Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ပြီးခဲ့တဲ့ စနေနေ့ က အိုထရက်ဖို့ ဒ်ကွင်းမှာ ယူနိုက်တက်အသင်းဟာ ဝုလ်ဗ်အသင်းကို ဧည့်ခံကစားခဲ့ရာ - ဖြင့်သရေရလဒ်နဲ့ သာကျေနပ်ခဲ့ပြီး ချန်ပီယံအိပ်မက်ဟာလည်း တဖြည်းဖြည်းဝေဝါးသွားပြီပဲဖြစ်ပါတယ်။
(Unicode)
မော်ရင်ဟိုရဲ့ နည်းစနစ်ပိုင်းရော၊ဆန်းချက်စ်ရဲ့ခြေစွမ်းအပေါ် ပေါ့ဘာတစ်ယောက်ဘာတွေထောက်ပြပြောဆိုခဲ့တာလဲ??
တိုက်စစ်!တိုက်စစ်!တိုက်စစ်! ဒီစကားသံတွေဟာ ယူနိုက်တက်ရဲ့ ဂန္တဝင်နည်းပြကြီးဖာဂူဆန်အနားယူပြီးနောက်ပိုင်း အသင်းပရိတ်သတ်တွေဆီက အကြားရဆုံးစကားသံတွေပါပဲ။
ဖာဂူဆန် ဖန်တီးတည်ဆောက်ခဲ့တဲ့ ဆုဖလားတွေအမြဲရယူနိုင်တဲ့ အသင်းဖြစ်လာဖို့လက်ရှိမော်ရင်ဟိုရဲ့ ယူနိုက်တက်အသင်းမှာ အဓိကလိုအပ်နေတာက တိုက်စစ်ကစားဟန်ပါပဲ။
ယခု တစ်ကြိမ် " တိုက်စစ်!" ဆိုတဲ့ စကားသံဟာ အသင်းပရိတ်သတ်တွေဆီက ပဲမဟုတ်တော့ပါဘူး။အသင်းရဲ့ ပြောင်းရွှေ့ကြေးအမြင့်ဆုံးကစားသမား ကွင်းလယ်လူ ပေါ့ဘာဆီကပါ။
ပြီးခဲ့တဲ့ စနေနေ့က အိုထရက်ဖို့ဒ်ကွင်းမှာ ယူနိုက်တက်အသင်းဟာ ဝုလ်ဗ်အသင်းကို ဧည့်ခံကစားခဲ့ရာ ၁-၁ ဖြင့်သရေရလဒ်နဲ့ သာကျေနပ်ခဲ့ပြီး ချန်ပီယံအိပ်မက်ဟာလည်း တဖြည်းဖြည်းဝေဝါးသွားပြီပဲဖြစ်ပါတယ်။
" ကျွန်တော်တို့အိမ်ကွင်းမှာဆိုရင်တော့ တိုက်စစ်၊တိုက်စစ် တိုက်စစ် ဆင်သင့်တယ်ထင်တယ်ဗျာ" 
" ဒါဟာ အိုထရက်ဖို့ဒ်ဗျ၊ ကျွန်တော်တို့က ဒီမှာတိုက်စစ်ကစားရမှာလေ၊ မန်ချက်စတာယူနိုက်တက်သာ တိုက်စစ်ကစားရင်အသင်းတိုင်းကြောက်လန့်နေလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။အဲ့နေ့ပွဲကကျွန်တော်တို့အမှားကြောင့်ပေါ့"
" ၁-၀ နဲ့ ကျွန်တော်တို့နိုင်နေတော့ အေးဆေးပေါ့။ သူတို့အသင်းရဲ့ တန်ပြန်တိုက်စစ်ကိုပဲ ကာကွယ်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပင်မယ့် ဒုတိယပိုင်းကျ ပထမပိုးလို တိုက်စစ်မကစားတော့ဘူး။ အဲ့တော့ သူတို့ကို ဒုက္ခပေးလို့မရတော့ဘူး"
" ဒါဟာ အိုထရက်ဖို့ဒ်ပါ။ မနှစ်က တော့တင်ဟမ်၊လီဗာပူး၊ချဲလ်ဆီး၊အာဆင်နယ်တို့နဲ့ ကစားခဲ့သလို တိုက်စစ်ဆင် ဖိအားပေးကစားရမှာပါ။ ကျွန်တော်တို့အဲ့လို ကစားရင် အေးဆေးပါပဲ"
ဒါဆိုရင် ဒီလိုကစားဟန်ကို ကစားဖို့ဘယ်သူကခွင့်မပြုတာလဲ?? နည်းပြမော်ရင်ဟိုလား??
