Header Ads







Unicode သမားများအောက်ဆွဲဖတ်ပေးပါ။












(Unicode)



ပရီးမီးယားလိပ်ကလပ်ချဲလ်ဆီးအသင်းကိုဘယ်လောက်တန်ဖိုးနဲ့ ဝယ်ယူလို့ရပြီလဲ??

ရုရှားရဲ့ ဘီလီယံနာသူဌေးကြီး ချဲလ်ဆီးအသင်းပိုင်ရှင်အေဗရာမိုဗစ်ဟာ သူ့ရဲ့ ချဲလ်ဆီးအသင်းကို ဝယ်ယူဖို့ကမ်းလှမ်းလာတဲ့ ကမ်းလှမ်းချက်အတော်များများကို ငြင်းပယ်ခဲ့သော်လည်း သူရောင်းချချင်တဲ့ အသင်းရဲ့တန်ဖိုးပမာဏကို သတ်မှတ်ထားတယ်လို့ မီဒီယာ များကဖော်ပြထားပါတယ်။

ရိုမန်အေဗရာမိုဗစ်ဟာ ချဲလ်ဆီးအသင်းကရောင်းချဖို့လအတန်ကြာ ဆွေးနွေးစဉ်းစားသုံးသပ်နေခဲ့တာဖြစ်ပြီး Bloomberg ရဲ့ အဆိုအရ ဒီပရီးမီးယယးလိပ်ကလပ်ရဲ့ ရောင်းဈေးတန်ဖိုးကို သိခွင့်ရခဲ့ပါတယ်။

US သတင်းအဖွဲ့အစည်းရဲ့ ဖော်ပြချက်အရ အေဗရာမိုဗစ်ဟာ သူ ပိုင်ဆိုင်တဲ့ချဲလ်ဆီး အသင်းကို ဘီလီယံ ပေါင် ၂.၃ ဖြင့် ကမ်းလှမ်းလာခဲ့ရာ ငြင်းပယ်ခဲ့ပြီး ပေါင် ၃ဘီလီယံ(ပေါင်သန်း၃၀၀၀)  ရမှသာ ရောင်းချဖို့စဉ်းစားထားကြောင်းသိရပါတယ်။

အေဗရာမိုဗစ်ငြင်းပယ်ခဲ့တဲ့ ပေါင် ၂.၃ ဘီလီယံ ဟာ အားကစားကလပ်အသင်းတစ်သင်းကို စံချိန်တင်ရောင်ချနိုင်မယ့် မက်မောစရာဈေးနှုန်းတစ်ခုဖြစ်ပါတယ်။ အေဗရာမိုဗစ်ဟာ Raine Group LLC ရဲ့ အကြံဉာဏ်ကိုရယူပြီး ဒီနှစ်မကုန်ခင်ရောင်းချဖို့ဆိုင်းပြင်းနေကြောင်းသိရပြီး  အဆိုပါရုရှားသားဟာ သူ့ရဲ့ ပိုင်ဆိုင်မှုတွေကြောင့် US ရဲ့ ဆန်ရှင်းပိတ်ဆို့မှုမှ ရှောင်လွဲနိုင်အောင် ပြန်လည်အစီအစဉ်ဆွဲနေပါတယ်။

အေဗရာမိုဗစ်ဟာ ၂၀၀၃ ခုနှစ်က ချဲလ်ဆီးအသင်းကို ပေါင် သန်း၁၄၀ နဲ့သာဝယ်ယူခဲ့သော်လည်း အခုအချိန်မှာတော့ ချဲလ်ဆီးအသင်းဟာ ဘောလုံးလောကမှာရော စီးပွားရေးအရပါအကျိုးရလဒ် များစွာမြှင့်မားတိုးတက်နေကြောင်းသိရပါတယ်။

No comments

Powered by Blogger.