Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ပတ်ဒရိုရဲ့ ဒဏ်ရာနဲ့ ပတ်သတ်ပြီး ရှင်းပြခဲ့တဲ့ ချဲလ်ဆီးနည်းပြဆာရီ
မနေ့ည ကယူရိုပါလိပ်အုပ်စုပွဲစဉ်အဖြစ် PAOK အသင်းကို ၁-၀ ဖြင့်အနိုင်ရတဲ့ပွဲမှာ ချဲလ်ဆီးတောင်ပံကစားသမား ပတ်ဒရိုဟာ ပခုံဒဏ်ရာရရှိသွားခဲ့ပါတယ်။
အဆိုပါပွဲပြီးဆုံးခါနီးမှာ ပတ်ဒရို တစ်ယောက်ဒဏ်ရာရသွားတဲ့အပေါ် နည်းပြဆာရီတစ်ယောက် အတော်လေးစိတ်ပူခဲ့တယ်လို့သူကိုယ်တိုင်ဝန်ခံခဲ့ပင်မယ့် ဆေးစစ်ဆေးချက်အရ ဒဏ်ရာဟာ သိပ်ပြင်းထန်ခြင်းမရှိခဲ့ပါဘူး။
အသက်၃၁ နှစ်အရွယ် စပိန်တောင်ပံကစားသမားပတ်ဒရိုဟာ ဒီရာသီချဲလ်ဆီးအသင်းအတွက် ခြေစွမ်းပြကစားပေးထားပြီး ၃ဂိုးအထိသွင်းယူပေးထားပါတယ်။
" ပြဿနာက သူ့ရဲ့ ပခုံးမှာဒဏ်ရာရနေတာပါ။ကျွန်တော်သေချာတော့မသိဘူးဗျ။ဆရာဝန်နဲ့ စကားပြောကြည့်တယ်။ခဏပဲပြောဖြစ်တာပါ။ဆရာဝန်ပြောတာကတော့ သူ့ဒဏ်ရာက သိပ်ပြင်းထန်ပုံမပေါ်ဘူးတဲ့" လို့ပွဲအပြီးမှာ ဆာရီကပြောကြားခဲ့ပါတယ်။
ဝီလီယံ ရဲ့ ပထမပိုင်းအစောပိုင်းသွင်းဂိုး နဲ့ ချဲလ်ဆီးအသင်းဟာ ဂရိမြေမှာ ယူရိုပါလိပ် အုပ်စုအဖွင့်မျက်နှာပန်းလှခဲ့ပါတယ်။ဒါပင်မယ့်လည်း နည်းပြဆာရီကတော့ သူ့အသင်းဟာပွဲကိုလွှမ်းမိုးထားတဲ့အသင်းဖြစ်ပြီး ဂိုးတွေအများကြီးမသွင်းယူနိုင်တဲ့အတွက်စိတ်ပျက်နေပါတယ်။
" ကျွန်တော့်အထင် မိနစ်၉၀ လုံးဘောလုံးဟာကျွန်တော်တို့ခြေထောက်ထဲမှာပါ။အခွင့်အရေးတွေအများကြီးရခဲ့တယ်။အနိုင်၃မှတ်အတွက်တကယ်ပျော်ပါတယ်။စွမ်းဆောင်ရည်နဲ့ ပတ်သတ်ပြီးလည်းအရမ်းပျော်ရပါတယ်။ဒါပင်မယ့် ရလဒ်ကိုတော့ကျွန်တော်မပျော်ဘူး။ပွဲတစ်ပွဲကို အဆုံးသတ်ဖို့အချိန်ကျပြီဆို ကျွန်တော်တို့အဲ့ပွဲကို ပြတ်သားအောင်ဖြတ်ပြစ်ရမှာပါ။"
" ကျွန်တော့်အထင် ကျွန်တော်တို့အကောင်းဆုံးကစားနိုင်ခဲ့တယ်။ပွဲကိုအကောင်းဆုံးထိန်းချုပ်နိုင်ခဲ့တယ်။ ဒီနေ့လိုပွဲမျိုး ဆို ကျွန်တော်တို့နဲ့ ရင်ဆိုင်ကစားဖို့လူတိုင်းအတွက်အတော်လေးခက်ခဲလိမ့်မယ်။ PAOK ရဲ့ အမှားကြောင့်မဟုတ်ဘူး။ကျွန်တော်တို့အရမ်းတော်လွန်းနေတာမို့လို့ပါ။"
" PAOK ရဲ့ ပွဲ ၅ပွဲ ၆ပွဲလောက်ကြည့်ဖူးတယ်။သူတို့မှာ ကစားသမားကောင်းတွေအများကြီးရှိတယ်။ဥပမာအနေနဲ့ သူတို့ရဲ့ နံပါတ်၁၀ ကစားသမား Dimitris Pelkas ဆို အရမ်းတော်တယ်။ဒါပင်မယ့် ဒီနေ့ပွဲမှာတော့မဟုတ်ဘူး။သူတို့အသင်းမှာ ကစားသမားကောင်းတွေအများကြီးရှိတယ်။"
Post a Comment