Header Ads




Unicode သမားများအောက်ဆွဲဖတ်ပေးပါ။








အဆိုပါ ပရောဂျက်ရဲ့ ခန့်မှန်းကုန်ကျစရိတ်ဟာ ယူရို သန်း၄၀၀ နီးပါးရှိပြီး ရီးရဲလ်အသင်းအနေနဲ့ လတ်တလောက ကွင်းသစ် swanky ဆီပြောင်းရွှေ့ သွားကြတဲ့မြို့ ခံပြိုင်အက်တလက်တီကို အသင်းကြောင့် သူတို့ ရဲ့ ကွင်းသစ်ဒီဇိုင်းစီမံကိန်းကို အကောင်အထည်ဖော်လာတာပဲဖြစ်ပါတယ်။



(Unicode)

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ယူရိုသန်း၄၀၀ တန်ကွင်းသစ်စီမံကိန်း

ရီးရဲလ်မက်ဒရစ်ရဲ့ အိမ်ကွင်းဖြစ်တဲ့ ဆန်တီယာဂိုဘာနေဗျူးကွင်းကြီးဟာကမ္ဘာ့ဘောလုံးကစားကွင်းတွေထဲမှာ အခမ်းနားဆုံးကွင်းတွေထဲက တစ်ခုဖြစ်တဲ့အပြင် အခုအချိန်မှာတော့ ကမ္ဘာ့ဘောလုံးလောကအတွက် အံမခန်းကွင်းသစ်စီမံကိန်းတစ်ခုကိုချပြလိုက်ပါတယ်။

အဆိုပါစီမံကိန်းကို လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ထဲကလုပ်ဆောင်ဖို့စီစဉ်ခဲ့သော်လည်း အခုချိန်မှာတော့ စတင်လုပ်ဆောင်ဖို့အသင်းတာဝန်ရှိသူတွေတာဆူနေကြတာပဲဖြစ်ပါတယ်။

စပိနိသတင်းစာ Marca ရဲ့ ဖော်ပြချက်အရ Los Blancos အသင်းဟာ အဆိုပါ ပရောဂျက်မှာ စာချုပ်လက်မှတ်ထိုးသဘောတူဖို့အလွန်နီးစပ်နေပြီး အသင်းအဓိက ရှယ်ယာရှင်များရဲ့ သဘောတူထောက်ခံချက်ကိုသာလိုအပ်ပါတော့တယ်။

ဒါပင်မယ့်လည်း ရီးရဲလ်အသင်းဟာ နှစ်၇၀ သက်တမ်းရှိတဲ့ ကွင်းရဲ့ ပွဲကြည့်စင်တန်းတွေကို ထပ်မံတိုးချဲ့မှာမဟုတ်ပဲ ကွင်းဒီဇိုင်းအသစ်၊ ဘဝလူနေထိုင်မှု ပုံစံအသစ်ကို ဘောလုံးလောကဆီ မိတ်ဆက်ပေးဖို့ကြိုးစားမှာပဲဖြစ်ပါတယ်။

အလွယ်တကူ ဖွင့်ပိတ်လုပ်လို့ရတဲ့ အမိုးများ၊ ငွေမင်ရောင် သတ္တုနဲ့ ကွင်းပတ်ပတ်လည်ကို ကာရံမွမ်းခြယ်မယ့် ဒီဇိုင်းအသစ်ပါဝင်လာမယ့်ဘာနေဗျူကွင်းကြီးဟာ နေရောင်အောက်မှာ တစ်ဖိတ်ဖိတ် တောက်ပလှပနေမယ့်ငွေရောင်သေတ္တာကြီးတစ်ဖွယ်ခမ်းနားနေမှာအမှန်ပါပဲ။

နောက်ထပ် အလန်းဇယားပါဝင်လာဦးမယ့် အရာကတော့ ၃၆၀ဒီဂရီ ဗီဒီယို ဖန်သားပြင်ကြီးကို တပ်ဆင်ထားမှာပဲဖြစ်ပါတယ်။

ဒါ့အပြင် ဒီဇိုင်အသစ် ပြုပြင်နေတဲ့ အချိန်မှာတော့ ကားပါကင်ကို ကွင်းပြင်ဘက်မှာ ရွှေ့ပြောင်းပြီး ပွဲမတိုင် ပရိတ်သတ်များလည်ပတ်နိုင်အောင်ရှော့ပင်းမောလ်တွေတည်ဆောက်ပေးဦးမှာပါ။

အဆိုပါ ပရောဂျက်ရဲ့ ခန့်မှန်းကုန်ကျစရိတ်ဟာ ယူရို သန်း၄၀၀ နီးပါးရှိပြီး ရီးရဲလ်အသင်းအနေနဲ့ လတ်တလောက ကွင်းသစ် swanky ဆီပြောင်းေ
ရွှ့သွားကြတဲ့မြို့ခံပြိုင်အက်တလက်တီကို အသင်းကြောင့် သူတို့ရဲ့ ကွင်းသစ်ဒီဇိုင်းစီမံကိန်းကို အကောင်အထည်ဖော်လာတာပဲဖြစ်ပါတယ်။

ကွင်းဒီဇိုင်းကလန်းရဲ့ လားပရိတ်သတ်ကြီးရေ...

No comments

Powered by Blogger.