Header Ads


အၾကိတ္အနယ္ယွဥ္ၿပိဳင္ရမယ့္မက္ဒရစ္ဒါဘီပြဲကိုလြဲေခ်ာ္မည့္ မာဆယ္လို




Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

မာဆယ္လိုဟာလာမည့္မက္ဒရစ္ဒါဘီျဖစ္တဲ့ အက္သလက္တီကို္အသင္းႏွင့္အေဝးကြင္းပြဲစဥ္ကို ေျခသလံုးဒဏ္ရာေၾကာင့္လြဲေခ်ာ္မည္ျဖစ္ေၾကာင္းသိရပါတယ္။

ဒါအျပင္မာဆယ္လိုဟာ CSKAေမာ္စကို အသင္းႏွင့္ယွဥ္ၿပိဳင္ကစားမည့္ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္ကိုလည္းလြဲေခ်ာ္မည္ျဖစ္ေၾကာင္းသိရပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းေဆးအဖြဲ႔ရဲ႕စမ္းသပ္စစ္ေဆးၿပီးေနာက္အတည္ျပဳထုတ္ျပန္ရာ မာဆယ္လိုရဲ႕ညာဖက္ေျခသလံုးဒဏ္ရာဟာျပင္းထန္ၿပီး သူရဲ႕မူလအေနအထား အတိုင္းျပန္လာရ႐ွိဖို႔ဆိုတာကလည္းသူအေပၚမွာမူတည္ေနတယ္လို႔ေဆးအဖြဲ႔ကဆိုပါတယ္။



ဂ်ဴလန္လိုပက္တီဂူး က မက္ဒရစ္ဒါဘီပြဲစဥ္ကို အသင္းရဲ႕ကစားသမား အစၥကိုု လည္းလြဲေခ်ာ္မည္ျဖစ္ေၾကာင္းေျပာၾကားခဲ့ပါတယ္။သူတို႔ေနရာမွာ ကာဗာဂ်ယ္လ္ ႏွင့္ ေအာ္ရီယိုဇိုလာတို႔က ပါဝင္ကစားႏိုင္မွာျဖစ္ပါတယ္။


 သူတို႔၂ဦးက ဆီဗီလာအသင္းကို အႏိုင္ရ႐ွိခဲ့တဲ့ပြဲစဥ္မွာ အရံစာရင္းမွာေတာင္ပါဝင္ခဲ့ျခင္းမ႐ွိပါဘူး။ဒါအျပင္အသင္းရဲ႕လူငယ္ကစားသမားဂ်ာဗီ ဆန္းခ်က္ဇ္ကိုလည္းအသင္းႀကီးရဲ႕လူစာရင္းမွာထည့္သြင္းမည္ျဖစ္ေၾကာင္းသိရပါတယ္။


(Unicode)

အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့်မက်ဒရစ်ဒါဘီပွဲကိုလွဲချော်မည့် မာဆယ်လို

မာဆယ်လိုဟာလာမည့်မက်ဒရစ်ဒါဘီဖြစ်တဲ့ အက်သလက်တီကိုအသင်းနှင့်အဝေးကွင်းပွဲစဉ်ကို ခြေသလုံးဒဏ်ရာကြောင့်လွဲချော်မည်ဖြစ်ကြောင်းသိရပါတယ်။

ဒါအပြင်မာဆယ်လိုဟာ CSKAမော်စကို အသင်းနှင့်ယှဉ်ပြိုင်ကစားမည့်ချန်ပီယံလိဂ်အုပ်စုပွဲစဉ်ကိုလည်းလွဲချော်မည်ဖြစ်ကြောင်းသိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဆေးအဖွဲ့ရဲ့စမ်းသပ်စစ်ဆေးပြီးနောက်အတည်ပြုထုတ်ပြန်ရာ မာဆယ်လိုရဲ့ညာဖက်ခြေသလုံးဒဏ်ရာဟာပြင်းထန်ပြီး သူရဲ့မူလအနေအထား အတိုင်းပြန်လာရရှိဖို့ဆိုတာကလည်းသူအပေါ်မှာမူတည်နေတယ်လို့ဆေးအဖွဲ့ကဆိုပါတယ်။

ဂျူလန်လိုပက်တီဂူး က မက်ဒရစ်ဒါဘီပွဲစဉ်ကို အသင်းရဲ့ကစားသမား အစ္စကို လည်းလွဲချော်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။သူတို့နေရာမှာ ကာဗာဂျယ်လ် နှင့် အော်ရီယိုဇိုလာတို့က ပါဝင်ကစားနိုင်မှာဖြစ်ပါတယ်။

 သူတို့၂ဦးက ဆီဗီလာအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အရံစာရင်းမှာတောင်ပါဝင်ခဲ့ခြင်းမရှိပါဘူး။ဒါအပြင်အသင်းရဲ့လူငယ်ကစားသမားဂျာဗီ ဆန်းချက်ဇ်ကိုလည်းအသင်းကြီးရဲ့လူစာရင်းမှာထည့်သွင်းမည်ဖြစ်ကြောင်းသိရပါတယ်။

No comments

Powered by Blogger.