Header Ads


ယေန ့ညမွာယွဥ္ၿပိဳင္ကစားမယ့္ပရီးမီးယားလိပ္ပြဲစဥ္မ်ားအတြက္ေပါလ္မာဆြန္ရဲ႕ ခန္ ့မွန္းခ်က္မ်ား


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ဒီတစ္ပတ္ပရီးမီးယားလိပ္မွာ ဘယ္အသင္းေတြဟာ ဆက္လက္ ႏိုင္ပြဲေတြရယူသြားမလဲ?? ဘယ္အသင္းေတြဟာ လက္ဗလာနဲ႔ အိမ္ျပန္ရမလဲ Sky Sports ရဲ႕ ေပါလ္မာဆြန္ခန္ ့မွန္းခ်က္ေတြကို တစ္ခ်က္ၾကည့္ရေအာင္ဗ်ာ။

ဝက္စ္ဟမ္းvs မန္ယူႏိုက္တက္( စေနေန ့, ညေန၆နာရီ)




မန္ယူႏိုက္တက္အသင္းအတြက္ေတာ့ ဒီတစ္ပတ္ဟာ အေတာ္ေလးဂယက္ထခဲ့ပါတယ္။ေပါ့ဘာနဲ႔ ေမာ္ရင္ဟိုၾကား ေလ့က်င့္ေရးကြင္းကျပႆနာအဖုအထစ္မ်ားဟာ မီဒီယာမ်ားရဲ႕ အဖြေကာင္းျဖစ္ခဲ့ပါတယ္။အသင္းရလဒ္ကလည္းဆိုးရြားေနရတဲ့အၾကား နည္းျပနဲ႔ ကစားသမားေတြၾကားမွာလည္း စည္းလံုးမႈၿပိဳကြဲေနပါတယ္။ယူႏိုက္တက္အတြက္ၿပီးခဲ့တဲ့ ၂ပြဲစလံုးမွာ အႏိုင္ရရွိခဲ့မယ္ဆိုရင္ ျပႆနာမရွိႏိုင္ပင္မယ့္ ပရီးမီးယားလိပ္ခ်န္ပီယံေျပးလမ္းေၾကာင္းေပၚကေန ေဝးကြာသြားခဲ့ရတာေတြနဲ႔ လိပ္ဖလားၿပိဳင္ပြဲကေနထြက္သြားခဲ့ရတာေတြဟာ ယူႏိုက္တက္အသင္းအတြက္စိုးရိမ္စရာအေျခအေနပါပဲ။

ခန္႔မွန္းခ်က္ = ၁-၁

အာဆင္နယ္ vs ဝက္ဖို ့ဒ္(စေနေန ့,ည၈:၃၀)




ကရာေဘာင္ဖလားၿပိဳင္ပြဲမွာ စပါးအသင္းကို ရံႈးနိမ့္ခဲ့ၿပီး ထြက္ခဲ့ရတဲ့အတြက္ ဝက္ဖို ့ဒ္အသင္းတို ့စိတ္ပ်က္ေနမွာအမွန္ပါပဲ။အာဆင္နယ္အသင္းကေတာ့ ၅ပြဲဆက္အႏိုင္ရယူဖို ့ဆိုင္းပ်င္းေနၿပီး နည္းျပအမ္မရီလက္ေအာက္မွာ ရလဒ္ပိုင္းေရာ ေျခစြမ္းပိုင္းပါ အာဆင္နယ္အသင္းတည္ၿငိမ္လာေနတာကိုေတြ ့ရပါတယ္။

ခန္ ့မွန္းခ်က္=၂-၁

အဲဗာတန္ vs ဖူလ္ဟမ္(စေနေန ့, ည ၈:၃၀ နာရီ)



