Header Ads


႐ိုနယ္ဒိုကိုအနီကဒ္ျပထုတ္ပယ္ခဲ့တဲ့ကြင္းလယ္ဒိုင္Brych အေၾကာင္းသိေကာင္းစရာ


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။ မေန ့ညက ဗလန္စီယာအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ခ်န္ပီယံလ္ပ္အုပ္စုပြဲမွာဂ်ဴဗင္တပ္စ္တိုက္စစ္မွဴး႐ိုနယ္ဒိုဟာ ပြဲကစားခ်ိန္၃၁မိနစ္မွာအျငင္းပြားဖြယ္ အထုတ္ပယ္ခံခဲ့ရပါတယ္။

အဆိုပါပြဲကို တာဝန္ယူခဲ့တဲ့ ဂ်ာမန္ကြင္းလယ္လူ Felix Brych ဟာ ၿပီးခဲ့တဲ့ ကမာၻ ့ဖလားၿပိဳင္ပြဲမွာ အလြန္ဆိုးရြားၿပီး မမွ်တတဲ့ ဆံုးျဖတ္ခ်က္မ်ားေၾကာင့္ FIFA က သူ ့ကို ပယ္ထုတ္ထားလိုက္တာပဲျဖစ္ပါတယ္။

ဒီရာသီ႐ုရွားကမာၻ ့ဖလားၿပိဳင္ပြဲရဲ႕ အုပ္စု E ပြဲစဥ္တစ္ပြဲျဖစ္တဲ့ ဆာဘီယားနဲ႔ ဆြစ္ဇာလန္ အသင္းတို ့ပြဲမွာ သူ ့ရဲ႕ ဘက္လိုက္တဲ့ ဆံုးျဖတ္ခ်က္မ်ားေၾကာင့္ FIFA က သူ ့ကိုေနာက္တစ္ႀကိမ္ကမာၻ ့ဖလားၿပိဳင္ပြဲမွာ လံုးဝကိုင္တြယ္ခြင့္မေပးေတာ့ပါဘူး။

ဆြစ္ဇာလန္အသင္းကို ၂-၁ ျဖင့္ရံႈးနိမ့္ခဲ့တဲ့ပြဲမွာ ဆာဘီယား အသင္းဟာ ပယ္နယ္တီတစ္ခ်ိဳ ့ရသင့္ၿပီး ပြဲကစားခ်ိန္အတြင္း မမွ်တတဲ့ဆံုးျဖတ္ခ်က္ေတြေၾကာင့္ FIFA ကိုတိုင္ၾကားခဲ့တာပဲျဖစ္ပါတယ္။

အဆိုပါပြဲမွာ ဆာဘီယားတိုက္စစ္မွဴး မီထ႐ိုဗစ္ ကို ပယ္နယ္တီဧရိယာအတြင္း ဆြစ္ဇာလန္ေနာက္ခံလူေတြျဖစ္ၾကတဲ့ လစ္ခ်္စတိုင္နာနဲ႔ ဖာဘီယန္တို ့က ဆြဲလွဲခဲ့တာ သိသာထင္ရွားခဲ့ေသာ္လည္း ကြင္းလယ္ဒိုင္ Brych ကပြဲကို ဆက္လက္ယွဥ္ၿပိဳင္ခိုင္းၿပီး VAR စနစ္ကို အသံုးျပဳဖို ့ျငင္းပယ္ခဲ့ပါတယ္။

" ကမာၻ ့ဖလားအတြင္း ကိစၥေတြက ကၽြန္ေတာ္နဲ႔ ကၽြန္ေတာ့္အဖြဲ႕ကို ေတာ္ေတာ္ေလးစိတ္ပ်က္ေစပါတယ္။ဒါပင္မယ့္ ဘဝဆိုတာ ဆက္လက္ေရြ ့လ်ားေနတာျဖစ္ၿပီး ကၽြန္ေတာ္တို ့ျပန္လာမွာပါ။" လို ့ Brych ကဆိုသြားပါတယ္။

(Unicode)

ရိုနယ်ဒိုကိုအနီကဒ်ပြထုတ်ပယ်ခဲ့တဲ့ကွင်းလယ်ဒိုင်Brych အကြောင်းသိကောင်းစရာ

မနေ့ညက ဗလန်စီယာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလ်ပ်အုပ်စုပွဲမှာဂျူဗင်တပ်စ်တိုက်စစ်မှူးရိုနယ်ဒိုဟာ ပွဲကစားချိန်၃၁မိနစ်မှာအငြင်းပွားဖွယ် အထုတ်ပယ်ခံခဲ့ရပါတယ်။

အဆိုပါပွဲကို တာဝန်ယူခဲ့တဲ့ ဂျာမန်ကွင်းလယ်လူ Felix Brych ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အလွန်ဆိုးရွားပြီး မမျှတတဲ့ ဆုံးဖြတ်ချက်များကြောင့် FIFA က သူ့ကို ပယ်ထုတ်ထားလိုက်တာပဲဖြစ်ပါတယ်။

ဒီရာသီရုရှားကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု E ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဆာဘီယားနဲ့ ဆွစ်ဇာလန် အသင်းတို့ပွဲမှာ သူ့ရဲ့ ဘက်လိုက်တဲ့ ဆုံးဖြတ်ချက်များကြောင့် FIFA က သူ့ကိုနောက်တစ်ကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လုံးဝကိုင်တွယ်ခွင့်မပေးတော့ပါဘူး။

ဆွစ်ဇာလန်အသင်းကို ၂-၁ ဖြင့်ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဆာဘီယား အသင်းဟာ ပယ်နယ်တီတစ်ချို့ရသင့်ပြီး ပွဲကစားချိန်အတွင်း မမျှတတဲ့ဆုံးဖြတ်ချက်တွေကြောင့် FIFA ကိုတိုင်ကြားခဲ့တာပဲဖြစ်ပါတယ်။

အဆိုပါပွဲမှာ ဆာဘီယားတိုက်စစ်မှူး မီထရိုဗစ် ကို ပယ်နယ်တီဧရိယာအတွင်း ဆွစ်ဇာလန်နောက်ခံလူတွေဖြစ်ကြတဲ့ လစ်ချ်စတိုင်နာနဲ့ ဖာဘီယန်တို့က ဆွဲလှဲခဲ့တာ သိသာထင်ရှားခဲ့သော်လည်း ကွင်းလယ်ဒိုင် Brych ကပွဲကို ဆက်လက်ယှဉ်ပြိုင်ခိုင်းပြီး VAR စနစ်ကို အသုံးပြုဖို့ငြင်းပယ်ခဲ့ပါတယ်။

" ကမ္ဘာ့ဖလားအတွင်း ကိစ္စတွေက ကျွန်တော်နဲ့ ကျွန်တော့်အဖွဲ့ကို တော်တော်လေးစိတ်ပျက်စေပါတယ်။ဒါပင်မယ့် ဘဝဆိုတာ ဆက်လက်ရွေ့လျားနေတာဖြစ်ပြီး ကျွန်တော်တို့ပြန်လာမှာပါ။" လို့ Brych ကဆိုသွားပါတယ်။

No comments

Powered by Blogger.