ခ်ီးက်ဴးဂုုဏ္ျပဳဖိုု ့အေမ့ေလ်ာ ့ခံနည္းျပတစ္ေယာက္(သိုု ့မဟုုတ္) အူႏိုုင္းအမ္မရီ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဒီရာသီပရီးမီးယားလိပ္မွာဒိတ္ဒိတ္က်ဲ စြမ္းေဆာင္ရည္ေတြကိုု စြမ္းေဆာင္ျပထားတဲ့ ဂ်ာဂန္ကေလာ့၊ဆာရီ နဲ ့ပတ္ဂြာဒီယိုုလာ စတဲ့ နည္းျပေတြကိုုပဲခ်ီးက်ဴးေနၾကပါတယ္။တကယ္တမ္းက် ႏွစ္ ၂၀ ေက်ာ္နီးပါးအရိုုးစြဲေနတဲ့အသင္းကို ရလဒ္ေကာင္းေတြနဲ ့ျပန္လည္တည္ၿငိမ္လာေအာင္ စြမ္းေဆာင္ေပးထားတဲ့ အေမ့ေလ်ာ ့ခံနည္းျပတစ္ဦးရိွလိုု ့ေနပါတယ္။
ပရီးမီးယားလိပ္ရာသီအစအဖြင့္ပြဲစဥ္၂ပြဲဆက္ ရံႈးနိမ့္မႈေၾကာင့္ဖိအားေတြေအာက္က်ေရာက္ခဲ့ရတဲ့ အာဆင္နယ္အသင္းဟာ ဒီရာသီေျခစြာေနတဲ့ ၀က္ဖို ့ဒ္အသင္းကိုု ၂-၀ ျဖင့္အနိုုင္ရၿပီးေနာက္ ၆ပြဲဆက္ႏိုုင္ပြဲေတြနဲ ့အတူ ၿပိဳင္ပြဲစံုုအရပ္ရပ္ ၇ ပြဲဆက္အနိုုင္နဲ ့အသင္းကို ရလဒ္ပိုုင္းတည္ၿငိမ္ေအာင္ နည္းျပသစ္အူႏိုုင္းအမ္မရီတစ္ေယာက္စြမ္းေဆာင္ေပးထားပါတယ္။
နည္းျပအမ္မရီက သူ ့ရဲ ့အာဆင္နယ္နည္းျပဘ၀ပထမဆံုုး၄လဟာ အရမ္းကိုေက်နပ္စရာေကာင္းၿပီး သူ ့အသင္းသားေတြဆီက အရမ္းကိုုမ်ားျပားတဲ့ ညိႈ ့နိႈင္းမႈေတြေတာင္းဆိုုထားတာေၾကာင့္ သူေက်နပ္ေနပါတယ္လိုု ့ေျပာၾကားလိုုက္ပါတယ္။
ရာသီအစအဖြင့္ပြဲစဥ္ ၂ပြဲျဖစ္တဲ့ မန္စီးတီးအသင္းနဲ ့ခ်ဲလ္ဆီးအသင္းတိုု ့ကိုု ရံႈူးနိမ့္ခဲ့ၿပီးေနာက္ နည္းျပအမ္မရီဟာ အသင္းကို ရလဒ္ပိုင္းအရေရာ၊ေျခစြမ္းပိုင္းအရပါ ျပန္လည္တည့္မတ္လာေအာင္ဦးေဆာင္ထားၿပီး ၇ပြဲဆက္ႏိုုင္ပြဲရရိွေအာင္ လုုပ္ျပထားေသာ္လည္းအသင္းရဲ ့ေနာက္တန္းကစားပံုုကေတာ့ အမွားမ်ားလ်က္ရိွၿ႔ပီး ပြဲတိုုင္းဂိုုးေပးထားရပါတယ္။
စပိန္လူမ်ိဴးနည္းျပ အမ္မရီကေတာ့ အသင္းကိုု ပိုုမိုုတိုုးတက္လာေအာင္ မွန္ကန္တဲ့ကစားကြက္ကိုု ခ်ထားလ်က္ရိွပါတယ္လိုု ့စေန ေန ့ မီဒီယာမ်ားနဲ ့ေတြ ့ဆံုစဥ္မွာ ေျပာၾကားခဲ့ပါတယ္။
