Header Ads


ယေန ့ညခ်န္ပီယံလိပ္ပြဲမတိုင္ခင္ နည္းျပ၊ကစားသမားမ်ားရဲ႕ ေျပာစကားမ်ားစုစည္းမႈ



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။



PSV အသင္းနဲ႔ ပြဲမတိုင္ခင္ ဘာစီလိုနာကြင္းလယ္လူ ေကာ္တင္ဟို ကခ်န္ပီယံလိပ္ၿပိဳင္ပြဲဟာ အေရးႀကီးတဲ့ ၿပိဳင္ပြဲတစ္ခုျဖစ္ၿပီး ခ်န္ပီယံျဖစ္ဖို ့တိုက္ပြဲဝင္သြားမွာျဖစ္ၾကာင္း ဘာစီလိုနာအသင္းအေနနဲ႔ ေနာက္ဆံုးခ်န္ပီယံလိပ္၄ႀကိမ္မွာ ၁ႀကိမ္သာ မက္ဆီနဲ ့ရယူႏိုင္ခဲ့တာကို ရွင္းျပဖို ့ေတာ့ခက္ခဲေၾကာင္း၊မက္ဆီသာ ကမာၻ ့အေကာင္းဆံုးကစားသမားတစ္ေယာက္လို ့ေျပာၾကားခဲ့ပါတယ္။



လီဗာပူးေတာင္ပံကစားသမား ဆာလာက ဒီရာသီမွာ လီဗာပူးအသင္းဟာ ပရီးမီးယားလိပ္နဲ႔ ခ်န္ပီယံလိပ္ဖလား ၂လံုးစလံုးကိုရယူႏိုင္တယ္
လို ့ၾကံဳးဝါးေျပာဆိုသြားပါတယ္။
Nissan Presage 9D9663 ကားအခိုုးခံရပါသျဖင့္အဆိုုပါကားနံပါတ္ကိုုေတြ ့ပါကအေၾကာင္းျပန္ေပးပါရန္..


မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဒီလို ေနာက္တန္းမ်ိဳးနဲ႔ ဥေရာပမွာေအာင္ျမင္မႈလံုးဝမရႏိုင္ဘူးလို ့ေနာက္ခံလူေဟာင္းရီယိုဖာဒီနန္က
 ေျပာၾကားလိုက္ပါတယ္။



လီဗာပူးအသင္းကိုရင္ဆိုင္ရမယ့္ PSG အသင္းရဲ႕ ပြဲထြက္စာရင္းကို ေနမာကို ထည့္သြင္းအသံုးျပဳမယ္လို ့နည္းျပတူခ်ယ္က အတည္ျပဳေျပာၾကားလိုက္ၿပီး ဘယ္လို ပံုစံမ်ိဳးနဲ႔ ကစားမလဲဆိုတာကေတာ့ လ်ိဳ ့ဝွက္ခ်က္ျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။



တိုက္စစ္မွဴး လိုဇာႏိုရဲ႕ PSV အသင္းဟာ ဘာစီလိုနာအသင္းကို ဒုကၡေပးႏိုင္တယ္လို ့နည္းျပဗယ္ဗာဒီက ဝန္ခံေျပာၾကားလိုက္ၿပီး ဒီရာသီ ခ်န္ပီယံလိပ္ဖလားရယူႏိုင္ဖို ့စိတ္ဓာတ္ပိုင္းအရတက္ႂကြေနပါတယ္လို ့လည္းဆိုလိုက္ပါတယ္။



လီဗာပူးအသင္းနည္းျပ ဂ်ာဂန္ကေလာ့က PSG အသင္းဟာ ခ်န္ပီယံလိပ္ဖလားကိုရယူဖို ့ကာလၾကာရွည္ တည္ေဆာက္ဖြဲ႕စည္းထားတဲ့ အသင္းျဖစ္တယ္လို ့ခ်ီးက်ဴးေျပာၾကားလိုက္ၿပီး PSG အသင္းကိုရင္ဆိုင္မယ့္ အသင္းလူစာရင္းမွာ ေဒါင္ေဒါင္ျမည္အေထာင္တိုက္စစ္မွဴး အျဖစ္ စတာရစ္ခ်္တစ္ေယာက္သာပါဝင္ႏိုင္တယ္လို ့ဆိုသြားပါတယ္။

