လီဗာပူးလ္နည္းျပဂ်ာဂန္ကေလာ့ရဲ ့လက္ေအာက္မွာကစားခ်င္ေနတဲ့ အာရြန္ရမ္ေဆး
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
လီဗာပူးလ္အသင္းဟာအာဆင္နယ္အသင္းကြင္းလယ္ကစားသမား ရမ္ေဆးကိုေခၚယူရန္ျပင္ဆင္ေနၿပီးတဲ့ေနာက္မွာ ရမ္ေဆးကိုယ္တိုင္ကလည္း နည္းျပကေလာဂ့္ရဲ႕လက္ေအာက္မွာကစားဖို႔ေမ်ွာ္လင့္ခ်က္ေတြမ်ားကာစိတ္ အားထက္သန္ေနပါတယ္။
အာဆင္နယ္အသင္းကြင္းလယ္လူ က ယခုႏွစ္ရာသီကုန္လ်ွင္အသင္းႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆံုးမည္ျဖစ္ပါတယ္။မၾကာခင္လပိုင္းက အသင္းႏွင့္ေလးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုရန္ သေဘာတူညီမႈရ႐ွိခဲ့ေသာ္လည္း အသင္းဖက္မွ အဆိုပါကမ္းလွမ္းမႈကိုပယ္ဖ်က္ခဲ့ၿပီးအသင္းမွာဆက္႐ွိေနခ်င္တဲ့ေမ်ွာ္လင့္ခ်က္ကို႐ိုက္ခ်ိဳးခံခဲ့ရပါတယ္။
ရမ္ေဆးဟာ ၂၀၀၈ခုႏွစ္ထဲကအာဆင္နယ္အသင္းကိုေရာက္႐ွိလာခဲ့ပါတယ္။သူကိုယခုႏွစ္ရာသီကုန္လ်ွင္ျကိုက္တဲ့အသင္းကိုလြတ္ေျပာင္းေရြ႔ေၾကးႏွင့္ေျပာင္းေရြ႔ႏိုင္မည္ျဖစ္ပါတယ္။
ကလပ္ေတာ္ေတာ္မ်ားက သူကိုေခၚယူရန္စိတ္ဝင္စားေနၿပီး အဲဒီအသင္းေတြထဲမွာ ယူႏိုက္တက္အသင္း ခဲ်လ္ဆီး ဂ်ဴဗင္ တို႔အျပင္ယခုအခါလီဗာပူးလ္အသင္းပါ ပါဝင္လာၿပီျဖစ္ပါတယ္။
The Mirrorရဲ႕ေဖာ္ျပခ်က္အရ ရမ္ေဆးဟာ လီဗာပူးလ္အသင္းနည္းျပကေလာ့ရဲ႕ကစားကြက္ ႏွင့္ပံုစံအေနအထားကိုသေဘာက်စိတ္ဝင္စားေနၿပီး လီဗာပူးလ္အသင္းဖက္ကိုေရြးခ်ယ္ဖို႔ပိုမိုအားသန္ေနပါတယ္။အသက္၂၇ႏွစ္အရြယ္ရမ္ေဆးက အသင္းေဖာ္ေဟာင္း ခ်ိန္ဘာလိမ္ႏွင့္ျပန္လည္တြဲကစားရန္ပိုမိုစိတ္ဝင္စားေနၿပီျဖစ္ပါတယ္။လီဗာပူးလ္အသင္းကလည္း သူကိုေခၚယူရန္ကမ္းလွမ္းထားၿပီး ပရီးမီးယားလိဂ္ ဖလားကိုကိုုင္လႈပ္ႏိုင္ဖို႔အတြက္အင္အားေတာင့္တငိးေအာင္ျပင္ဆင္ေနပါတယ္။
ရမ္ေဆးက အာဆင္နယ္နည္းျပ အမ္မရီကို သူနဲ႔အဆင္ေျပမည့္ မည္သည့္ေနရာမဆိုကစားဖို႔အဆင္သင့္႐ွိတယ္လို႔ဆိုခဲ့ေသာ္လည္း အမ္မရီကမူ သူရဲ႕ကစားကြက္အစီအစဥ္အတြက္ေဆြးေႏြးညႇိႏႈိင္းၿပီးေနာက္ ရမ္ေဆးအသင္းကေနထြက္ခြာဖို႔မ်ားေနၿပီျဖစ္ေၾကာင္းအတည္ျပဳေျပာၾကားထားပါတယ္။
အာဆင္နယ္အသင္းက အဆိုပါကြင္းလယ္ကစားသမားအတြက္ကုန္က်စရိတ္ကိုေလ်ာ့ခ်ခဲ့ၿပီး ေသခ်ာေျဖရွင္းနိုုင္ျခင္းမ႐ွိေနတဲ့အေနအထားေတြေၾကာင့္အတိအက်ဆိုဖို႔ရာ မလြယ္ကူပါဘူး။ရမ္ေဆးက လက္႐ွိတစ္ပတ္လစာေပါင္၁သိန္း၁ေသာင္းတိတိရ႐ွိေနပါတယ္။သူကအသင္းမွာဆက္႐ွိေနလာတာေၾကာင့္စာခ်ဳပ္ကိစၥေျပာၾကားစဥ္ကလစာပါေလ်ာ့ယူရန္သေဘာတူညီခဲ့ပါေသးသည္။
