Header Ads


စပါး vs လီဗာပူး(ပရီးမီးယားလိပ္ရင္ခုန္သံ-၅)ပြဲႀကိဳသံုးသပ္ခ်က္




Unicode သမားများအောက်ဆွဲဖတ်ပေးပါ

အခ်ိန္-၁၅.၉.၂၀၁၈(စေနေန ့) (ညေန ၆နာရီ)
ကြင္း-ဝင္ဘာေလ(စပါး)

ႏိုင္ငံတကာပြဲစဥ္မ်ားအၿပီး ပရီးမီးယားလိပ္ပြဲစဥ္မ်ားစတင္တဲ့ အပတ္မွာေတာ့ ပြဲႀကီးပြဲေကာင္းတစ္ပြဲကို ၾကည့္ရႈရေတာ့မွာပဲျဖစ္ပါတယ္။ပိုခ်က္တီႏိုရဲ႕ စပါးအသင္းဟာ ပြဲစဥ္၄မွာေတာ့ ထိပ္တန္းေျခစြမ္းျပတဲ့ ဝက္ဖို ့ဒ္အသင္းကို ရံႈးနိမ့္ခဲ့ပါတယ္။ေဘာလံုးပိုင္ဆိုင္မႈအသာစီးရရွိခဲ့ေသာ္လည္း တိုက္စစ္ပိုင္းမွာ ဟာရီကိန္းတစ္ေယာက္ပံုမွန္ေျခစြမ္းျပဖို ့႐ုန္းကန္ေနရတာေၾကာင့္  သြင္းဂိုးေတြအတြက္ ဟာရီကိန္းမရွိရင္ ဘယ္သူတာဝန္ယူမလဲ နည္းျပပိုခ်က္တီႏိုတစ္ေယာက္အေျဖရွာရပါမယ္။ အသင္းရဲ႕ အဓိကဂိုးသမား ဟူဂိုလိုရစ္တစ္ေယာက္ ေပါင္ျခံဒဏ္ရာျပႆနာေၾကာင့္ ယခုပြဲစဥ္အပါအဝင္ပြဲစဥ္ေတာ္ေတာ္မ်ားမ်ားလြဲေခ်ာ္ဖြယ္ရွိေနသလို ဒယ္လီအယ္လီဟာလည္း တံေကာက္ေၾကာဒဏ္ရာေၾကာင့္ ယခုပြဲကိုလြဲေခ်ာ္ဦးမွာပဲျဖစ္ပါတယ္။



လီဗာပူးလ္အသင္းကေတာ့ အဖြင့္ပြဲ ၄ပြဲစလံုးကိုအႏိုင္ရရွိခဲ့ေသာ္လည္း ေနာက္ဆံုးပြဲ လက္စတာစီးတီးကို အေဝးကြင္းမွာ အႏိုင္ရခဲ့ပြဲမွာေတာ့ ေျခစြမ္းပိုင္းအရ အနည္းငယ္႐ုန္းကန္ခဲ့ရတာကိုေတြ ့ရပါတယ္။ အထူးသျဖင့္တိုက္စစ္ပိုင္းဟာ အေကာင္းဆံုးအေနထားမွာရွိေနပင္မယ့္ ကြင္းလယ္ခံစစ္နဲ ့ေနာက္တန္းတို ့ခ်ိတ္ဆက္ရာမွာ အားနည္းေနသလို အလိမ္အေခါက္နဲ႔ ျမန္နႈန္းေကာင္းတဲ့ စပါးတိုက္စစ္ကစားသမား လူးကပ္စ္ေမာ္ရာကို ေသခ်ာထိန္းခ်ဳပ္ရဖို ့ရွိေနပါတယ္။ ဒါပင္မယ့္လည္း ဒီပြဲရဲ႕ အေျဖကို ေျပာင္းလဲေပးႏိုင္တဲ့ တိုက္စစ္အတြဲျဖစ္တဲ့ မာေနး၊ဆာလာနဲ႔ ဖာမီႏိုတို ့သာျဖစ္ၿပီး လီဗာပူးလ္ ဂိုးသမားအသစ္အယ္လီဆန္တစ္ေယာက္ ဒီပြဲမွာ ထပ္မံအမွားက်ဴးလြန္ဦးမလားေစာင့္ၾကည့္ရပါမယ္။