အဲဗာတန္ အသင္းအတြက္ အသင္းရဲ႕ အဓိကအားထားရတဲ့တိုက္စစ္မွဴး ရစ္ခ်က္လီဆန္တစ္ေယာက္ ၃ပြဲပယ္ျပစ္ဒဏ္ေၾကာင့္မပါဝင္ႏိုင္တာဟာ အေတာ္ေလး အခက္ေတြ ့ဖြယ္ရွိေနပါတယ္။ ဖူလ္ဟမ္အသင္းအတြက္ေတာ့ တိုက္စစ္မွဴး မီထ႐ိုဗစ္တစ္ေယာက္ ဂိုးသြင္းေျချပန္ေတြ ့ေနၿပီး ဝက္ဖို ့ဒ္အသင္းကို သေရက်တဲ့ ပြဲဟာလည္း ဖူလ္ဟမ္းအသင္းအေတာ္ေလးကံေကာင္းေနခဲ့တာကိုေတြ ့ရပါတယ္။ အဲဗာတန္အသင္းအတြက္ေတာ့ ဒီပြဲဟာ အေတာ္ေလးအက်ပ္႐ိုက္မယ့္ပြဲျဖစ္ႏိုင္ၿပီး မိနစ္၂၀ေနာက္ပိုင္းဂိုးမသြင္းႏိုင္ပါက အဲဗာတန္အသင္းမလြယ္ေတာ့ပါဘူး။

ခန္ ့မွန္းခ်က္= ၂-၁


ဟယ္လ္ဒါဖီး vs ေတာ့တင္ဟမ္(စေနေန ့ည ၈:၃၀)



မႏွစ္က ဟယ္ဒါလ္ဖီးအသင္းကို အေဝးကြင္းမွာ ေတာ့တင္ဟမ္တို ့ဟာရီကိန္းရဲ႕သြင္းဂိုးနဲ႔ ေအာင္ပြဲခံခဲ့ပါတယ္။ဒီပြဲကေတာ့ေတာ့တင္ဟမ္အသင္းအႏိုင္ယူဖို ့လြယ္ကူပါလိမ့္မယ္။စပါးတိုက္စစ္မွဴးဟာရီကိန္းတစ္ေယာက္အေနနဲ႔ ရက္အနည္းငယ္ေလာက္အနားယူသင့္ပါတယ္။ေန ့တိုင္းေလ့က်င့္ခန္းဆင္း အိမ္ျပန္အနားယူ ပံုမွန္ကိစၥေတြလုပ္တာေတြ စတဲ့အနားယူျခင္းမဟုတ္ပါဘူး။ မိသားစုနဲ႔ ကမ္းေျခတစ္ခုမွာ ေအးေအးေဆးေဆး အနားယူခြင့္ေပးတာမ်ိဳးမွာ ပံုမွန္ေျခစြမ္းမ်ိဳးျပန္ရလိမ့္မယ္ထင္ပါတယ္။

ခန္ ့မွန္းခ်က္= ၀-၃

မန္စီးတီး vs ဘ႐ိုက္တန္(စေနေန ့ , ည၈:၃၀)
မန္စီးတီးရဲ႕ ျပႆနာက ခ်န္ပီယံလိပ္ၿပိဳင္ပြဲမွာ လိုင္ယြန္အသင္းကို ရံႈးနိမ့္ခဲ့တာပါ။ ဒါပင္မယ့္ လည္း ပရီးမီးယားလိပ္မွာေတာ့မန္စီးတီးဟာ မႏွစ္ကထက္တိုက္စစ္ေျခစြမ္းျပေနဆဲပါပဲ။ဒီပြဲၿပီးတာနဲ႔  ခ်န္ပီယံလိပ္ပြဲအျဖစ္ေဟာဖိန္ဟိမ္းနဲ႔ ကန္ရမွာမို ့ ဒီပြဲကိုအႏိုင္ယူၿပီး စိတ္ဓာတ္ျမႇင့္တင့္ထားမွာပဲျဖစ္ပါတယ္။

ခန္ ့မွန္းခ်က္= ၂-၀


နယူးကာဆယ္ vs လက္စတာ(စေနေန ့,ည ၈:၃၀)

လက္စတာအသင္းဟာ အသင္းေကာင္းတစ္သင္းျဖစ္ေသာ္လည္း နယူးကာဆယ္အသင္းက ေျခစြမ္းပိုင္းအရပိုေကာင္းတာေၾကာင့္ အိမ္ကြင္းအႏိုင္ရသြားပါလိမ့္မယ္

ခန္႔မွန္းခ်က္ =၁-၀

ဝုလ္ဗ္ vs ေဆာက္တမ္တန္(စေနေန ့ည၈:၃၀)

ဝုလ္အသင္းဟာ ကစားပံုဟာ အေတာ္ေလးေကာင္းမြန္ေနၿပီး ကြင္းလယ္စုဖြဲ႕မႈနဲ႔ တိုက္စစ္ခ်ိတ္ဆက္ပံုဟာ အေတာ္ေလးအလုပ္ျဖစ္ေနတာေၾကာင့္ ဒီပြဲကိုအႏိုင္ယူၿပီး အဆင့္ ၇သို ့၈ အတြင္းဝင္ေရာက္လာႏိုင္ပါတယ္။

