Header Ads


႐ိုနယ္ဒိုတစ္ေယာက္ရီးရဲလ္ကေနထြက္ခြာခဲ့တဲ့အေၾကာင္းအရင္းကိုေျပာျပခဲ့တဲ့ရီးရဲလ္ဥကၠ႒ပီးရက္ဇ္



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ရီးရဲလ္မက္ဒရစ္ဥကၠ႒ ဖလိုရန္တီႏိုပီးရက္ဇ္က ဂ်ဴဗင္တပ္စ္တိုက္စစ္မွဴး ႐ိုနယ္ဒိုဟာ ကိုယ္ေရးကိုယ္တာကိစၥေၾကာင့္ရီးရဲလ္အသင္းကေနထြက္ခြာသြားခဲ့တာျဖစ္ေၾကာင္းနဲ႔ ရီးရဲလ္ဟာ သူ႔ရဲ႕ အိမ္တစ္ဖြယ္အၿမဲတမ္းျဖစ္ေနပါလိမ့္မယ္လို ့ေျပာၾကားခဲ့ပါတယ္။

ေဘာ္လြန္ဒီေအာ္၅ႀကိမ္ဆုရ႐ိုနယ္ဒိုဟာ ဒီႏွစ္ေႏြရာသီအေျပာင္းအေရႊ ့မွာ စပိန္ကလပ္နဲ႔ လမ္းခြဲခဲ့ၿပီး ယူ႐ို သန္း၁၀၀ ျဖင့္အီတလီကိုေျပာင္းေရႊ ့သြားခဲ့တာပဲျဖစ္ပါတယ္။ရီးရဲလ္အသင္းအတြက္ ပြဲေပါင္း ၄၃၈ ပြဲကစားခဲ့ၿပီး ဂိုး၄၅၀ ထိသြင္းယူခဲ့ကာကလပ္ရဲ႕ ထိပ္တန္းသြင္းဂိုးအမ်ားဆံုးကစားသမားတစ္ဦးျဖစ္လာခဲ့ပါတယ္။


" ရီးရဲလ္မက္ဒရစ္အသင္းက အသင္းကစားသမားေတြအေပၚသတ္မွတ္ထားတဲ့ စာခ်ဳပ္ဖ်က္သိမ္းေၾကးဟာ အသင္းကေန မထြက္ခြာေစဖို ့ပါ။"

" ဒီႏွစ္ရဲ႕ အက်ိဳးအျမတ္အရွိဆံုးအေရာင္းတစ္ခုကေတာ့ ႐ိုနယ္ဒိုပါပဲ။သူ ့ရဲ႕ ကိုယ္ေရးကိုယ္တာ ကိစၥေၾကာင့္အသင္းကေနထြက္ခြာခ်င္ခဲ့တာပါ။ တစ္စံုတစ္ေရာက္က ရွင္းလင္းခ်က္လိုခ်င္လို ့ေတာင္းဆိုလာရင္ေတာ့ သေဘာတူညီရမွာေပါ့ဗ်ာ"

" ဂ်ဴဗင္တပ္စ္ရဲ႕ သန္း၁၀၀ ထက္ဘယ္သူမွ ပိုကမ္းလွမ္းတာမရွိခဲ့ဘူး။ကၽြန္ေတာ္တို ့လည္း ဘာမွမတတ္ႏိုင္ဘူးဗ်ာ။ဒါပင္မယ့္ သူဒီအက်ႌ ဝတ္ဆင္ၿပီးစြမ္းေဆာင္ေပးခဲ့တဲ့အရာေတြအတြက္ေက်းဇူးတင္ပါတယ္။"

" ဒီစတီဖာႏို ၿပီးရင္ေတာ့သူဟာထာဝရအေကာင္းဆံုးတစ္ေယာက္ပဲ။ရီးရဲလ္ဟာ သူ ့အတြက္ အိမ္လို အၿမဲတမ္းျဖစ္ေနမွာပါ။" လို ့ပီးရက္ဇ္က Ok Diario ကိုေျပာၾကားခဲ့ပါတယ္။

(Unicode)


ရိုနယ်ဒိုတစ်ယောက်ရီးရဲလ်ကနေထွက်ခွာခဲ့တဲ့အကြောင်းအရင်းကိုပြောပြခဲ့တဲ့ရီးရဲလ်ဥက္ကဋ္ဌပီးရက်ဇ်

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ဖလိုရန်တီနိုပီးရက်ဇ်က ဂျူဗင်တပ်စ်တိုက်စစ်မှူး ရိုနယ်ဒိုဟာ ကိုယ်ရေးကိုယ်တာကိစ္စကြောင့်ရီးရဲလ်အသင်းကနေထွက်ခွာသွားခဲ့တာဖြစ်ကြောင်းနဲ့ ရီးရဲလ်ဟာ သူ့ရဲ့ အိမ်တစ်ဖွယ်အမြဲတမ်းဖြစ်နေပါလိမ့်မယ်လို့ပြောကြားခဲ့ပါတယ်။

ဘော်လွန်ဒီအော်၅ကြိမ်ဆုရရိုနယ်ဒိုဟာ ဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာ စပိန်ကလပ်နဲ့ လမ်းခွဲခဲ့ပြီး ယူရို သန်း၁၀၀ ဖြင့်အီတလီကိုပြောင်းရွှေ့သွားခဲ့တာပဲဖြစ်ပါတယ်။ရီးရဲလ်အသင်းအတွက် ပွဲပေါင်း ၄၃၈ ပွဲကစားခဲ့ပြီး ဂိုး၄၅၀ ထိသွင်းယူခဲ့ကာကလပ်ရဲ့ ထိပ်တန်းသွင်းဂိုးအများဆုံးကစားသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။

" ရီးရဲလ်မက်ဒရစ်အသင်းက အသင်းကစားသမားတွေအပေါ်သတ်မှတ်ထားတဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ အသင်းကနေ မထွက်ခွာစေဖို့ပါ။"

" ဒီနှစ်ရဲ့ အကျိုးအမြတ်အရှိဆုံးအရောင်းတစ်ခုကတော့ ရိုနယ်ဒိုပါပဲ။သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့်အသင်းကနေထွက်ခွာချင်ခဲ့တာပါ။ တစ်စုံတစ်ရောက်က ရှင်းလင်းချက်လိုချင်လို့တောင်းဆိုလာရင်တော့ သဘောတူညီရမှာပေါ့ဗျာ"

" ဂျူဗင်တပ်စ်ရဲ့ သန်း၁၀၀ ထက်ဘယ်သူမှ ပိုကမ်းလှမ်းတာမရှိခဲ့ဘူး။ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်ဘူးဗျာ။ဒါပင်မယ့် သူဒီအင်္ကျီ ဝတ်ဆင်ပြီးစွမ်းဆောင်ပေးခဲ့တဲ့အရာတွေအတွက်ကျေးဇူးတင်ပါတယ်။"

" ဒီစတီဖာနို ပြီးရင်တော့သူဟာထာဝရအကောင်းဆုံးတစ်ယောက်ပဲ။ရီးရဲလ်ဟာ သူ့အတွက် အိမ်လို အမြဲတမ်းဖြစ်နေမှာပါ။" လို့ပီးရက်ဇ်က Ok Diario ကိုပြောကြားခဲ့ပါတယ်။

No comments

Powered by Blogger.