Header Ads


ဒီဂိုးက ကၽြန္ေတာ္ရဲ႕ ထိပ္တန္းဂိုး၅ဂိုးထဲမွာပါမလားကၽြန္ေတာ္မသိဘူး။ဒါပင္မယ့္အရမ္းလန္းတယ္။



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

လီဗာပူးလ္အသင္းနဲ႔ ကရာေဘာင္ဖလားၿပိဳင္ပြဲမွာ ခ်ဲလ္ဆီးအသင္းအတြက္အႏိုင္ဂိုးကို လွလွပပသြင္းယူေပးခဲ့တဲ့ ဟာဇက္က သူ ့ရဲ႕ သြင္းဂိုးနဲ႔ပတ္သတ္ၿပီးအခုလို ျပန္ေျပာင္းေျပာဆိုခ်ီးက်ဴးသြားပါတယ္။

အဆိုပါပြဲမွာ ခ်ဲလ္ဆီးအသင္းဟာ ၁-၂ ျဖင့္အႏိုင္ရရွိခဲ့ၿပီး ကရာေဘာင္ဖလားရဲ႕ ေနာက္တစ္ဆင့္ကိုတက္ေရာက္သြားခဲ့ပါတယ္။ခ်ဲလ္ဆီးနဲ႔ လီဗာပူးလ္အသင္းဟာလာမယ့္စေနေန ့မွာ ပရီးမီးယားလိပ္မွာထပ္မံေတြ ့ဆံုရဦးမွာျဖစ္ၿပီး ဟာဇက္ရဲ႕ ခ်ဲလ္ဆီးအသင္းအေနျဖင့္ ဒီႏိုင္ပြဲက စိတ္ဓာတ္ပိုင္းအရအသာစီရသြားတာအေသအခ်ာပါပဲ။



" ဒီဂိုးကေတာ့ စပယ္ရွယ္ပဲဗ်ာ။အရည္အေသြးအျပည့္နဲ႔ေပါ့။ဒီကြင္းမွာကစားဖို ့ဆိုတာနည္းနည္းေတာ့ခက္ခဲၾကမ္းတမ္းပါတယ္။ဒါေၾကာင့္ဒီႏိုင္ပြဲဟာ ပိုအေရးႀကီးပါတယ္။ကန္တီနဲ႔ ခုံတန္းေပၚမွာစကားေျပာျဖစ္ခဲ့ေတာ့ သူက သူဟာ ပယ္နယ္တီမကန္ခ်င္ေၾကာင္း၊ အႏိုင္ဂိုးသာ သြင္းယူေစခ်င္ေၾကာင္းကၽြန္ေတာ့္ကိုေျပာျပခဲ့ပါတယ္။ကၽြန္ေတာ္လုပ္ျပႏိုင္ခဲ့တယ္။ဒါေၾကာင့္ ကၽြန္ေတာ္တို ့ေကာင္းေကာင္းေရွ ့ဆက္ႏိုင္သြားတယ္။"


" လာမယ့္စေနေန ့ပြဲက ပိုအေရးႀကီးတယ္လို ့ကၽြန္ေတာ္ထင္ပါတယ္။ ဒီဂိုးက ကၽြန္ေတာ့္ရဲ႕ အေကာင္းဆံုးဂိုး ၁၀ ဂိုးထဲမွာပါလား ကၽြန္ေတာ္မသိဘူး။ဒါပင္မယ့္ လည္း လီဗာပူးလ္နဲ႔ ပြဲကမို ့လို အေကာင္းဆံုးဂိုးျဖစ္ႏိုင္ပါတယ္။"

ခ်ဲလ္ဆီးလက္ေထာက္နည္းျပ ဇိုလာကလည္း

" အင္ဒီကေတာ့ ဥေရာပေရာ၊ကမာၻ ေပၚမွာပါ အေကာင္းဆံုးကစားသမားေတြထဲကတစ္ေယာက္ပါ။ ဒီေန ့သူလုပ္ျပခဲ့တာနဲ႔ ပတ္သတ္ၿပီး သြင္းယူျပခဲ့တဲ့ဂိုးဟာ သက္ေသပါပဲ။သူပိုေကာင္းလာဦးမွာပါ။ မွန္ကန္တဲ့အခ်ိန္မွာ မွန္ကန္တဲ့အရာေတြ သူလုပ္ျပရင္း ပိုေကာင္းလာဦးမွာပါ" လို ့ခ်ီးက်ဴးေျပာဆိုသြားပါတယ္။



