Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
FIFAအကောင်းဆုံး ကစားသမား၁၁ယောက် ဆုကို ၂၀၀၅ခုနှစ်မှစတင်၍ပေးအပ်လာခဲ့ပြီး နောက်ခံလူစာရင်းမှာ ဂျွန်တယ်ရီ ၆ကြိမ် ပီကေး၎ကြိမ် အထိပါဝင်ခဲ့ပါတယ်။
FIFAအကောင်းဆုံး ၁၁ယောက်မှာ ၈ရာသီဆက်တိုက်ပါဝင်လာခဲ့တဲ့ရာမို့စ်
ရီးရဲလ်မက်ဒရစ်အသင်း နောက်ခံလူ ဆာဂျီ ရာမို့စ်ဟာ FIFAကသတ်မှတ်တဲ့ မနှစ်ရာသီအကောင်းဆုံး ၁၁ယောက်လူစာရင်းကိုသူနှင့်အရည်အချင်းတူကစားသမား တွေကိုကျော်ကာ ၈ရာသီဆက်တိုက်ပါဝင်လာခဲ့ပါတယ်။
ယနေ့ညလန်ဒန်မှာကျင်းပပေးအပ်မည့်The Best ဂုဏ်ပြုအခမ်းအနားတွင် ကမ္ဘာ့အကောင်းဆုံး၁၁ယောက်လူစာရင်မှာ ပါဝင်သူများကိုဂုဏ်ပြုဆုပေးအပ်ကြေညာမည်လို့သိရပါတယ်။
ရာမို့စ်ဟာ အဆိုပါ ကမ္ဘာ့အကောင်းဆုံးအသင်းမှာ ၉ကြိမ်မြောက်ပါဝင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၁မှစ၍ ယခုနှစ်တိုင်အောင် ၈ကြိမ်ဆက်တိုက်ရရှိထားသူလည်းဖြစ်ပါတယ်။၂၀၀၈ခုနှစ် စပိန်အသင်းဖော် ပီကေးနှင့်အတူ ပထမဦးဆုံးအကြိမ်ရွေးချယ်ခံခဲ့ရပြီး နောက် ၂နှစ်ကျော်ကာ ၂၀၁၁မှစတင်၍ ပါဝင်ခဲ့ပါတယ်။
ရာမို့စ်က အဆိုပါ၁၁ယောက်မှာပါဝင်ဖို့ထိုက်တန်ရတဲ့အကြောင်းအရင်းတွေက သူက အရည်အချင်းပြည့်ဝတဲ့နောက်ခံလူတစ်ဦးဖြစ်ကာ အန္တရာယ်ကြားမှ သူရဲ့အသင်းအတွက်ပေးဆပ်ရဲ့တဲ့ကစားဟန် တွေကြောင့် ပဲဖြစ်ပါတယ်။သူဟာ အသင်းအတွက်နိုင်လိုစိတ်ပြင်းထန်ပြီးကတိတည်ကာ ပေးဆပ်လိုစိတ်အမြဲရှိသူလည်းဖြစ်ပါတယ်။သူရဲ့ပုံစံကိုလည်းဘယ်တော့မှမပြောင်းလဲတဲ့သူလည်းဖြစ်ပါတယ်။
အဆိုပါနောက်ခံလူက ဆုဖလားပေါင်း ၁၉ခုရရှိခဲ့ပြီး ဥရောပချန်ပီယံဖလား၂ကြိမ်နှင့် ကမ္ဘာဖလား တကြိမ် မှာ သူနာမည်ရေးထိုးထားပါတယ်။
လွန်ခဲ့တဲ့ ၁၄နှစ်က ရာမို့စ်ဟာ ရီးရဲလ်အသင်းကို ဆီဗီလာအသင်းမှ ပြောင်းရွေလာခဲ့ပြီး ပွဲပေါင်း၅၇၁ပွဲကိုနည်းပြ ပေါင်းများစွာပြောင်းလဲခဲ့သော်လည်း အသင်းအတူရှိကာ ကစားပေးခဲ့ပါတယ်။စပိန်လက်ရွေးစင်အသင်းအတွက်၁၅၈ပွဲတိတိကစားပေးထားပါတယ်။
လက်ရှိFIFAအကောင်းဆုံး ၁၁ယောက်စာရင်းမှာ စပိန်အသင်းဖော် အင်နီစတာနှင့်အတူ အများဆုံးပါဝင်ထားပါသေးတယ်။ရီးရဲလ်ဂိုးသမားဟောင်းကာစီးလက်စ်နှင့်အတူ ၅ကြိမ်ပါဝင်ထားပါတယ်။
FIFAအကောင်းဆုံး ကစားသမား၁၁ယောက် ဆုကို ၂၀၀၅ခုနှစ်မှစတင်၍ပေးအပ်လာခဲ့ပြီး နောက်ခံလူစာရင်းမှာ ဂျွန်တယ်ရီ ၆ကြိမ် ပီကေး၄ကြိမ် အထိပါဝင်ခဲ့ပါတယ်။
Post a Comment