Header Ads


မိုဗစ္ရဲ႕ သြင္းဂိုး၅၀ဝျပည့္ေျမာက္မႈ အတြက္ ဟာသမက္ေဆ့ေပးပို ့လိုက္တဲ့ေပါလ္ေပါ့ဘာ






Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

LA Glaxy တိုက္စစ္မွဴး အီဗရာမိုဗစ္ဟာ တိုရြန္တို အသင္းနဲ႔ ကစားခဲ့တဲ့ပြဲမွာ အံၾသသင့္စရာေနာက္ျပန္ကန္ခ်က္နဲ႔ သြင္းယူခဲ့ၿပီး သူ ့ကစားသမားဘဝ သြင္းဂိုး ၅၀၀ ျပည့္ေျမာက္ခဲ့ၿပီးေနာက္ အသင္းေဖာ္ေဟာင္းေပါလ္ေပါ့ဘာက သူ ့ကို ရယ္စရာဟာသမက္ေဆ့ခ်္ေပးပို ့ခဲ့ပါတယ္။

အဆိုပါပြဲမွာ LA Glaxy အသင္းဟာ တိုရြန္တို အသင္းကို - ျဖင့္ရံႈးနိမ့္ခဲ့ေသာ္လည္း ဆြီဒင္တိုက္စစ္မွဴးရဲ႕ အဆံုးသတ္သြင္းဂိုးက ပိုၿပီးခ်ီးက်ဴးစရာျဖစ္ေနခဲ့တာပါ။


အသက္၃၆ ႏွစ္အရြယ္တိုက္စစ္မွဴး အီဗရာမိုဗစ္ဟာ ကိုယ္ခံပညာတက္ကၽြမ္းသူတစ္ေယာက္ျဖစ္ၿပီး ဖရီးကစ္ကေန တစ္ဆင့္ သူ ့ရဲ႕ လွပတဲ့ ကရာေတးေနာက္ျပန္Volley ကန္ခ်က္ျဖင့္ အံၾသသင့္စရာသြင္းဂိုးကိုသြ
င္းယူေပးခဲ့ပါတယ္။

သူဟာ LA Glaxy အသင္းအတြက္ ၂၂ပြဲကစားထားၿပီး ၁၇ သြင္းယူထားကာ ကစားသမားဘဝသြင္းဂိုး ၅၀၀ ျပည့္ေျမာက္ခဲ့တာေၾကာင့္ မက္ဆီ၊႐ိုနယ္ဒို တို ့ေနာက္ ဂိုး၅၀၀ ျပည့္ေအာင္စြမ္းေဆာင္ႏိုင္တဲ့ သူျဖစ္လာခဲ့ပါတယ္။


အီဗရာမိုဗစ္တစ္ေယာက္ ယူႏိုက္တက္မွာကစားခဲ့စဥ္ အသင္းေဖာ္ေဟာင္းျဖစ္ခဲ့တဲ့ ေပါလ္ေပါ့ဘာက သူ ့ရဲ႕ အင္စတာဂရမ္ကေန အခုလိုေျပာၾကားခဲ့ပါတယ္။

" ခင္ဗ်ားကို ေဘာလံုးကန္ပါလို ့ပဲေျပာတာ။ခင္ဗ်ားက ဂ်က္ကီခ်န္း၊ဂ်က္လီ၊ဘ႐ူ႔စ္လီကားေတြ အရမ္းအၾကည့္မ်ားသြားတာကိုး" လို ့အရႊန္းေဖာက္ခဲ့ပါတယ္။


ဇာလာတန္ရဲ႕ သိုင္းကြက္ဆန္ဆန္ သြင္းဂိုးေၾကာင့္ LA Glaxy ပရိတ္သတ္မ်ားသာမက တူရြန္တို ပရိတ္သတ္မ်ားကပါ မတ္တပ္ရပ္ၿပီး ခ်ီးက်ဴးဂုဏ္ျပဳလက္ခုပ္တီးခဲ့ၾကတာကိုေတြ ့ရပါတယ္။






































" ဒါဟာ ကၽြန္ေတာ့္အတြက္ ၿပိဳင္ဘက္ပရိတ္သတ္ေတြက ထလက္ခုပ္တီးရတဲ့ ပထမဆံုးဂိုးမဟုတ္ပါဘူး။"

"ရံႈးပြဲအတြက္တကယ္မေကာင္းပါဘူးဗ်ာ။ဒါပင္မယ့္ တိုရြန္တိုပရိတ္သတ္ေတြအတြက္ ကၽြန္ေတာ္ေပ်ာ္ပါတယ္။ဘာလို ့လဲဆိုေတာ့ ကၽြန္ေတာ့္ရဲ႕ သြင္းဂိုး၅၀၀ ေျမာက္ဂိုးအတြက္ သူတို ့ေတြေအာက္ေမ့သတိရျခင္းခံရပါလိမ့္မယ္။" လို ဘာစီလိုနာအသင္းနဲ႔ PSG ကစားသမားေဟာင္းႀကီး အီဗရာမိုဗစ္ကေျပာၾကားသြားခဲ့ပါတယ္။


နတ္ဘုရားႀကီးဇလာတန္အီဗရာမိုဗစ္!!!



