Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ပေါ့ဘာရဲ့ယူနိုက်တက်အသင်းမှအနာဂတ် နည်းပြဇီဒန်းနဲ့ဘာလို့သက်ဆိုင်နေရတာလဲ??
ပေါ့ဘာရဲ့အနာဂတ်ဟာယူနိုက်တက်မှာရှိတဲ့ မော်ရင်ရင်ရဲ့နေရာကို ဇီဒန်းရောက်မရောက်နှင့်သက်ဆိုင်နေပါတယ်။
အီတလီမှလာသောသတင်းများအရ ဂျူဗင်တပ်စ်အသင်းမှ ပေါ့ဘာကိုပြန်လည်ခေါ်ယူရန်အတွက်ကမ်းလှမ်းခဲ့တယ်လို့သိရပါတယ်။သို့သော်ပေါ့ဘာက မော်ရင်ဟိုရဲ့နေရာ ကိုဇီဒန်းဆက်ခံပါက အသင်းမှာသာဆက်ရှိမယ်လို့ဆိုပါတယ်။
ပြင်သစ်သား ပေါ့ဘာဟာ ဂျူဗင်တပ်အသင်းဂျာစီကို ၂၀၁၂ခုနှစ်ကနေ ၂၀၁၆အထိဝတ်ဆင်ခဲ့ပြီးနောက်ကလပ် စံချိန်တင်ဈေးပေါင် ၁၀၅သန်းနှင့်ယူနိုက်တက်အသင်းကိုပြောင်းရွေ့လာခဲ့ပါတယ်။
ပေါ့ဘာရဲ့အပြောင်းအရွေ့သတင်းတွေဟာနေရာတိုင်းကထွက်ပေါ်နေပြီး အိုးထရက်ဖို့ဒ်ကိုစွန့်ခွာက တူရင်ကို
ပြန်ဖို့ အတွက်ပြင်ဆင်နေပါတယ်။
Rai Sportရဲ့ဖော်ပြချက်အရ ပေါ့ဘာရဲ့အေးဂျင့်ဖြစ်သူ မီနို ရာရီရိုလာက ဂျူဗင်တပ်စ်အသင်း နှင့်အပြောင်းအရွေဖြစ်ပြီးထပ်မံစာချုပ်ထပ်မံချုပ်ဆိုနိုင်ဖို့အတွက်ပေါ့ဘာဖက်ကအဆင်သင့်ဖြစ်နေပြီလို့အခိုင်အမာဆိုနေပါတယ်။
မည်သို့ဆိုစေ အပြောင်းအရွေ့ဖြစ်သည်မဖြစ်ဘူးဆိုတာမော်ရင်ဟိုရဲ့နေရာမှာ ဇီဒန်းရောက်မရောက်ကမူတည်နေတယ်ထင်မြင်ယုံကြည်နေကြပါတယ်။
ပေါ့ဘာကတော့သူနှင့်ပေါ်တူဂီသားကြီးကြားကဆက်ဆံရေးကိုဘာမှဖုံးကွယ်ထားခြင်းမရှိဘဲ အဆင်မပြေဖြစ်နေတယ်လို့ပွင့်ပွင့်လင်းလင်းဆိုပါတယ်။လက်ရှိအချိန်အသင်းပိုင်ရှင်အနေနဲ့ ဖိအားအပြည့်ရှိနေပြီး ကစားသမားနှင့်နည်းပြ နှစ်ခုထဲကတစ်ခုမဖြစ်မနေရွေးချယ်ရမည့်အခြေအနေဖြစ်လာပါပြီ။
Post a Comment