ေနာက္ဆံုးပြဲအေျခအေနမ်ား

စပါး-W,W,W,L
လီဗာပူးလ္-W,W,W,W

ခန္ ့မွန္းလူစာရင္း






ခန္ ့မွန္းခ်က္

**စပါး ၁-၂ လီဗာပူးလ္**

(Unicode)




စပါး vs လီဗာပူး(ပရီးမီးယားလိပ်ရင်ခုန်သံ-၅)ပွဲကြိုသုံးသပ်ချက်

အချိန်-၁၅.၉.၂၀၁၈(စနေနေ့) (ညနေ ၆နာရီ)
ကွင်း-ဝင်ဘာလေ(စပါး)

နိုင်ငံတကာပွဲစဉ်များအပြီး ပရီးမီးယားလိပ်ပွဲစဉ်များစတင်တဲ့ အပတ်မှာတော့ ပွဲကြီးပွဲကောင်းတစ်ပွဲကို ကြည့်ရှုရတော့မှာပဲဖြစ်ပါတယ်။ပိုချက်တီနိုရဲ့ စပါးအသင်းဟာ ပွဲစဉ်၄မှာတော့ ထိပ်တန်းခြေစွမ်းပြတဲ့ ဝက်ဖို့ဒ်အသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။ဘောလုံးပိုင်ဆိုင်မှုအသာစီးရရှိခဲ့သော်လည်း တိုက်စစ်ပိုင်းမှာ ဟာရီကိန်းတစ်ယောက်ပုံမှန်ခြေစွမ်းပြဖို့ရုန်းကန်နေရတာကြောင့်  သွင်းဂိုးတွေအတွက် ဟာရီကိန်းမရှိရင် ဘယ်သူတာဝန်ယူမလဲ နည်းပြပိုချက်တီနိုတစ်ယောက်အဖြေရှာရပါမယ်။ အသင်းရဲ့ အဓိကဂိုးသမား ဟူဂိုလိုရစ်တစ်ယောက် ပေါင်ခြံဒဏ်ရာပြဿနာကြောင့် ယခုပွဲစဉ်အပါအဝင်ပွဲစဉ်တော်တော်များများလွဲချော်ဖွယ်ရှိနေသလို ဒယ်လီအယ်လီဟာလည်း တံကောက်ကြောဒဏ်ရာကြောင့် ယခုပွဲကိုလွဲချော်ဦးမှာပဲဖြစ်ပါတယ်။



လီဗာပူးလ်အသင်းကတော့ အဖွင့်ပွဲ ၄ပွဲစလုံးကိုအနိုင်ရရှိခဲ့သော်လည်း နောက်ဆုံးပွဲ လက်စတာစီးတီးကို အဝေးကွင်းမှာ အနိုင်ရခဲ့ပွဲမှာတော့ ခြေစွမ်းပိုင်းအရ အနည်းငယ်ရုန်းကန်ခဲ့ရတာကိုတွေ့ရပါတယ်။ အထူးသဖြင့်တိုက်စစ်ပိုင်းဟာ အကောင်းဆုံးအနေထားမှာရှိနေပင်မယ့် ကွင်းလယ်ခံစစ်နဲ့နောက်တန်းတို့ချိတ်ဆက်ရာမှာ အားနည်းနေသလို အလိမ်အခေါက်နဲ့ မြန်နှုန်းကောင်းတဲ့ စပါးတိုက်စစ်ကစားသမား လူးကပ်စ်မော်ရာကို သေချာထိန်းချုပ်ရဖို့ရှိနေပါတယ်။ ဒါပင်မယ့်လည်း ဒီပွဲရဲ့ အဖြေကို ပြောင်းလဲပေးနိုင်တဲ့ တိုက်စစ်အတွဲဖြစ်တဲ့ မာနေး၊ဆာလာနဲ့ ဖာမီနိုတို့သာဖြစ်ပြီး လီဗာပူးလ် ဂိုးသမားအသစ်အယ်လီဆန်တစ်ယောက် ဒီပွဲမှာ ထပ်မံအမှားကျူးလွန်ဦးမလားစောင့်ကြည့်ရပါမယ်။



နောက်ဆုံးပွဲအခြေအနေများ

စပါး-W,W,W,L
လီဗာပူးလ်-W,W,W,W

ခန့်မှန်းလူစာရင်း





ခန့်မှန်းချက်

**စပါး ၁-၂ လီဗာပူးလ်**

No comments

Powered by Blogger.