ခန္ ့မွန္းခ်က္=၂-၀

ခ်ဲလ္ဆီး vs လီဗာပူးလ္(စေနေန ့, ည၁၁နာရီ)


ဒီပြဲကပြဲႀကီးတစ္ေကာင္းပြဲပါ။တစ္ပတ္အတြင္း အဆိုပါ ၂သင္းရဲ႕ ဒုတိယႀကိမ္ေျမာက္ေတြ ့ဆံုမႈပါပဲ။ ပထမပြဲမွာေတာ့ အင္ဒီဟာဇက္ရဲ႕ ကမာၻ ့အဆင့္ဂိုးကို ျမင္ေတြ ့ခဲ့ရၿပီး ခ်ဲလ္ဆီးအသင္းအတြက္ေတာ့ ဟာဇက္ဟာ အဓိက လက္နက္တစ္ခုပါပဲ။

ဒါပင္မယ့္လည္း လီဗာပူးလ္အသင္းရဲ႕ ဆာလာ၊ဖာမီႏို ၊မာေနးတို ့ရဲ႕ အစုအဖြဲ႕ ကို ေမ့ထားလို ့မရပါဘူး။ ဒါ့အျပင္အဆိုပါ လိပ္ဖလားပြဲမွာတုန္းကလီဗာပူးအသင္းဟာ အသင္းရဲ႕ အဓိကေနာက္တန္းလူ ၄ေယာက္ကို အနားေပးထားခဲ့တာျဖစ္ၿပီး ဒီပြဲမွာ ျပန္လည္ထုတ္သံုးမွာျဖစ္တဲ့အတြက္ ခ်ဲလ္ဆီးအသင္းမေခ်ာင္ပါဘူး။

သေရရလဒ္ဟာ လီဗာပူးလ္အသင္းအတြက္ ပိုေကာင္းတဲ့ အေျခအေနတစ္ခုျဖစ္ပင္မယ့္ ခ်ဲလ္ဆီးအသင္းအတြက္ လီဗာပူးကို ၿဖိဳခ်မယ္ဆိုရင္ေတာ့ ၆ပြဲဆက္ႏိုင္ပြဲစံခ်ိန္ရပ္တန္ ့သြားမွာရယ္ အမွတ္သာသြားႏိုင္တာေၾကာင့္ အသဲအသန္ႀကိဳးစားမွာပဲျဖစ္ပါတယ္။

ခန္ ့မွန္းခ်က္= ၁-၁

(Unicode)

ယနေ့ညမှာယှဉ်ပြိုင်ကစားမယ့်ပရီးမီးယားလိပ်ပွဲစဉ်များအတွက်ပေါလ်မာဆွန်ရဲ့ ခန့်မှန်းချက်များ

ဒီတစ်ပတ်ပရီးမီးယားလိပ်မှာ ဘယ်အသင်းတွေဟာ ဆက်လက် နိုင်ပွဲတွေရယူသွားမလဲ?? ဘယ်အသင်းတွေဟာ လက်ဗလာနဲ့ အိမ်ပြန်ရမလဲ Sky Sports ရဲ့ ပေါလ်မာဆွန်ခန့်မှန်းချက်တွေကို တစ်ချက်ကြည့်ရအောင်ဗျာ။

ဝက်စ်ဟမ်းvs မန်ယူနိုက်တက်( စနေနေ့, ညနေ၆နာရီ)

မန်ယူနိုက်တက်အသင်းအတွက်တော့ ဒီတစ်ပတ်ဟာ အတော်လေးဂယက်ထခဲ့ပါတယ်။ပေါ့ဘာနဲ့ မော်ရင်ဟိုကြား လေ့ကျင့်ရေးကွင်းကပြဿနာအဖုအထစ်များဟာ မီဒီယာများရဲ့ အဖွကောင်းဖြစ်ခဲ့ပါတယ်။အသင်းရလဒ်ကလည်းဆိုးရွားနေရတဲ့အကြား နည်းပြနဲ့ ကစားသမားတွေကြားမှာလည်း စည်းလုံးမှုပြိုကွဲနေပါတယ်။ယူနိုက်တက်အတွက်ပြီးခဲ့တဲ့ ၂ပွဲစလုံးမှာ အနိုင်ရရှိခဲ့မယ်ဆိုရင် ပြဿနာမရှိနိုင်ပင်မယ့် ပရီးမီးယားလိပ်ချန်ပီယံပြေးလမ်းကြောင်းပေါ်ကနေ ဝေးကွာသွားခဲ့ရတာတွေနဲ့ လိပ်ဖလားပြိုင်ပွဲကနေထွက်သွားခဲ့ရတာတွေဟာ ယူနိုက်တက်အသင်းအတွက်စိုးရိမ်စရာအခြေအနေပါပဲ။