(Unicode)

ယနေ့ညချန်ပီယံလိပ်ပွဲမတိုင်ခင် နည်းပြ၊ကစားသမားများရဲ့ ပြောစကားများစုစည်းမှု

PSV အသင်းနဲ့ ပွဲမတိုင်ခင် ဘာစီလိုနာကွင်းလယ်လူ ကော်တင်ဟို ကချန်ပီယံလိပ်ပြိုင်ပွဲဟာ အရေးကြီးတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပြီး ချန်ပီယံဖြစ်ဖို့တိုက်ပွဲဝင်သွားမှာဖြစ်ကြာင်း ဘာစီလိုနာအသင်းအနေနဲ့ နောက်ဆုံးချန်ပီယံလိပ်၄ကြိမ်မှာ ၁ကြိမ်သာ မက်ဆီနဲ့ရယူနိုင်ခဲ့တာကို ရှင်းပြဖို့တော့ခက်ခဲကြောင်း၊မက်ဆီသာ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ယောက်လို့ပြောကြားခဲ့ပါတယ်။

လီဗာပူးတောင်ပံကစားသမား ဆာလာက ဒီရာသီမှာ လီဗာပူးအသင်းဟာ ပရီးမီးယားလိပ်နဲ့ ချန်ပီယံလိပ်ဖလား ၂လုံးစလုံးကိုရယူနိုင်တယ်လို့ကြုံးဝါးပြောဆိုသွားပါတယ်။
Nissan Presage 9D9663 ကားအခိုးခံရပါသဖြင့်အဆိုပါကားနံပါတ်ကိုတွေ့ပါကအကြောင်းပြန်ပေးပါရန်..

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီလို နောက်တန်းမျိုးနဲ့ ဥရောပမှာအောင်မြင်မှုလုံးဝမရနိုင်ဘူးလို့နောက်ခံလူဟောင်းရီယိုဖာဒီနန်ကပြောကြားလိုက်ပါတယ်။

လီဗာပူးအသင်းကိုရင်ဆိုင်ရမယ့် PSG အသင်းရဲ့ ပွဲထွက်စာရင်းကို နေမာကို ထည့်သွင်းအသုံးပြုမယ်လို့နည်းပြတူချယ်က အတည်ပြုပြောကြားလိုက်ပြီး ဘယ်လို ပုံစံမျိုးနဲ့ ကစားမလဲဆိုတာကတော့ လျို့ဝှက်ချက်ဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

တိုက်စစ်မှူး လိုဇာနိုရဲ့ PSV အသင်းဟာ ဘာစီလိုနာအသင်းကို ဒုက္ခပေးနိုင်တယ်လို့နည်းပြဗယ်ဗာဒီက ဝန်ခံပြောကြားလိုက်ပြီး ဒီရာသီ ချန်ပီယံလိပ်ဖလားရယူနိုင်ဖို့စိတ်ဓာတ်ပိုင်းအရတက်ကြွနေပါတယ်လို့လည်းဆိုလိုက်ပါတယ်။

လီဗာပူးအသင်းနည်းပြ ဂျာဂန်ကလော့က PSG အသင်းဟာ ချန်ပီယံလိပ်ဖလားကိုရယူဖို့ကာလကြာရှည် တည်ဆောက်ဖွဲ့စည်းထားတဲ့ အသင်းဖြစ်တယ်လို့ချီးကျူးပြောကြားလိုက်ပြီး PSG အသင်းကိုရင်ဆိုင်မယ့် အသင်းလူစာရင်းမှာ ဒေါင်ဒေါင်မြည်အထောင်တိုက်စစ်မှူး အဖြစ် စတာရစ်ချ်တစ်ယောက်သာပါဝင်နိုင်တယ်လို့ဆိုသွားပါတယ်။

No comments

Powered by Blogger.