စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူထားခြင်းမရှိဘူးလို့ ငြင်းဆန်လိုက်တဲ့အင်ဒီဟာဇက်
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အီဒင်ဟာဇက်က ချဲလ်ဆီးအသင်းနည်းပြအသစ်ဆာရီရဲ့ လက်အောက်မှာပျော်ရွှင်နေသော်လည်းလန်ဒန်မှလာသောသတင်းများအရ သူကိုစာချုပ်အသစ်ထပ်မံတိုးမြင့်ချုပ်ဆိုမည့်ကိစ္စကိုအသိပေး ကြေညာဖို့အတွက်တော့ရေရေရာရာမသိရသေးဘူးလို့သတင်းများကဖော်ပြထားပါတယ်။
(Unicode)
စာချုပ်သစ်ချုပ်ဆိုဖို့သဘောတူထားခြင်းမရှိဘူးလို့ဆိုလိုက်တဲ့အင်ဒီဟာဇက်
အီဒင်ဟာဇက်က ခဲျလ်ဆီးအသင်းနည်းပြအသစ်ဆာရီရဲ့လက်အောက်မှာပျော်ရွှင်နေသော်လည်းလန်ဒန်မှလာသောသတင်းများအရ သူကိုစာချုပ်အသစ်ထပ်မံတိုးမြင့်ချုပ်ဆိုမည့်ကိစ္စကိုအသိပေး ကြေညာဖို့အတွက်တော့ရေရေရာရာမသိရသေးဘူးလို့သတင်းများကဖော်ပြထားပါတယ်။
ဟာဇက်က စတန်းဖို့ဘရစ်ချ်ကွင်းမှာနောက်၂နှစ်အထိဆက်လက်ရှိနေမှာဖြစ်ပါတယ်။သို့သော်လည်းရာသီမစတင်ခင်ထွက်ပေါ်လာတဲ့သတင်းများအရ ရီးရဲလ်အသင်းက သူကိုအသည်းအသန်ခေါ်ယူချင်ခဲ့ပြီးရတဲ့နည်းနဲ့အဆင်ပြေသလိုခေါ်ယူဖို့ဇွဲမလျော့ဘဲဆက်လက်ချိတ်ဆက်ထားပါသေးတယ်
"ကျွန်တော်စာချုပ်အသစ်မချုပ်ရသေးပါဘူး" လို့ဟာဇက်ကဆိုပါတယ်။ဟာဇက်ဟာ ပြီးခဲတဲ့ရက်ပိုင်းအတွင်းကယှဉ်ပြိုင်ကစားခဲ့တဲ့ ကာဘောင်ရာဖလားပြိုင်ပွဲဖြစ်တဲ့ လီဗာပူးလ်အသင်းကိုနှစ်ဂိုးတစ်ဂိုးနှင့်အနိုင်ရရှိခဲ့တဲ့ပွဲမှာဟာဇက်ကအနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။
လာမည့်စနေနေ့မှာ မာဆေးဆိုက်ကလပ်ဖြစ်တဲ့လီဗာပူးလ်အသင်းနှင့်ပရီးမီးယားလိဂ်ပွဲစဉ်တစ်ခုအနေနှင့်ထပ်မံတွေ့ဆုံယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါတယ်။ဟာဇက်ဟာအသင်းအတွက်၆ပွဲကစားပြီးနောက်၅ဂိုးအထိသွင်းယူပေးထားပြီးဖြစ်ပါတယ်။
ချဲလ်ဆီးနည်းပြဆာရီဟာ နည်းပြအသစ်အဖြစ်ယခုနှစ်ရာသီမစခင်မှပြောင်းရွေ့လာခဲ့ပြီးနည်းပြကွန်တီနေရာမှာအစားထိုးခံခဲ့ရပါတယ်။ သူရဲ့ကစားကွက်အပေါ်ဟာဇက်က ကစားဟန်ဟာဘောလုံးပိုင်ဆိုင်မှုအပေါ်အခြေခံကာ ကစားလေ့ရှိပါတယ်လို့သုံးသပ်ခဲ့ပါတယ်။
"ဆာရီက တကယ်နည်းပြကောင်းပါ။သူကဘောလုံးရဖို့အဓိကထားပါတယ်။အဲဒါကတခြားလူတွေနဲ့မတူတဲ့အရာပါ"လို့ဟာဇက်ကဆိုပါတယ်။
"ပြီးတော့သူဟာအီတလီသားတစ်ယောက်လည်းဖြစ်တယ်။အရင်နည်းပြကွန်တီလက်ထက်ကထက် နည်းပရိယာယ် ကစားကွက်တွေကအများကြီး၊ပြီးတော့ ကျွန်တော်တို့ကိုလေကျင့်လန်းအတော်လေးဆင်းခိုင်းပြီး၊မောင်းတယ်ဗျ"
"ဒီလိုတွေခံစားခဲ့ရတာတွေကိုမပြောချင်ဘူးဗျ။အဲဒီချိန်တုန်းက ကျွန်တော်တို့အတွက် ဘာမှမလွတ်လပ်ခဲ့ကြဘူး။ကွန်တီရော မော်ရင်ဟိုရောက ကျွန်တော်ဘာလုပ်ချင်လဲဆိုတာကောင်းကောင်းသိကြတယ်။အဲဒါက သူတို့လက်အောက်မှာကျွန်တော်ကိုယ်ကိုကောင်းအောင်လုပ်ခွင့်ရခဲ့ပါတယ်။"
နည်းပြဆာရီက သူရဲ့ကစားဟန်အနေအထားက ချဲလ်ဆီးအသင်းမှာပုံစံအသစ်ဖြစ်နေပြီး ကစားသမား နေရာချထားမှုနှင့်လူစာရင်းအပြောင်းအလဲ လည်းများခဲ့ပါတယ်။ဟာဇက်ကတော့အသင်းရဲ့တိုက်စစ်ကိုအကောင်းဆုံးပံပိုးပြီးဂိုးများများရဖို့ကူညီပေးနိုင်မယ်လို့ယုံကြည်နေပါတယ်။
ကစားသမား ခေါ်ယူမှုအနေနှင့်ဂျော်ဂင်ဟို ကို ကွင်းလယ်ခံစစ်အတွက်ခေါ်ယူခဲ့ပါတယ်။ကန်တီကတော့ တိုက်စစ်ကိုအကောင်းဆုံးကူညီပေးနိုင်မည်လို့မျှော်လင့်ထားပြီး ဒေးဗစ်လုဇ်ကတော့အသင်းဖော်တွေအတွက်အခွင့်အရေးတွေကိုဖန်တီးပေးမယ်လို့ဆိုပါတယ်။
လုဇ်ဟာ နည်းပြဟောင်းကွန်တီလက်အောက်မှာ ၁၀ပွဲသာကစားခွင့်ရခဲ့ပြီး လက်ရှိနည်းပြအသစ်ဆာရီရဲ့လက်အောက်မှာ ၆ပွဲအထိကစားခွင့်ရထားပါတယ်။
"ကျွန်တော်တို့ဆီမှာ မတူညီတဲ့ကစားသမားတွေရှိကြပါတယ်။တစ်ချို့ကစားသမားတွေဆိုပြီးခဲ့တဲ့ရာသီကတောင်နေရာမရခဲ့တဲ့လူတွေပါ။ကစားတိုင်းကဘောလုံးရဖို့ပဲအခုလိုလားနေပါတယ်"လို့ ဟာဇက်ကဆိုပါတယ်။
Post a Comment