Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
"ဒီဆုယူနေတာကို ရိုနယ်လ်ဒို နဲ့မက်ဆီ နှစ်ဦးစလုံးကို မြင်စေချင်ပါတယ်”##မိုဒရစ်
ဂျုဗင်တပ်အသင်း ကြယ်ပွင့်ကစားသမား ရိုနယ်လ်ဒိုနှင့် ဘာစီလိုနာအသင်း ကြယ်ပွင့်ကစားသမား မက်ဆီတို့ နှစ်ဦးက FIFAရဲ့ အကောင်းဆုံးဆုနှင့်လွဲချော်ကာ ရီးရဲလ်မက်ဒရစ်အသင်း ကွင်းလယ်ကစားသမား လူကာမိုဒရစ်က ရရှိခဲ့ပါတယ်။
လူကာမိုဒရစ် က အဆိုပါဆုနှင့်ပတ်သက်ပြီး သူက ဒီဆုရရှိနေတာကိုရိုနယ်လ်ဒိုနှင့်မက်ဆီတို့အားမြင်တွေ့ရရှိစေလိုတယ်လို့်ဝန်ခံပြောကြားလိုက်ပါတယ်။
မိုဒရစ်ဟာ အဆိုပါဆုကို ဆာလာ နှင့်ရိုနယ်လ်ဒိုတို့ကိုကျော်ကာ လန်ဒန်မြေမှာသိမ်းပိုက်ခဲ့ပါတယ်။အဆိုပါဆုပေးပွဲကို ရိုနယ်လ်ဒိုရော မက်ဆီပါတက်ရာက်ခဲ့ခြင်းမရှိပါဘူး။
မိုဒရစ်ဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်အသင်းကို ချန်ပီယံလိဂ် ဖလား ၃ကြိမ်ဆက်တိုက်ရရှိအောင်စွမ်းဆောင်ကူညီပေးခဲ့တဲ့အပြင်လက်ရွေးစင် အသင်းဖြစ်တဲ့ ခရိုအေးရှားအသင်းကိုလည်းကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
"လူတိုင်းမှာသူတို့အတွက်ကိုယ်ပိုင်အကြောင်းပြတွေရှိနေတယ်"လို့ဆိုပါတယ်။
"သိသိသာသာကြီးပါ။သူတို့ဒီကိုလာလိမ့်မယ်လို့ထင်ခဲ့တာ။ဒါပေမယ့်သူတိုမလာခဲ့ဘူး"
မင်းရဲ့အသင်းဖော်ဟောင်းရိုနယ်လ်ဒိုနှင့်ပတ်သက်ပြီးစကားပြောခဲ့သေးလားမေးမြန်းရာUEFA Men's player of the Yearဆုရှင် မိုဒရစ်က "No" လို့ တစ်လုံးတည်းဖြေကြားခဲ့ပါတယ်။
"UEFAဆုရတဲ့နေ့က သူစာပို့ခဲ့တယ်။ဒါပေမယ့်အခုထိဘာမှမပါဘူး။
အခုကျွန်တော်ဖုန်းနဲ့မရှိတော့ အခုသူစာပို့ထားကောင်းပို့ထားနိုင်မယ်"
ရိုနယ်လ်ဒို အဆိုပါဆုကိုပြီးခဲ့တဲ့နှစ်က ၂ကြိမ်ဆက်တိုက်ရရှိခဲ့ပြီ လက်ရှိ မိုဒရစ် နောက်မှာ သာ တန်းစီကာဆုနှင့်လွဲချော်သွားခဲ့ပါတယ်။မိုဒရစ်က သူရဲ့နောက်မှာ အသင်းဖော်တွေဖြစ်ကြတဲ့ ဂရစ်ဇ်မန်း နှင့်ဗာရိမ်းတို့ကိုမဲပေးရွေးချယ်ခဲ့ပါတယ်။
အသက်၃၃နှစ် အရွယ် မိုဒရစ်က သူအောင်မြင်မှုတွေနှင့်ပတ်သက်ပြီး 
ဆွေးနွေးပြောဆိုမှုတွေကိုစိတ်မဝင်စားဘူးလို့ဆိုပါတယ်။
"ကျွန်တော်ဒီဆုကို ရသင့်တယ်၊မရသင့်ဘူး။အဲဒါတွေပတ်သက်ပြီး အငြင်းအခုံလုပ်ပြီးဝင်မဆွေးနွေးချင်ပါဘူး။ကျွန်တော်အခုပြောချင်တာက ကျွန်တော်ကိုမဲပေးခဲ့တဲ့သူတွေထောက်ခံခဲ့တဲ့သူတွေ ကြောင့်အခုလိုကောင်းကောင်းရပ်တည်နိုင်တာပါ။အဲဒါကြောင့်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်"
No comments
Powered by Blogger.