မန္ခ်က္စတာယူႏိုုက္တက္ရဲ ့ေနာက္ဆံုုးရသတင္းတိုုမ်ား

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မန္ခ်က္စတာယူႏိုက္တက္ပရိတ္သတ္မ်ားဟာ အဂၤလန္အသင္းမွာေျခစြမ္းျပဂိုးေတြသြင္းယူေပးေနတဲ့ တိုက္စစ္မွဴးမားကပ္စ္ရပ္ဖို ့ဒ္ကို အသင္းမွာ ပြဲထြက္ခြင့္မ်ားမ်ားေပးဖို ့ေတာင္းဆိုေနၾကေၾကာင္းသိရပါတယ္။

အိုက္စလန္အသင္းနဲ႔ ပြဲမွာ ဘယ္လ္ဂ်ီယံအသင္းအတြက္ ၂ဂိုးသြင္းယူေပးခဲ့တဲ့ လူကာကူဟာ ယူႏိုက္တက္မွာ ယံုၾကည္မႈေတြျပန္လည္ရရွိလာဖို ့အားေကာင္းသြားၿပီလို ့ဘယ္လ္ဂ်ီယံအသင္းေဖာ္ ခ်ဲလ္ဆီးစတား အင္ဒီဟာဇက္က ခ်ီးက်ဴးလိုက္ပါတယ္။

ယူႏိုက္ဆက္ကစားသမားေဟာင္းဂယ္ရီနဗီးလ္က အကယ္၍ ေပါ့ဘာသာ အျခားအသင္းမွာသြားကစားလိုပါကယူႏိုက္တက္ကေန ထြက္ခြာသင့္တယ္လို ့ေျပာၾကားလိုက္ပါတယ္။

ခ်ဲလ္ဆီးကစားသမားေဟာင္း မက္ခီလီလီက ယူႏိုက္တက္နည္းျပေမာ္ရင္ဟို က ကစားသမားမ်ိဳးဆက္တစ္ခုၿပီးတစ္ခုကို ျဖတ္သန္းထိန္းေက်ာင္းေနရတာေၾကာင့္ ေျခကုန္လက္ပန္းက်ေနတယ္လို ့ဆိုလိုက္ပါတယ္။

အဂၤလန္အသင္းအတြက္ကစားေပးရင္းဦးေခါင္းဒဏ္ရာရရွိသြားခဲ့တဲ့ လုခ္ေရွာဟာ လာမယ့္စေနေန ့မွာကစားမယ့္ ဝက္ဖို ့ဒ္အသင္းနဲ႔ ပြဲ ဒါမွမဟုတ္ ခ်န္ပီယံအုပ္စုအဖြင့္ပြဲအျဖစ္ ယန္းဘြိဳင္းနဲ႔ ပြဲမွာပါဝင္ဖို ့ရွိေနပါတယ္။
(Unicode)
မန်ချက်စတာယူနိုက်တက်ပရိတ်သတ်များဟာ အင်္ဂလန်အသင်းမှာခြေစွမ်းပြဂိုးတွေသွင်းယူပေးနေတဲ့ တိုက်စစ်မှူးမားကပ်စ်ရပ်ဖို့ဒ်ကို အသင်းမှာ ပွဲထွက်ခွင့်များများပေးဖို့တောင်းဆိုနေကြကြောင်းသိရပါတယ်။
အိုက်စလန်အသင်းနဲ့ ပွဲမှာ ဘယ်လ်ဂျီယံအသင်းအတွက် ၂ဂိုးသွင်းယူပေးခဲ့တဲ့ လူကာကူဟာ ယူနိုက်တက်မှာ ယုံကြည်မှုတွေပြန်လည်ရရှိလာဖို့အားကောင်းသွားပြီလို့ဘယ်လ်ဂျီယံအသင်းဖော် ချဲလ်ဆီးစတား အင်ဒီဟာဇက်က ချီးကျူးလိုက်ပါတယ်။
ယူနိုက်ဆက်ကစားသမားဟောင်းဂယ်ရီနဗီးလ်က အကယ်၍ ပေါ့ဘာသာ အခြားအသင်းမှာသွားကစားလိုပါကယူနိုက်တက်ကနေ ထွက်ခွာသင့်တယ်လို့ပြောကြားလိုက်ပါတယ်။
ချဲလ်ဆီးကစားသမားဟောင်း မက်ခီလီလီက ယူနိုက်တက်နည်းပြမော်ရင်ဟို က ကစားသမားမျိုးဆက်တစ်ခုပြီးတစ်ခုကို ဖြတ်သန်းထိန်းကျောင်းနေရတာကြောင့် ခြေကုန်လက်ပန်းကျနေတယ်လို့ဆိုလိုက်ပါတယ်။
အင်္ဂလန်အသင်းအတွက်ကစားပေးရင်းဦးခေါင်းဒဏ်ရာရရှိသွားခဲ့တဲ့ လုခ်ရှောဟာ လာမယ့်စနေနေ့မှာကစားမယ့် ဝက်ဖို့ဒ်အသင်းနဲ့ ပွဲ ဒါမှမဟုတ် ချန်ပီယံအုပ်စုအဖွင့်ပွဲအဖြစ် ယန်းဘွိုင်းနဲ့ ပွဲမှာပါဝင်ဖို့ရှိနေပါတယ်။
Post a Comment