(Unicode)

မိုဗစ်ရဲ့ သွင်းဂိုး၅၀ဝပြည့်မြောက်မှု အတွက် ဟာသမက်ဆေ့ပေးပို့လိုက်တဲ့ပေါလ်ပေါ့ဘာ

LA Glaxy တိုက်စစ်မှူး အီဗရာမိုဗစ်ဟာ တိုရွန်တို အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ အံသြသင့်စရာနောက်ပြန်ကန်ချက်နဲ့ သွင်းယူခဲ့ပြီး သူ့ကစားသမားဘဝ သွင်းဂိုး ၅၀၀ ပြည့်မြောက်ခဲ့ပြီးနောက် အသင်းဖော်ဟောင်းပေါလ်ပေါ့ဘာက သူ့ကို ရယ်စရာဟာသမက်ဆေ့ချ်ပေးပို့ခဲ့ပါတယ်။

အဆိုပါပွဲမှာ LA Glaxy အသင်းဟာ တိုရွန်တို အသင်းကို ၅-၃ ဖြင့်ရှုံးနိမ့်ခဲ့သော်လည်း ဆွီဒင်တိုက်စစ်မှူးရဲ့ အဆုံးသတ်သွင်းဂိုးက ပိုပြီးချီးကျူးစရာဖြစ်နေခဲ့တာပါ။

အသက်၃၆ နှစ်အရွယ်တိုက်စစ်မှူး အီဗရာမိုဗစ်ဟာ ကိုယ်ခံပညာတက်ကျွမ်းသူတစ်ယောက်ဖြစ်ပြီး ဖရီးကစ်ကနေ တစ်ဆင့် သူ့ရဲ့ လှပတဲ့ ကရာတေးနောက်ပြန်Volley ကန်ချက်ဖြင့် အံသြသင့်စရာသွင်းဂိုးကိုသွင်းယူပေးခဲ့ပါတယ်။

သူဟာ LA Glaxy အသင်းအတွက် ၂၂ပွဲကစားထားပြီး ၁၇ သွင်းယူထားကာ ကစားသမားဘဝသွင်းဂိုး ၅၀၀ ပြည့်မြောက်ခဲ့တာကြောင့် မက်ဆီ၊ရိုနယ်ဒို တို့နောက် ဂိုး၅၀၀ ပြည့်အောင်စွမ်းဆောင်နိုင်တဲ့ သူဖြစ်လာခဲ့ပါတယ်။

အီဗရာမိုဗစ်တစ်ယောက် ယူနိုက်တက်မှာကစားခဲ့စဉ် အသင်းဖော်ဟောင်းဖြစ်ခဲ့တဲ့ ပေါလ်ပေါ့ဘာက သူ့ရဲ့ အင်စတာဂရမ်ကနေ အခုလိုပြောကြားခဲ့ပါတယ်။

" ခင်ဗျားကို ဘောလုံးကန်ပါလို့ပဲပြောတာ။ခင်ဗျားက ဂျက်ကီချန်း၊ဂျက်လီ၊ဘရူ့စ်လီကားတွေ အရမ်းအကြည့်များသွားတာကိုး" လို့အရွှန်းဖောက်ခဲ့ပါတယ်။

ဇာလာတန်ရဲ့ သိုင်းကွက်ဆန်ဆန် သွင်းဂိုးကြောင့် LA Glaxy ပရိတ်သတ်များသာမက တူရွန်တို ပရိတ်သတ်များကပါ မတ်တပ်ရပ်ပြီး ချီးကျူးဂုဏ်ပြုလက်ခုပ်တီးခဲ့ကြတာကိုတွေ့ရပါတယ်။

" ဒါဟာ ကျွန်တော့်အတွက် ပြိုင်ဘက်ပရိတ်သတ်တွေက ထလက်ခုပ်တီးရတဲ့ ပထမဆုံးဂိုးမဟုတ်ပါဘူး။"

"ရှုံးပွဲအတွက်တကယ်မကောင်းပါဘူးဗျာ။ဒါပင်မယ့် တိုရွန်တိုပရိတ်သတ်တွေအတွက် ကျွန်တော်ပျော်ပါတယ်။ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ သွင်းဂိုး၅၀၀ မြောက်ဂိုးအတွက် သူတို့တွေအောက်မေ့သတိရခြင်းခံရပါလိမ့်မယ်။" လို့ ဘာစီလိုနာအသင်းနဲ့ PSG ကစားသမားဟောင်းကြီး အီဗရာမိုဗစ်ကပြောကြားသွားခဲ့ပါတယ်။

နတ်ဘုရားကြီးဇလာတန်အီဗရာမိုဗစ်!!!

No comments

Powered by Blogger.