Header Ads
"ပေါ့ဘာနဲ့မော်ရင်ဟိုနှစ်ယောက်စလုံးယူနိုက်တက်ကနေထွက်သွားရနိုင်ပါတယ်”
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
"ပေါ့ဘာနဲ့မော်ရင်ဟိုနှစ်ယောက်စလုံးယူနိုက်တက်ကနေထွက်သွားရနိုင်တယ်”
ဂျင်မီရက်နက်က ပေါ့ဘာနှင့်မော်ရင်ဟို ၂ဦးကြားက ပြသာနာတွေကြောင့် နှစ်ဦးစလုံး ယူနိုက်တက်အသင်းကထွက်ခွာနိုင်တယ်လို့ ယုံကြည်နေပါတယ်။
ပေါ့ဘာကယူနိုက်တက်အသင်းရဲ့ကစားပုံကိုပက်ပက်စက်စက်ဝေဖန်ထားမှုအပေါ်မော်ရင်ဟိုကဒေါသအကြီးအကျယ်ထွက်နေပါတယ်။ပြီးခဲ့တဲ့အပတ်က ယှဉ်ပြိုင်ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝုဗ်အသင်းကို၁ဂိုးစီသရေကျပြီးတဲ့နောက်ပေါ့ဘာက အသင်းရဲ့ကစားကွက်ကိုမေးခွန်းထုတ်ကာဝေဖန်ထားပါတယ်။
"ဒါဟာကျွန်တော်တို့အိမ်ကွင်းဗျ ။အိမ်ကွင်းမှာ တိုက်စစ် ဆင်မှုဆိုကာရှိကိုရှိသင့်တယ် အသင်းတိုင်းက ယူနိုက်တက် အသင်းနှင့်တွေ့ရင်အသင်းရဲ့တိုက်စစ်ကိုကြောက်နေရမယ်။ဒီနေ့ကျွန်တော်တို့အရမ်းမှားခဲ့ကြတယ်"
"ကျွန်တော်တိုပထမပိုင်းမှာ ၁ဂိုး ဂိုးမရှိနဲ့နိုင်နေတုန်းကအကောင်း။အဲဒါလည်းပြီးရောသူတို့အသင်းရဲတန်ပြန့်တိုက်စစ်ကိုထိန်းရင်းပင်ပန်းလာကြတယ်။ပြီးတော့တိုက်စစ်မှုးတွေကလည်းတိုက်စစ်ဆင်မှုကိုရပ်လိုက်ကြတယ်။ကျွန်တော်သူတို့ကိုဆက်တွန်းတိုက်ဖို့လုပ်တာမရတော့ဘူး"လို့ပေါ့ဘာကပွဲအပြီးမှာပြောကြားခဲ့ပါတယ်။
ရက်နက်ကအဆိုပါပြောကြားမှုတွေကြားပြီးတဲ့နောက်မှာပေါ့ဘာဟာ ယနေ့မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ကာရာဘောင်ဖလားပွဲစဉ်ဖြစ်တဲ့ဒီဘာအသင်းနှင့်ပွဲစဉ်မှာပါဝင်ကစားခွင့်မရဘဲချန်လှန်ခံခဲ့ရပါတယ်။ပေါ့ဘာက သူရဲ့ဝေဖန်ပြောကြားမှုတွေဟာ အချည်းနှီးဖြစ်ကာ အသုံးမဝင်ကြောင်းကိုကောင်းကောင်းသဘောပေါက်သွားမယ်လို့ ရက်နက်ကဆိုပါတယ်။
ရက်နက်က "ဒါကအကူအညီမဖြစ်ခဲ့ပါဘူး။ဒါကအဖြေတွေအတွက်တော့အလုပ်လုပ်စေခဲ့ပါတယ်။ငါသိပြီ ငါလုပ်ပြီ လို့ပဲပြောကြ မှာပါ။ဒါဟာ အဝတ်စားလဲခန်းမှာပဲကစားသမားတွေကိုပြောရမှာပါ။ဒါပေမယ့်ဒါကကူညီရာမရောက်ဘူးလို့ထင်တယ်။ဒါကိုသတင်းသမားတွေကိုပြောရမှာမဟုတ်ဘူးလေ။အသင်းနည်းပြကိုပြောရမှာပေါ့။"
"တကယ်အမှန်တရားက သူကမ္ဘာ့ဖလားပြီးထဲက ကောင်းကောင်းမနားရသေးဘူး။အဲဒါရဲ့အကျိုးဆက်ကြောင့်သူကောင်းကောင်းမကစားနိုင်ဘူး။နောက်နှစ် ကျရင်နှစ်ယောက်စလုံးအသင်းမှာရှိမယ်လို့ကိုမထင်ပါဘူး။"
ပေါ့ဘာယူနိုက်တက်အသင်းကို၂၀၁၆ခုနှစ်မှာဂျူဗင်တပ်စ်အသင်းမှ ပြောင်းရွေ့လာခဲ့ပါတယိ။ရက်နက်ကတော့ပေါ့ဘာဟာ သူရဲ့ဆိုးရွားလှတဲ့ခြေစွမ်းတွေကိုတာဝန်ယူပြင်ဆင်မယ်လို့ယုံကြည်နေပြီးမော်ရင်ဟိုကလည်းတစ်ခြားပြိုင်ဖက်နည်းပြတွေကိုလည်းစောင့်ကြည့်လေ့လာသင့်ပြီး ဘယ်ကစားသမားကောင်းဘယ်လိုခြေစွမ်းပြလဲဆိုတာကြည့်သင့်ပြီလို့ဆိုပါတယ်။
ရက်နက်က "သူတို့ပေါ့ဘာကိုအကောင်းဆုံးအနေအထားတစ်ခုထွက်လာအောင်လုပ်နိုင်မယ်လို့မထင်ပါဘူး။ဘာလို့လဲဆိုတော့သူကိုယ်တိုင်လုပ်ယူမှဖြစ်လေ။တချို့ခေတ်ပေါ်နာမည်ကြီးကစားသမားတွေအနေနဲ့ကိုယ့်အနေအထားကိုပြန်ကြည့်သင့်ပါတယ်။ဒါတွေကိုနည်းပြကတာဝန်ယူနေရတယ်လေ။ကလော့ဆီကနေအရည်အချင်းကောင်းတဲ့ကစားသမားတွေထွက်လာသလို ဂွာဒီယိုလာဆီမှာလဲရှိတယ်။ဒါပေမယ့်ဒီမှာကအရည်အချင်းရှိတဲ့သူတွေအလကားဖြစ်နေတယ်"
No comments
Powered by Blogger.