Header Ads


စပါးအသင်းကိုအနိုင်ယူခဲ့ပြီးနောက် လီဗာပူးအသင်းရဲ့ နောက်ဆုံးရသတင်းများစုစည်းမှု


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။













စပါးနဲ့ပွဲမှာ ဦးဆောင်ဂိုးသွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူ ဝခ်ျနယ်လ်ဒန်ဟာ သူ့ ရဲ့ လီဗာပူးအသင်းအတွက်ပထမဦးဆုံး ပရီးမီးယားလိပ် အဝေးဂိုးသွင်းဂိုးဖြစ်လာခဲ့ပါတယ်။



(Unicode)




နည်းပြဂျာဂန်ကလော့က သူတို့အသင်းဟာ ကွင်းအတွင်းလွှမ်းမိုးနိုင်တဲ့အသင်းဖြစ်ပြီး အနိုင်ရလဒ်နဲ့ ထိုက်တန်တဲ့အသင်းဖြစ်ကြောင်း ၊ကစားပုံဟာလည်းအကောင်းဆုံးအနေအထားမှာရှိနေတဲ့အတွက်ပျော်ရွှင်မိပါကြောင်း၊ဒီပွဲဟာ ဒီရာသီလီဗာပူးအသင်းရဲ့ အကောင်းဆုံးပွဲပါပဲလို့ချီးကျူးသွားပါတယ်။

စပါးနည်းပြပိုချက်တီနိုက လီဗာပူးအသင်းဟာ ပိုကောင်းတဲ့အသင်းဖြစ်သော်လည်း နောက်ဆုံးမိနစ်မှာ ဟွန်ဆောင်မင်းအပေါ် ပြစ်ဒဏ်ဘောကျူးလွန်ခဲ့တာဟာပယ်နယ်တီရသင့်တယ်လို့ဆိုသွားပါတယ်။


လီဗာပူးအသင်းဟာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ပရီးမီးယားလိပ် အဖွင့် ၅ပွဲဆက်အနိုင်ရရှိခဲ့တဲ့ စံချိန်ကောင်းတစ်ခုရေးထိုးနိုင်ခဲ့ပါတယ်။

တိုက်စစ်မှူး ဖာမီနိုဟာ စပါးနဲ့ ပွဲမှာရရှိခဲ့တဲ့ မျက်လုံးဒဏ်ရာကြောင့် ဆေးရုံတက်ကုသခဲ့သော်လည်း ဒဏ်ရာဟာ ပျောက်ကင်းသွားပြီးစိုးရိမ်စရာမရှိတာကြောင့် ဆေးရုံကနေဆင်းနိုင်ခဲ့ပြီလို့သိရပါတယ်။

စပါးနဲ့ပွဲမှာ ဦးဆောင်ဂိုးသွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူ ဝချ်နယ်လ်ဒန်ဟာ သူ့ရဲ့ လီဗာပူးအသင်းအတွက်ပထမဦးဆုံး ပရီးမီးယားလိပ် အဝေးဂိုးသွင်းဂိုးဖြစ်လာခဲ့ပါတယ်။

No comments

Powered by Blogger.