" ကျွန်တော်မပြောပြနိုင်ပါဘူး။ဘာလို့လဲဆိုတော့ ကျွန်တော်ဟာ ကစားသမားတစ်ယောက်ပါ။ဒါဟာ ကျွန်တော်နဲ့ မဆိုင်ပါဘူး။"
ပေါ့ဘာ ခနဲ့နဲ့ ရယ်သံဖြင့်ထပ်မံပြောဆိုခဲ့ပါတယ်။
" ကျွန်တော်က မန်နေဂျာမှ မဟုတ်တာ၊ ကျွန်တော် မပြောပြနိုင်ဘူး။ ဒါပင်မယ့် ထင်ထင်ရှားရှားပါပဲ။ ကျွန်တော်တို့တွေ နည်းလမ်းပေါင်းစုံကို ပြသင့်ပါတယ်။ကျွန်တော်တို့ကောင်းကောင်းရွှေ့လျားကစားသင့်ပါတယ်။" လို့ဝေဖန်ပြောကြားလိုက်ပါတယ်။
" ဒါပင်မယ့် ကျွန်တော်တို့စိုးရိမ်စရာမလိုပါဘူး။သို့သော်လည်း အနီးကပ်ဆုံးဖြစ်အောင်ကျွန်တော်တို့လုပ်သင့်တယ်။အိမ်ကွင်း၃ပွဲကစားခဲ့တယ်။၄ မှတ်ပဲရတာတော့ သိပ်မမိုက်ဘူးဗျာ၊ဒီလောက်နဲ့ မလုံလောက်ဘူး" လို့ပြောကြားလိုက်ပါတယ်။
ယူနိုက်တက်မှာ ရုန်းကန်နေရတဲ့ အသင်းရဲ့ လစာအမြင့်ဆုံးကစားသမား ဆန်းချက်စ်နဲ့ ပတ်သတ်ပြီး ပေါ့ဘာက
" ဆန်းချက်စ်နဲ့ ပတ်သတ်ပြီး ခင်ဗျားတို့တွေသိရမှာက ဒီဘဲက အရမ်းကြိုးစားတဲ့ ကစားသမားဗျ၊ကောင်းကောင်းလေ့ကျင့်တယ်။အသင်းကို ကူညီပေးတယ်။အသင်းနဲ့ရော အရာရာတိုင်းနဲ့ရော ပြောဆိုဆွေးနွေးတယ်။သူ အသားကျလာမှာပါ။"
"အခြားအသင်းမှာ အကြာကြီးကန်လာပြီးမှ ကစားဟန်မတူတဲ့ အသင်းမှာ ကစားရရင်တော့ လိုက်လျောညီထွေမှုရှိဖို့အချိန်လိုအပ်ပါတယ်။"
"သူ့ကစားပုံဆိုးရွားနေတာမဟုတ်ပါဘူး။အလက်ဆစ်ဆန်းချက်ဟာ မြောက်များစွာယူဆောင်ပေးနိုင်တယ်ဆိုတာ ကျွန်တော်တို့တွေအကုန်လုံးသိပါတယ်။ အဲ့တော့ သူပြန်လာနိုင်မယ်လို့ကျွန်တော်သေချာပေါက်ပြောရဲပါတယ်။သေချာပါတယ်။သူပြန်လာပါလိမ့်မယ်။ဒါပင်မယ့် သူ ကစားပုံဆိုးရွားနေလို့မဟုတ်ဘူးနော်။သူ အကောင်းမြင်စိတ်ကို ဆက်ထိန်းတတ်ပါတယ်။ ဒါဟာ ကျွန်တော်တို့တွေတွေးတောရမယ့် ကောင်းတဲ့အရာပါ" လို့ပြောကြားခဲ့ပါတယ်။
No comments
Powered by Blogger.