ခန့်မှန်းချက် = ၁-၁

အာဆင်နယ် vs ဝက်ဖို့ဒ်(စနေနေ့,ည၈:၃၀)

ကရာဘောင်ဖလားပြိုင်ပွဲမှာ စပါးအသင်းကို ရှုံးနိမ့်ခဲ့ပြီး ထွက်ခဲ့ရတဲ့အတွက် ဝက်ဖို့ဒ်အသင်းတို့စိတ်ပျက်နေမှာအမှန်ပါပဲ။အာဆင်နယ်အသင်းကတော့ ၅ပွဲဆက်အနိုင်ရယူဖို့ဆိုင်းပျင်းနေပြီး နည်းပြအမ်မရီလက်အောက်မှာ ရလဒ်ပိုင်းရော ခြေစွမ်းပိုင်းပါ အာဆင်နယ်အသင်းတည်ငြိမ်လာနေတာကိုတွေ့ရပါတယ်။

ခန့်မှန်းချက်=၂-၁

အဲဗာတန် vs ဖူလ်ဟမ်(စနေနေ့, ည ၈:၃၀ နာရီ)

အဲဗာတန် အသင်းအတွက် အသင်းရဲ့ အဓိကအားထားရတဲ့တိုက်စစ်မှူး ရစ်ချက်လီဆန်တစ်ယောက် ၃ပွဲပယ်ပြစ်ဒဏ်ကြောင့်မပါဝင်နိုင်တာဟာ အတော်လေး အခက်တွေ့ဖွယ်ရှိနေပါတယ်။ ဖူလ်ဟမ်အသင်းအတွက်တော့ တိုက်စစ်မှူး မီထရိုဗစ်တစ်ယောက် ဂိုးသွင်းခြေပြန်တွေ့နေပြီး ဝက်ဖို့ဒ်အသင်းကို သရေကျတဲ့ ပွဲဟာလည်း ဖူလ်ဟမ်းအသင်းအတော်လေးကံကောင်းနေခဲ့တာကိုတွေ့ရပါတယ်။ အဲဗာတန်အသင်းအတွက်တော့ ဒီပွဲဟာ အတော်လေးအကျပ်ရိုက်မယ့်ပွဲဖြစ်နိုင်ပြီး မိနစ်၂၀နောက်ပိုင်းဂိုးမသွင်းနိုင်ပါက အဲဗာတန်အသင်းမလွယ်တော့ပါဘူး။

ခန့်မှန်းချက်= ၂-၁


ဟယ်လ်ဒါဖီး vs တော့တင်ဟမ်(စနေနေ့ည ၈:၃၀)

မနှစ်က ဟယ်ဒါလ်ဖီးအသင်းကို အဝေးကွင်းမှာ တော့တင်ဟမ်တို့ဟာရီကိန်းရဲ့သွင်းဂိုးနဲ့ အောင်ပွဲခံခဲ့ပါတယ်။ဒီပွဲကတော့တော့တင်ဟမ်အသင်းအနိုင်ယူဖို့လွယ်ကူပါလိမ့်မယ်။စပါးတိုက်စစ်မှူးဟာရီကိန်းတစ်ယောက်အနေနဲ့ ရက်အနည်းငယ်လောက်အနားယူသင့်ပါတယ်။နေ့တိုင်းလေ့ကျင့်ခန်းဆင်း အိမ်ပြန်အနားယူ ပုံမှန်ကိစ္စတွေလုပ်တာတွေ စတဲ့အနားယူခြင်းမဟုတ်ပါဘူး။ မိသားစုနဲ့ ကမ်းခြေတစ်ခုမှာ အေးအေးဆေးဆေး အနားယူခွင့်ပေးတာမျိုးမှာ ပုံမှန်ခြေစွမ်းမျိုးပြန်ရလိမ့်မယ်ထင်ပါတယ်။