“ ကၽြန္ေတာ္အရမ္းေပ်ာ္ပါတယ္။ဘာလိုု ့လဲဆိုုေတာ့ ကၽြန္ေတာ့္ ကစားသမားေတြနဲ ့အလုုပ္ကိုု ခ်စ္ပါတယ္။ ကၽြန္ေတာ့္ကစားသမားေတြကိုု ကၽြန္ေတာ့္အလုုပ္အေၾကာင္းရွင္းျပႏိုုင္တဲ့အခါကၽြန္ေတာ္လိုု ခ်င္တဲ့ အရာကိုု သူတိုု ့ေကာင္းေကာင္းတံုု ့ျပန္ႏိုုင္ၾကပါတယ္။ပြဲတိုုင္းကိုု ရလဒ္ေကာင္းေတြနဲ ့ေပါ့။ အခုုေနာက္ဆံုုးပြဲနဲ ့ပတ္သတ္ၿပီး ကၽြန္ေတာ္အရမ္းေပ်ာ္ရပါတယ္။”
“ ကၽြန္ေတာ့္အတြက္ အခုုအခ်ိန္ကေတာ့ အရမ္းေကာင္းတဲ့ အေတြ ့အၾကံဳတစ္ခုုပါပဲ။ပြဲေတြအမ်ားၾကီးက်န္ပါေသးတယ္။ေန ့ရက္ေတြလည္းအမ်ားၾကီးက်န္ပါေသးတယ္။ကၽြန္ေတာ့္ရဲ ့အေတြ ့အၾကံဳ၊ အသိညဏ္ေတြ ့နဲ ့ဒီအသင္းကိုု ႏွစ္ေပါင္းမ်ားစြာအထိတိုုးတက္လာနိုုင္လိမ့္မယ္လိုု ့ေမ ွ်ာ္လင့္ပါတယ္။ဒါပင္မယ့္အခုုေတာ့ ကလပ္ဟာ ကၽြန္ေတာ့္ကိုု အေကာင္းျမင္ေစႏိုုင္မယ့္အရာေတြေပးထားတယ္လိုု ့ထင္ပါတယ္။”
“ကၽြန္ေတာ္ေန ့တိုုင္းအလုုပ္ၾကိဳးစားလုုပ္ပါတယ္။ကစားသမားေတြဆီက ကတိေပးေတြေတာင္းထားပါတယ္။ အရမ္းေကာင္းသြားတာေပါ့။ ကၽြန္ေတာ့္အတြက္လည္းစိန္ေခၚမႈတစ္ခုုလိုု ျဖစ္သြားပါတယ္။ကၽြန္ေတာ့္ စိန္ေခၚမႈေတြနဲ ့ပတ္သတ္ၿပီး ကစားသမားေတြကိုုေလ့လာဖိုု ့ ေ၀မ ွ်ခ်င္သလို အတူတကြတိုုးတက္သြားေစခ်င္ပါတယ္။”
၇ပြဲဆက္ႏိုုင္ပြဲစံခ်ိန္ဟာ ဂန္းနားေတြကိုု ေရွ ့ဆက္မယ့္ပြဲေတြအတြက္ ယံုုၾကည္မႈတိုုးပြားေစပါတယ္။
“ ပြဲတိုုင္းက ကၽြန္ေတာ္တိုု ့ကိုု ယံုုၾကည္မႈေတြရဖိုု ့အခြင့္အေရးေပးပါတယ္။ကၽြန္ေတာ္တို ့ႏိုုင္ပြဲေတြရယူေနပါတယ္။ ကၽြန္ေတာ့္အထင္ေတာ့ ယံုုၾကည္မႈဆိုုေတာ့ ကစားသမားတစ္ေယာက္ခ်င္းစီအတြက္အေကာင္းဆံုုးပါပဲ။ၿပီးေတာ့ ကၽြန္ေတာ့္တိုု ့ရဲ ့စုုေပါင္းအလုုပ္စြမ္းအင္ေတြေရာေပါ့။”
ဒါပင္မယ့္လည္း နည္းျပအူႏိုုင္းအမ္မရီအတြက္ေတာ့ အဂၤလန္မွာ အေကာင္းမျမင္ႏိုုင္တဲ့ အရာတစ္ခုုရိွေနပါတယ္။
အဲ့ဒါကေတာ့ ၿဗိတိန္ရဲ ့ရာသီဥတုုပါပဲ။ စပိန္ရဲ ့ေျမာက္ပိုင္းမွာေနထိုုင္ခဲ့တဲ့ နည္းျပအမ္မရီကိုုယ္တိုုင္ လန္ဒန္ရဲ ့မိုးတစ္စိစိ နဲ ့ရာသီဥတုုကိုု စိတ္ပ်က္ေနပါတယ္။
“ ကၽြန္ေတာ္ စပိ္န္ေျမာက္ပိုုင္းမွာ ေမြးဖြားလာသူပါ။မိုးဥတုုနဲ ့အတူေပါ့။ၿပီးေတာ့စပ္ိန္မွာ ေနေရာင္ျခည္နဲ ့အတူေနထိုုင္ခဲ့ပါတယ္။ကၽြန္ေတာ္ေနမင္းၾကီးကိုုခ်စ္ပါတယ္။ဒါပင္မယ့္လည္း မိုုးရြာဖို့လိုုပါေသးတယ္ေလ။ဒီမွာ မိုုးသိပ္မရြာရင္ေကာင္းမယ္ထင္ပါတယ္။” လိုု ့ေျပၾကားခဲ့ပါတယ္။
