Header Ads


သူမ်ားေျပာတဲ့အ႐ူးစကားေတြကၽြန္ေတာ္နားမေထာင္ပါဘူး။##ဒီဂီယာ




Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

Young Boys အသင္းနဲ႔ ခ်န္ပီယံလိပ္ပြဲမတိုင္ခင္ ယူႏိုက္တက္ဂိုးသမားဒီဂီယာက သူ ့အေပၚ ေဝဖန္မႈမ်ားနဲ႔ ပတ္သတ္တဲ့ေမးခြန္းေတြကို ေျဖၾကားခဲ့ပါတယ္။

" ခ်န္ပီယံလိပ္မွာ ကၽြန္ေတာ္တို ့ေတြ တိုးတက္ေကာင္းမြန္ေအာင္လုပ္ေဆာင္ခ်င္ပါတယ္။ဒါဟာ တကယ့္ရွယ္ၿပိဳင္ပြဲတစ္ခုပါ။ယူႏိုက္တက္အတြက္ဒီဖလားမရတာ အေတာ္ၾကာေနပါၿပီ။ကၽြန္ေတာ္တို ့လုပ္ျပဖို ့အဆင္သင့္ပါပဲ

Young Boys ရဲ႕ အိမ္ကြင္းျဖစ္တဲ့ၾကမ္းတမ္းမာေက်ာတဲ့ ပလက္စတစ္ျမက္ခင္းတုကြင္းနဲ႔ ပတ္သတ္ၿပီး



" ကၽြန္ေတာ္တို ့ဟာ ခက္ခဲတဲ့ အုပ္စုထဲမွာေရာက္ေနတာပါ။ဒီေန ့ရင္ဆိုင္ရခက္ခဲမယ့္ အသင္းနဲ႔ ကန္ရမွာပါ။ပြဲတိုင္းအႏိုင္ရယူခ်င္ၿပီးအေကာင္းဆံုးစတင္ခ်င္ပါတယ္။ ဒါပင္မယ့္ ႏိုင္ပြဲရယူဖို ့ခက္ခဲတယ္ဆိုတာ ကၽြန္ေတာ္တို ့သိပါတယ္။ဒီျမက္ခင္းတုကြင္းနဲ႔ပတ္သတ္ၿပီး ကၽြန္ေတာ္တို ့သိပ္အသားမက်ပါဘူး။ဘာလို ့လဲဆိုေတာ့ ဒီလိုကြင္းမ်ိဳးသိပ္မကန္ဖူးေတာ့ ခက္ခဲပါလိမ့္မယ္။ဒီေန ့ေတာ့ ဒီကြင္းမွာ ေလ့က်င့္ခန္းဆင္းၿပီး ဘယ္လိုကန္ရမလဲေလ့လာထားပါတယ္။"

ယူႏိုက္တက္အသင္းဟာ အုပ္စု H မွာ ဂ်ဴဗင္တပ္စ္၊ဗလန္စီယာ၊ Young Boys အသင္းတို ့နဲ႔ တစ္အုပ္စုထဲက်ေရာက္ေနပါတယ္။

သူ ့အေပၚေဝဖန္မႈမ်ားနဲ႔ပတ္သတ္ၿပီး

" ပံုမွန္ဆို လူေတြေဝဖန္ေျပာဆိုၾကတဲ့ အ႐ူးစကားေတြနားမေထာင္ေနပါဘူး။ကၽြန္ေတာ့္အေၾကာင္းေဝဖန္ေျပာၾကားတဲ့အရာေတြ နားမေထာင္ေနပါဘူး။"

" ကၽြန္ေတာ့္အလုပ္အေပၚမွာပဲအာရံုစိုက္ပါတယ္။ပံုမွန္ေလ့က်င့္ခန္းအစီအစဥ္မွာတိုးတက္ေအာင္လုပ္ေနပါတယ္။အသင္းေဖာ္ေတြကို ကူညီေပးဖို ့တတ္ႏိုင္သမွ်တိုးတက္ေအာင္ လုပ္ေဆာင္ေနပါတယ္။

ယူူႏိုက္တက္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို ့ကိစၥပတ္သတ္ၿပီး


" ကၽြန္ေတာ္ ပရိတ္သတ္ေတြေရာ ဒီကလပ္အတြက္ အလုပ္လုပ္ေပးေနတဲ့ သူအားလံုးရဲ႕ ခ်စ္ျခင္းေမတၱာကိုခံယူထားရတယ္လို ့တကယ္ခံစားရပါတယ္။ဒီကလပ္အတြက္ကစားေပးရတာ အရမ္းေပ်ာ္ပါတယ္။ ကမာၻ ့အေကာင္းဆံုးကလပ္တစ္ခုပါ။အဲ့ဒါေၾကာင့္ ကၽြန္ေတာ့္အတြက္ေတာ့ ဒီအသင္းမွာ အစိတ္အပိုင္းတစ္ခုျဖစ္ရတာ တကယ္ေက်နပ္ပါတယ္။"

