Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
သူတို့ကြုံဆုံခဲ့တဲ့အတိတ်အကြောင်းပြန်လည်ပြောပြခဲ့တဲ့အီဗရာ 
ယူနိုက်တက်အသင်းကစားသမားဟောင်းအီဗရာက အိုးထရက်ဖို့ဒ်ရဲ့ရယ်စရာတွေအကြောင်းပြန်လည်ပြောပြခဲ့ပြီး ပီကေးနှင့်ဖြစ်ပျက်ခဲ့တဲ့ရယ်စရာကိုပြောပြခဲ့ပါတယ်။
ဂျာရတ်ပီကေးနှင့်အီဗရာတို့နှစ်ဦးယူနိုက်တက်အသင်းမှာ
၂၀၀၆ခုနှစ်မှ၂၀၀၈အထိတူတူကစားခဲ့တဲ့အသင်းဖော်တွေဖြစ်ကြပြီးသူတို့တူတူရှိစဉ်က အိုးထရက်ဖို့ဒ်ရဲ့ အဝတ်လဲခန်းက ဖြစ်ပျက်ခဲ့တဲ့ဟာသတွေကိုပြန်ပြောပြောကြားခဲ့ပါတယ်။
ပီကေးကပြင်သစ်လက်ရွေးစင်နောက်ခံလူ အီဗရာကို သူရဲ့ဖိနပ်တစ်စုံနှင့်ပတ်သက်ကာနောက်ပြောင်ကာစနောက်ခဲ့တဲ့အကြောင်းပြန်လည်ပြောပြခဲ့ပါတယ်။
"တစ်ရက်ပက်ထရစ်က တစ်ချို့ဖိနပ်အချို့ကိုဝတ်နေခဲ့တယ်။သူနဲ့NIKEတို့ကြားစကားပြောဆိုပြီးသူအတွက်ဖိနပ်တွေကိုလအတန်အကြာအတွက်လုပ်ထားပေးတယ်။အဲဒါမှာသူကလေးနာမည်တွေနဲ့တစ်ချို့အချက်အလက်သေးသေးလေးတွေရေးထားတယ်။ကျွန်တော်ရေချိုးဖို့သွားပြီးတဲ့နောက် အဲဒီဖိနပ်တွေနဲ့မီးပုံပွဲသေးသေးလေးလုပ်ပြီး ဖျက်ဆီးလိုက်တယ်။"
အီဗရာက "ဒါနောက်စရာမဟုတ်ဘူး"
အီဗရာက ဒါဟာတစ်ယောက်ယောက်နောက်ပြောက်လိုက်တယ်ဆိုတာသိလိုက်ပြီးသူဆီမှာ ဟာသ အမြင်မရှိတော့ဘဲအရေးတယူလုပ်ခဲ့ပါတယ်။
သူကSky Sportကိုအခုလိုရှင်းပြခဲ့တယ် "သူတို့ကျွန်တော်ဖိနပ်တွေကိုဖျက်ဆီးလိုက်တယ်မဟုတ်လား၊ဒါကရယ်စရာမဟုတ်ဘူး။ဒါက ပီကေးလုပ်တာသိတော့ ကျွန်တော်ဘာပြန်လုပ်တယ်ထင်လဲ၊သူ့ဖိနပ်ကိုယူတယ်၊အိမ်သာကိုသွားတယ်၊အထဲကိုချီးပါပြီးထည့်ပေးလိုက်တယ်"
No comments
Powered by Blogger.