(Unicode)
ဒီရာသီပရီးမီးယားလိပ်မှာဒိတ်ဒိတ်ကျဲ စွမ်းဆောင်ရည်တွေကို စွမ်းဆောင်ပြထားတဲ့ ဂျာဂန်ကလော့၊ဆာရီ နဲ့ပတ်ဂွာဒီယိုလာ စတဲ့ နည်းပြတွေကိုပဲချီးကျူးနေကြပါတယ်။တကယ်တမ်းကျ နှစ် ၂၀ ကျော်နီးပါးအရိုးစွဲနေတဲ့အသင်းကို ရလဒ်ကောင်းတွေနဲ့ပြန်လည်တည်ငြိမ်လာအောင် စွမ်းဆောင်ပေးထားတဲ့ အမေ့လျော့ခံနည်းပြတစ်ဦးရှိလို့နေပါတယ်။
ပရီးမီးယားလိပ်ရာသီအစအဖွင့်ပွဲစဉ်၂ပွဲဆက် ရှုံးနိမ့်မှုကြောင့်ဖိအားတွေအောက်ကျရောက်ခဲ့ရတဲ့ အာဆင်နယ်အသင်းဟာ ဒီရာသီခြေစွာနေတဲ့ ဝက်ဖို့ဒ်အသင်းကို ၂-၀ ဖြင့်အနိုင်ရပြီးနောက် ၆ပွဲဆက်နိုင်ပွဲတွေနဲ့အတူ ပြိုင်ပွဲစုံအရပ်ရပ် ၇ ပွဲဆက်အနိုင်နဲ့အသင်းကို ရလဒ်ပိုင်းတည်ငြိမ်အောင် နည်းပြသစ်အူနိုင်းအမ်မရီတစ်ယောက်စွမ်းဆောင်ပေးထားပါတယ်။
နည်းပြအမ်မရီက သူ့ရဲ့အာဆင်နယ်နည်းပြဘဝပထမဆုံး၄လဟာ အရမ်းကိုကျေနပ်စရာကောင်းပြီး သူ့အသင်းသားတွေဆီက အရမ်းကိုများပြားတဲ့ ညှို့နှိုင်းမှုတွေတောင်းဆိုထားတာကြောင့် သူကျေနပ်နေပါတယ်လို့ပြောကြားလိုက်ပါတယ်။
ရာသီအစအဖွင့်ပွဲစဉ် ၂ပွဲဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ချဲလ်ဆီးအသင်းတို့ကို ရှုူံးနိမ့်ခဲ့ပြီးနောက် နည်းပြအမ်မရီဟာ အသင်းကို ရလဒ်ပိုင်းအရရော၊ခြေစွမ်းပိုင်းအရပါ ပြန်လည်တည့်မတ်လာအောင်ဦးဆောင်ထားပြီး ၇ပွဲဆက်နိုင်ပွဲရရှိအောင် လုပ်ပြထားသော်လည်းအသင်းရဲ့နောက်တန်းကစားပုံကတော့ အမှားများလျက်ရိြှ့ပီး ပွဲတိုင်းဂိုးပေးထားရပါတယ်။
စပိန်လူမျိူးနည်းပြ အမ်မရီကတော့ အသင်းကို ပိုမိုတိုးတက်လာအောင် မှန်ကန်တဲ့ကစားကွက်ကို ချထားလျက်ရှိပါတယ်လို့စနေ နေ့ မီဒီယာများနဲ့တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။
“ ကျွန်တော်အရမ်းပျော်ပါတယ်။ဘာလို့လဲဆိုတော့ ကျွန်တော့် ကစားသမားတွေနဲ့အလုပ်ကို ချစ်ပါတယ်။ ကျွန်တော့်ကစားသမားတွေကို ကျွန်တော့်အလုပ်အကြောင်းရှင်းပြနိုင်တဲ့အခါကျွန်တော်လို ချင်တဲ့ အရာကို သူတို့ကောင်းကောင်းတုံ့ပြန်နိုင်ကြပါတယ်။ပွဲတိုင်းကို ရလဒ်ကောင်းတွေနဲ့ပေါ့။ အခုနောက်ဆုံးပွဲနဲ့ပတ်သတ်ပြီး ကျွန်တော်အရမ်းပျော်ရပါတယ်။”
