကိစ္စကို မကြာခင်ပြန်လည်စတင်မှာဖြစ်ပြီး လုဇ်ကိုတစ်ခြားအသင်းတွေ ကမ်းလှမ်းဆွေးနွေးမှုမလုပ်ခင်အရင် ဇန်နဝါရီ လမတိုင်ခင် သဘောတူညီမှုရရှိမည့်လို့မျှော်လင့်ထားပါတယ်။

လုဇ်ဟာချဲလ်ဆီးအသင်းကို ၂၀၁၁ခုနှစ်ကဘင်ဖီကာအသင်းကပြောင်းရွေ့လာခဲ့ပါတယ်။အဲဒီနောက်သူက PSGအသင်းမှာ ၃နှစ်ခွဲလောက်ကစားခဲ့ဖူးပါတယ်။

သူဟာချဲလ်ဆီးအသင်းကို ၂၀၁၆ ခုနှစ်က သြဂတ်စ်လက ပေါင်၃၂သန်းနှင့်ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။PSGအသင်းက သူခေါ်ယူစဉ်ကထက်ပေါင် ၁၂သန်းသက်သာခဲ့ပါတယ်။

No comments

Powered by Blogger.