ခန့်မှန်းချက်= ဝ-၃

မန်စီးတီး vs ဘရိုက်တန်(စနေနေ့ , ည၈:၃၀)

မန်စီးတီးရဲ့ ပြဿနာက ချန်ပီယံလိပ်ပြိုင်ပွဲမှာ လိုင်ယွန်အသင်းကို ရှုံးနိမ့်ခဲ့တာပါ။ ဒါပင်မယ့် လည်း ပရီးမီးယားလိပ်မှာတော့မန်စီးတီးဟာ မနှစ်ကထက်တိုက်စစ်ခြေစွမ်းပြနေဆဲပါပဲ။ဒီပွဲပြီးတာနဲ့  ချန်ပီယံလိပ်ပွဲအဖြစ်ဟောဖိန်ဟိမ်းနဲ့ ကန်ရမှာမို့ ဒီပွဲကိုအနိုင်ယူပြီး စိတ်ဓာတ်မြှင့်တင့်ထားမှာပဲဖြစ်ပါတယ်။

ခန့်မှန်းချက်= ၂-ဝ


နယူးကာဆယ် vs လက်စတာ(စနေနေ့,ည ၈:၃၀)

လက်စတာအသင်းဟာ အသင်းကောင်းတစ်သင်းဖြစ်သော်လည်း နယူးကာဆယ်အသင်းက ခြေစွမ်းပိုင်းအရပိုကောင်းတာကြောင့် အိမ်ကွင်းအနိုင်ရသွားပါလိမ့်မယ်

ခန့်မှန်းချက် =၁-ဝ

ဝုလ်ဗ် vs ဆောက်တမ်တန်(စနေနေ့ည၈:၃၀)

ဝုလ်အသင်းဟာ ကစားပုံဟာ အတော်လေးကောင်းမွန်နေပြီး ကွင်းလယ်စုဖွဲ့မှုနဲ့ တိုက်စစ်ချိတ်ဆက်ပုံဟာ အတော်လေးအလုပ်ဖြစ်နေတာကြောင့် ဒီပွဲကိုအနိုင်ယူပြီး အဆင့် ၇သို့၈ အတွင်းဝင်ရောက်လာနိုင်ပါတယ်။

ခန့်မှန်းချက်=၂-ဝ

ချဲလ်ဆီး vs လီဗာပူးလ်(စနေနေ့, ည၁၁နာရီ)

ဒီပွဲကပွဲကြီးတစ်ကောင်းပွဲပါ။တစ်ပတ်အတွင်း အဆိုပါ ၂သင်းရဲ့ ဒုတိယကြိမ်မြောက်တွေ့ဆုံမှုပါပဲ။ ပထမပွဲမှာတော့ အင်ဒီဟာဇက်ရဲ့ ကမ္ဘာ့အဆင့်ဂိုးကို မြင်တွေ့ခဲ့ရပြီး ချဲလ်ဆီးအသင်းအတွက်တော့ ဟာဇက်ဟာ အဓိက လက်နက်တစ်ခုပါပဲ။

ဒါပင်မယ့်လည်း လီဗာပူးလ်အသင်းရဲ့ ဆာလာ၊ဖာမီနို ၊မာနေးတို့ရဲ့ အစုအဖွဲ့ ကို မေ့ထားလို့မရပါဘူး။ ဒါ့အပြင်အဆိုပါ လိပ်ဖလားပွဲမှာတုန်းကလီဗာပူးအသင်းဟာ အသင်းရဲ့ အဓိကနောက်တန်းလူ ၄ယောက်ကို အနားပေးထားခဲ့တာဖြစ်ပြီး ဒီပွဲမှာ ပြန်လည်ထုတ်သုံးမှာဖြစ်တဲ့အတွက် ချဲလ်ဆီးအသင်းမချောင်ပါဘူး။

သရေရလဒ်ဟာ လီဗာပူးလ်အသင်းအတွက် ပိုကောင်းတဲ့ အခြေအနေတစ်ခုဖြစ်ပင်မယ့် ချဲလ်ဆီးအသင်းအတွက် လီဗာပူးကို ဖြိုချမယ်ဆိုရင်တော့ ၆ပွဲဆက်နိုင်ပွဲစံချိန်ရပ်တန့်သွားမှာရယ် အမှတ်သာသွားနိုင်တာကြောင့် အသဲအသန်ကြိုးစားမှာပဲဖြစ်ပါတယ်။

ခန့်မှန်းချက်= ၁-၁

No comments

Powered by Blogger.