(Unicode)

ဒီဂိုးက ကျွန်တော်ရဲ့ ထိပ်တန်းဂိုး၅ဂိုးထဲမှာပါမလားကျွန်တော်မသိဘူး။ဒါပင်မယ့်အရမ်းလန်းတယ်။

လီဗာပူးလ်အသင်းနဲ့ ကရာဘောင်ဖလားပြိုင်ပွဲမှာ ချဲလ်ဆီးအသင်းအတွက်အနိုင်ဂိုးကို လှလှပပသွင်းယူပေးခဲ့တဲ့ ဟာဇက်က သူ့ရဲ့ သွင်းဂိုးနဲ့ပတ်သတ်ပြီးအခုလို ပြန်ပြောင်းပြောဆိုချီးကျူးသွားပါတယ်။

အဆိုပါပွဲမှာ ချဲလ်ဆီးအသင်းဟာ ၁-၂ ဖြင့်အနိုင်ရရှိခဲ့ပြီး ကရာဘောင်ဖလားရဲ့ နောက်တစ်ဆင့်ကိုတက်ရောက်သွားခဲ့ပါတယ်။ချဲလ်ဆီးနဲ့ လီဗာပူးလ်အသင်းဟာလာမယ့်စနေနေ့မှာ ပရီးမီးယားလိပ်မှာထပ်မံတွေ့ဆုံရဦးမှာဖြစ်ပြီး ဟာဇက်ရဲ့ ချဲလ်ဆီးအသင်းအနေဖြင့် ဒီနိုင်ပွဲက စိတ်ဓာတ်ပိုင်းအရအသာစီရသွားတာအသေအချာပါပဲ။


" ဒီဂိုးကတော့ စပယ်ရှယ်ပဲဗျာ။အရည်အသွေးအပြည့်နဲ့ပေါ့။ဒီကွင်းမှာကစားဖို့ဆိုတာနည်းနည်းတော့ခက်ခဲကြမ်းတမ်းပါတယ်။ဒါကြောင့်ဒီနိုင်ပွဲဟာ ပိုအရေးကြီးပါတယ်။ကန်တီနဲ့ ခုံတန်းပေါ်မှာစကားပြောဖြစ်ခဲ့တော့ သူက သူဟာ ပယ်နယ်တီမကန်ချင်ကြောင်း၊ အနိုင်ဂိုးသာ သွင်းယူစေချင်ကြောင်းကျွန်တော့်ကိုပြောပြခဲ့ပါတယ်။ကျွန်တော်လုပ်ပြနိုင်ခဲ့တယ်။ဒါကြောင့် ကျွန်တော်တို့ကောင်းကောင်းရှေ့ဆက်နိုင်သွားတယ်။"

" လာမယ့်စနေနေ့ပွဲက ပိုအရေးကြီးတယ်လို့ကျွန်တော်ထင်ပါတယ်။ ဒီဂိုးက ကျွန်တော့်ရဲ့ အကောင်းဆုံးဂိုး ၁၀ ဂိုးထဲမှာပါလား ကျွန်တော်မသိဘူး။ဒါပင်မယ့် လည်း လီဗာပူးလ်နဲ့ ပွဲကမို့လို အကောင်းဆုံးဂိုးဖြစ်နိုင်ပါတယ်။"

ချဲလ်ဆီးလက်ထောက်နည်းပြ ဇိုလာကလည်း

" အင်ဒီကတော့ ဥရောပရော၊ကမ္ဘာ ပေါ်မှာပါ အကောင်းဆုံးကစားသမားတွေထဲကတစ်ယောက်ပါ။ ဒီနေ့သူလုပ်ပြခဲ့တာနဲ့ ပတ်သတ်ပြီး သွင်းယူပြခဲ့တဲ့ဂိုးဟာ သက်သေပါပဲ။သူပိုကောင်းလာဦးမှာပါ။ မှန်ကန်တဲ့အချိန်မှာ မှန်ကန်တဲ့အရာတွေ သူလုပ်ပြရင်း ပိုကောင်းလာဦးမှာပါ" လို့ချီးကျူးပြောဆိုသွားပါတယ်။

No comments

Powered by Blogger.