(Unicode)
လီဗာပူးလ်နည်းပြဂျာဂန်ကလော့ရဲ့လက်အောက်မှာကစားချင်နေတဲ့ အာရွန်ရမ်ဆေး
လီဗာပူးလ်အသင်းဟာအာဆင်နယ်အသင်းကွင်းလယ်ကစားသမား ရမ်ဆေးကိုခေါ်ယူရန်ပြင်ဆင်နေပြီးတဲ့နောက်မှာ ရမ်ဆေးကိုယ်တိုင်ကလည်း နည်းပြကလောဂ့်ရဲ့လက်အောက်မှာကစားဖို့မျှော်လင့်ချက်တွေများကာစိတ် အားထက်သန်နေပါတယ်။
အာဆင်နယ်အသင်းကွင်းလယ်လူ က ယခုနှစ်ရာသီကုန်လျှင်အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပါတယ်။မကြာခင်လပိုင်းက အသင်းနှင့်လေးနှစ်စာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့သော်လည်း အသင်းဖက်မှ အဆိုပါကမ်းလှမ်းမှုကိုပယ်ဖျက်ခဲ့ပြီးအသင်းမှာဆက်ရှိနေချင်တဲ့မျှော်လင့်ချက်ကိုရိုက်ချိုးခံခဲ့ရပါတယ်။
ရမ်ဆေးဟာ ၂၀၀၈ခုနှစ်ထဲကအာဆင်နယ်အသင်းကိုရောက်ရှိလာခဲ့ပါတယ်။သူကိုယခုနှစ်ရာသီကုန်လျှင်ကြိုက်တဲ့အသင်းကိုလွတ်ပြောင်းရွေ့ကြေးနှင့်ပြောင်းရွေ့နိုင်မည်ဖြစ်ပါတယ်။
ကလပ်တော်တော်များက သူကိုခေါ်ယူရန်စိတ်ဝင်စားနေပြီး အဲဒီအသင်းတွေထဲမှာ ယူနိုက်တက်အသင်း ခဲျလ်ဆီး ဂျူဗင် တို့အပြင်ယခုအခါလီဗာပူးလ်အသင်းပါ ပါဝင်လာပြီဖြစ်ပါတယ်။
The Mirrorရဲ့ဖော်ပြချက်အရ ရမ်ဆေးဟာ လီဗာပူးလ်အသင်းနည်းပြကလော့ရဲ့ကစားကွက် နှင့်ပုံစံအနေအထားကိုသဘောကျစိတ်ဝင်စားနေပြီး လီဗာပူးလ်အသင်းဖက်ကိုရွေးချယ်ဖို့ပိုမိုအားသန်နေပါတယ်။အသက်၂၇နှစ်အရွယ်ရမ်ဆေးက အသင်းဖော်ဟောင်း ချိန်ဘာလိမ်နှင့်ပြန်လည်တွဲကစားရန်ပိုမိုစိတ်ဝင်စားနေပြီဖြစ်ပါတယ်။လီဗာပူးလ်အသင်းကလည်း သူကိုခေါ်ယူရန်ကမ်းလှမ်းထားပြီး ပရီးမီးယားလိဂ် ဖလားကိုကိုင်လှုပ်နိုင်ဖို့အတွက်အင်အားတောင့်တငိးအောင်ပြင်ဆင်နေပါတယ်။
ရမ်ဆေးက အာဆင်နယ်နည်းပြ အမ်မရီကို သူနဲ့အဆင်ပြေမည့် မည်သည့်နေရာမဆိုကစားဖို့အဆင်သင့်ရှိတယ်လို့ဆိုခဲ့သော်လည်း အမ်မရီကမူ သူရဲ့ကစားကွက်အစီအစဉ်အတွက်ဆွေးနွေးညှိနှိုင်းပြီးနောက် ရမ်ဆေးအသင်းကနေထွက်ခွာဖို့များနေပြီဖြစ်ကြောင်းအတည်ပြုပြောကြားထားပါတယ်။
အာဆင်နယ်အသင်းက အဆိုပါကွင်းလယ်ကစားသမားအတွက်ကုန်ကျစရိတ်ကိုလျော့ချခဲ့ပြီး သေချာဖြေရှင်းနိုင်ခြင်းမရှိနေတဲ့အနေအထားတွေကြောင့်အတိအကျဆိုဖို့ရာ မလွယ်ကူပါဘူး။ရမ်ဆေးက လက်ရှိတစ်ပတ်လစာပေါင်၁သိန်း၁သောင်းတိတိရရှိနေပါတယ်။သူကအသင်းမှာဆက်ရှိနေလာတာကြောင့်စာချုပ်ကိစ္စပြောကြားစဉ်ကလစာပါလျော့ယူရန်သဘောတူညီခဲ့ပါသေးသည်။
Post a Comment