“ ကျွန်တော့်အတွက် အခုအချိန်ကတော့ အရမ်းကောင်းတဲ့ အတွေ့အကြုံတစ်ခုပါပဲ။ပွဲတွေအများကြီးကျန်ပါသေးတယ်။နေ့ရက်တွေလည်းအများကြီးကျန်ပါသေးတယ်။ကျွန်တော့်ရဲ့အတွေ့အကြုံ၊ အသိညဏ်တွေ့နဲ့ဒီအသင်းကို နှစ်ပေါင်းများစွာအထိတိုးတက်လာနိုင်လိမ့်မယ်လို့မေ ျှာ်လင့်ပါတယ်။ဒါပင်မယ့်အခုတော့ ကလပ်ဟာ ကျွန်တော့်ကို အကောင်းမြင်စေနိုင်မယ့်အရာတွေပေးထားတယ်လို့ထင်ပါတယ်။”
“ကျွန်တော်နေ့တိုင်းအလုပ်ကြိုးစားလုပ်ပါတယ်။ကစားသမားတွေဆီက ကတိပေးတွေတောင်းထားပါတယ်။ အရမ်းကောင်းသွားတာပေါ့။ ကျွန်တော့်အတွက်လည်းစိန်ခေါ်မှုတစ်ခုလို ဖြစ်သွားပါတယ်။ကျွန်တော့် စိန်ခေါ်မှုတွေနဲ့ပတ်သတ်ပြီး ကစားသမားတွေကိုလေ့လာဖို့ ဝေမ ျှချင်သလို အတူတကွတိုးတက်သွားစေချင်ပါတယ်။”
၇ပွဲဆက်နိုင်ပွဲစံချိန်ဟာ ဂန်းနားတွေကို ရှေ့ဆက်မယ့်ပွဲတွေအတွက် ယုံကြည်မှုတိုးပွားစေပါတယ်။
“ ပွဲတိုင်းက ကျွန်တော်တို့ကို ယုံကြည်မှုတွေရဖို့အခွင့်အရေးပေးပါတယ်။ကျွန်တော်တို့နိုင်ပွဲတွေရယူနေပါတယ်။ ကျွန်တော့်အထင်တော့ ယုံကြည်မှုဆိုတော့ ကစားသမားတစ်ယောက်ချင်းစီအတွက်အကောင်းဆုံးပါပဲ။ပြီးတော့ ကျွန်တော့်တို့ရဲ့စုပေါင်းအလုပ်စွမ်းအင်တွေရောပေါ့။”
ဒါပင်မယ့်လည်း နည်းပြအူနိုင်းအမ်မရီအတွက်တော့ အင်္ဂလန်မှာ အကောင်းမမြင်နိုင်တဲ့ အရာတစ်ခုရှိနေပါတယ်။
အဲ့ဒါကတော့ ဗြိတိန်ရဲ့ရာသီဥတုပါပဲ။ စပိန်ရဲ့မြောက်ပိုင်းမှာနေထိုင်ခဲ့တဲ့ နည်းပြအမ်မရီကိုယ်တိုင် လန်ဒန်ရဲ့မိုးတစ်စိစိ နဲ့ရာသီဥတုကို စိတ်ပျက်နေပါတယ်။
“ ကျွန်တော် စပိန်မြောက်ပိုင်းမှာ မွေးဖွားလာသူပါ။မိုးဥတုနဲ့အတူပေါ့။ပြီးတော့စပိန်မှာ နေရောင်ခြည်နဲ့အတူနေထိုင်ခဲ့ပါတယ်။ကျွန်တော်နေမင်းကြီးကိုချစ်ပါတယ်။ဒါပင်မယ့်လည်း မိုးရွာဖို့လိုပါသေးတယ်လေ။ဒီမှာ မိုးသိပ်မရွာရင်ကောင်းမယ်ထင်ပါတယ်။” လို့ပြေကြားခဲ့ပါတယ်။
Post a Comment