Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ရော်ဂျာဖယ်ဒါးရားကိုအတုယူဖို့အသင်းသားတွေကိုတိုက်တွန်းလိုက်တဲ့နည်းပြမော်ရင်ဟို
ယူနိုက်တက်နည်းပြဂျို့စ်မော်ရင်ဟို က young boys အသင်းရဲ့ ပလက်စတစ်မြက်ခင်းတုကွင်းနဲ့ ပတ်သတ်ပြီး ဆွစ်ဇာလန်ရဲ့ တင်းနစ်အကျော်အမော် ရော်ဂျာဖယ်ဒါးရားလို အတုယူသင့်တယ်လို့ဆိုသွားပါတယ်။
BSC Young Boys အသင်းရဲ့ အိမ်ကွင်း stade de suisse,Bern ကွင်းဟာ ပလက်စတစ်မြက်ခင်းတုကွင်းဖြစ်တာကြောင့် Young Boys အသင်းအတွက် ကြီးမားတဲ့အားသာချက်ဖြစ်သော်လည်းသူ့အသင်းသားတွေဟာ အနိုင်ယူရမယ်လို့ဆိုသွားပါတယ်။
Champion League Group H ရဲ့ အဖွင့်ပွဲအဖြစ် Young Boys အသင်းနဲ့ တွေ့ဆုံတဲ့ ပွဲမှာ အသင်းခေါင်းဆောင် အန်တိုနီယိုဗလန်စီယာကို ပြင်းထန်မာကျောတဲ့ ပလတ်စတစ်ကွင်းကြောင့် မကြံ့ခိုင်သေးတဲ့ ဒူးဒဏ်ရာဆိုးရွားမှာကို မလိုလားတဲ့အတွက် ဒီပွဲမှာ ထည့်သုံးမှာမဟုတ်ဘူးလို့မော်ရင်ဟိုကဆိုလိုက်ပါတယ်။
ဆွစ်ဇာလန်တို့ရဲ့ အသဲကျော် ဝင်းဘယ်လ်ဒန် ၈ ကြိမ် ချန်ပီယံ ရော်ဂျာဖယ်ဒါးရားကို ဥပမာယူပြီး မြက်ခင်းအတုပေါ်မှာ မကစားနိုင်တဲ့ အကြောင်းပြချက်ကို စွန့်လွှတ်ကာ အနိုင်ယူရပြရမယ်လို့မော်က အသင်းသားတွေကို တိုက်တွန်းလိုက်ပါတယ်။
" ပွဲမတိုင်ခင် ကွင်းကမကောင်းပါဘူးဆိုတဲ့ အကြောင်းပြချက်တွေ ကျွန်တော် မသုံးချင်ပါဘူး"
" ဒါဟာ ကွဲပြားခြားနားမှန်းလူတိုင်းသိပါတယ်။ ဒါပင်မယ့်လည်း ကျွန်တော် လွန်ခဲ့တဲ့အပတ်က ဂျနီဗာမှာ ပြောခဲ့တဲ့အတိုင်းပဲလေ။ကျွန်တော်ဘာပြောနိုင်မှာလဲ?"
"ကျွန်တော် ဥပမာတစ်ခုပြောပြမယ်။ ကျွန်တော်တို့အခု ဆွစ်ဇာလန်မှာပါ။အကောင်းဆုံး တင်းနစ်သမားတစ်ယောက်ရဲ့ အိမ်ပေါ့။ကျွန်တော်သေချာပေါက်ပြောရဲတာက ဒီဘဲကြီးရဲ့ မျက်နှာမှာ တစ်ခါတစ်လေ သိပ်မကစားချင်တဲ့ပုံမြင်ရပါတယ်။ဒါပင်မယ့် သူဟာ ကစားကို ကစားရပြီး အနိုင်ရလဒ်ကိုလည်းမဖြစ်မနေ ယူပါတယ်။သူ့မှာ ကြိုက်နှစ်သက်စရာမျက်နှာပေးရှိပါတယ်။ သူ မကြိုက်တဲ့ အရာရှိရင်တောင် သူ့မျက်နှာမှာ အနိုင်ရလဒ်ရရှိအောင် လုပ်ဆောင်ပါတယ်။ ကျွန်တော်တို့အဲ့လို လုပ်ရပါမယ်။"
" ဗလန်စီယာကို ထည့်မသုံးဖို့ဆုံးဖြတ်ထားပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုကွင်းမျိုးနဲ့ သူ့ဒူးဒဏ်ရာဟောင်းနဲ့ဆို စွန့်စားသလို ဖြစ်သွားမှာဆိုးလို့ပါ။ဒီအရာကလွဲပြီး ကျွန်တော်တို့ကြိုးစားမယ်။ နိုင်ပွဲရဖို့အတွက်အရာအားလုံးကို တိုက်ပွဲဝင်သွားမယ်။"
Post a Comment