(Unicode)

သူများပြောတဲ့အရူးစကားတွေကျွန်တော်နားမထောင်ပါဘူး။##ဒီဂီယာ

Young Boys အသင်းနဲ့ ချန်ပီယံလိပ်ပွဲမတိုင်ခင် ယူနိုက်တက်ဂိုးသမားဒီဂီယာက သူ့အပေါ် ဝေဖန်မှုများနဲ့ ပတ်သတ်တဲ့မေးခွန်းတွေကို ဖြေကြားခဲ့ပါတယ်။

" ချန်ပီယံလိပ်မှာ ကျွန်တော်တို့တွေ တိုးတက်ကောင်းမွန်အောင်လုပ်ဆောင်ချင်ပါတယ်။ဒါဟာ တကယ့်ရှယ်ပြိုင်ပွဲတစ်ခုပါ။ယူနိုက်တက်အတွက်ဒီဖလားမရတာ အတော်ကြာနေပါပြီ။ကျွန်တော်တို့လုပ်ပြဖို့အဆင်သင့်ပါပဲ" 

Young Boys ရဲ့ အိမ်ကွင်းဖြစ်တဲ့ကြမ်းတမ်းမာကျောတဲ့ ပလက်စတစ်မြက်ခင်းတုကွင်းနဲ့ ပတ်သတ်ပြီး

" ကျွန်တော်တို့ဟာ ခက်ခဲတဲ့ အုပ်စုထဲမှာရောက်နေတာပါ။ဒီနေ့ရင်ဆိုင်ရခက်ခဲမယ့် အသင်းနဲ့ ကန်ရမှာပါ။ပွဲတိုင်းအနိုင်ရယူချင်ပြီးအကောင်းဆုံးစတင်ချင်ပါတယ်။ ဒါပင်မယ့် နိုင်ပွဲရယူဖို့ခက်ခဲတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ဒီမြက်ခင်းတုကွင်းနဲ့ပတ်သတ်ပြီး ကျွန်တော်တို့သိပ်အသားမကျပါဘူး။ဘာလို့လဲဆိုတော့ ဒီလိုကွင်းမျိုးသိပ်မကန်ဖူးတော့ ခက်ခဲပါလိမ့်မယ်။ဒီနေ့တော့ ဒီကွင်းမှာ လေ့ကျင့်ခန်းဆင်းပြီး ဘယ်လိုကန်ရမလဲလေ့လာထားပါတယ်။"

ယူနိုက်တက်အသင်းဟာ အုပ်စု H မှာ ဂျူဗင်တပ်စ်၊ဗလန်စီယာ၊ Young Boys အသင်းတို့နဲ့ တစ်အုပ်စုထဲကျရောက်နေပါတယ်။

သူ့အပေါ်ဝေဖန်မှုများနဲ့ပတ်သတ်ပြီး

" ပုံမှန်ဆို လူတွေဝေဖန်ပြောဆိုကြတဲ့ အရူးစကားတွေနားမထောင်နေပါဘူး။ကျွန်တော့်အကြောင်းဝေဖန်ပြောကြားတဲ့အရာတွေ နားမထောင်နေပါဘူး။"

" ကျွန်တော့်အလုပ်အပေါ်မှာပဲအာရုံစိုက်ပါတယ်။ပုံမှန်လေ့ကျင့်ခန်းအစီအစဉ်မှာတိုးတက်အောင်လုပ်နေပါတယ်။အသင်းဖော်တွေကို ကူညီပေးဖို့တတ်နိုင်သမျှတိုးတက်အောင် လုပ်ဆောင်နေပါတယ်။" 

ယူူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ကိစ္စပတ်သတ်ပြီး

" ကျွန်တော် ပရိတ်သတ်တွေရော ဒီကလပ်အတွက် အလုပ်လုပ်ပေးနေတဲ့ သူအားလုံးရဲ့ ချစ်ခြင်းမေတ္တာကိုခံယူထားရတယ်လို့တကယ်ခံစားရပါတယ်။ဒီကလပ်အတွက်ကစားပေးရတာ အရမ်းပျော်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးကလပ်တစ်ခုပါ။အဲ့ဒါကြောင့် ကျွန်တော့်အတွက်တော့ ဒီအသင်းမှာ အစိတ်အပိုင်းတစ်ခုဖြစ်ရတာ တကယ်ကျေနပ်ပါတယ်။"

No comments

Powered by Blogger.