Header Ads


ေမာ္ရင္ဟိုုခ်ဲလ္ဆီးအသင္းကေနအထုုတ္ပယ္ခံရတုုန္းကေျဖမဆည္နိုုင္ေအာင္ခံစားခဲ့ရတဲ့ဒေရာ့ဘာ



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
လြန္ခဲ့တဲ့ ၁၁ႏွစ္တုန္းက ခ်ဲဆီးအသင္းကေန နည္းျပေမာ္ရင္ဟိုတစ္ေယာက္ထြက္ခြာသြားတဲ့ အခ်ိန္မွာေတာ့ အသင္းရဲ႕ အလြန္အေရးပါတဲ့ အာဖရိကန္တိုက္စစ္မွဴးဒေရာ့ဘာဟာ ငိုေႂကြးခဲ့တယ္လို ့ဆိုထားပါတယ္။

အဂၤလန္ ကြင္းလယ္လူေဟာင္းစတိဖ္ဆဒ္ဝဲလ္က ၂၀၀၇ စက္တင္ဘာလ ကေမာ္ရင္ဟို တစ္ေယာက္ခ်ဲလ္ဆီးနည္းျပရာထူးကေန စြန္ ့ခြာခ်ိန္ အဝတ္လဲခန္းထဲက အျဖစ္အပ်က္ကို ျပန္လည္ေျပာဆိုသြားပါတယ္။

လက္ရွိမန္ယူႏိုက္တက္နည္းျပေမာ္ရင္ဟိုဟာအဆိုပါ ၂၀၀၇-၀၈ ရာသီအစမွာ အသင္းပိုင္ရွင္ေအဗရာမိုဗစ္နဲ႔ ျပႆနာတက္ခဲ့ၿပီးေနာက္ နည္းျပရာထူးကေန အထုတ္ပယ္ခံခဲ့ရတာပဲျဖစ္ပါတယ္။


ခ်ဲလ္ဆီးအသင္းကိုင္တြယ္ခဲ့တဲ့ ၃ႏွစ္တာကာလမွာေတာ့ ပရီးမီးယားလိပ္ ၂လံုး၊FA ဖလား ၁လံုး၊ လိပ္ဖလား၂လံုးထိ စြတ္ခူးေပးခဲ့ပါတယ္။သူထြက္ခြာခ်ိန္မွာေတာ့ အသင္းရဲ႕ဂႏၲဝင္ကစားသမားေတြျဖစ္တဲ့ လမ္းပတ္၊တယ္ရီ နဲ႔ အျခားကစားသမားေတြဟာ မ်က္ရည္မ်ားျဖင့္ငိုေႂကြးေနၿပီး အဲ့ကစားသမားေတြထဲမွ ေမာ္ရင္ဟို ရဲ႕ပထမဆံုးလူေခၚယူမႈျဖစ္ခဲ့တဲ့ ဒေရာ့ဘာဟာ ေျဖဆည္မရ ျဖစ္ေနတာအမွန္ပါပဲ။



" ဂ်ိဳ ့စ္ က နႈတ္ဆက္စကားလာေျပာဖို ့အဝတ္လဲခန္းထဲဝင္လာတယ္။  ဒီကစားသမားေတြနဲ႔ သူ နဲ႔ ၾကားတည္ေဆာက္ခဲ့တဲ့ဆက္ဆံေရး နဲ႔ပတ္သတ္ၿပီး ဂုဏ္ယူေၾကာင္း ဂ်ိဳ ့စ္ကေျပာခဲ့တယ္။"

" ကၽြန္ေတာ္ အဝတ္လဲခန္းထဲကကစားသမားေတြရဲ႕ မ်က္ႏွာကိုလိုက္ၾကည့္မိေတာ့ သူတို ့အားလံုးရဲ႕ မ်က္လံုးေတြမွာ မ်က္ရည္ေတြအျပည့္နဲ႔ေပါ့"

" ကၽြန္ေတာ္ ဒေရာ့ဘာ၊လမ္းပတ္၊ဂၽြန္တယ္ရီတို ့နဲ႔စကားေျပာေနတာ"

" သူတို ့အားလံုး မ်က္ႏွာေသေတြနဲ႔ မဟုတ္ဘူး"

" ဒေရာ့ဘာဆို ေတာ္ေတာ္ေလးေျဖဆည္းမရျဖစ္ေနတာပါ"

" သူ အခန္းပတ္ပတ္လည္သြားၿပီး အသင္းေဖာ္ေတြတစ္ေယာက္ၿပီးတစ္ေယာက္ ကိုေပြ ့ဖက္ေနတာ"

" ကၽြန္ေတာ္ အဲ့အခ်ိန္တုန္းက အဲ့မွာေရာက္ေနတာ ၄ ၅ လေလာက္ပဲရွိဦးမယ္။ ကၽြန္ေတာ္မွတ္မိတယ္။ ဒါဟာ အေတာ္ အစြမ္းထက္လွပါလားလို ့ေတြးမိခဲ့ေသးတယ္။" လို ့ဆဒ္ဝဲလ္ကေျပာၾကားခဲ့ပါတယ္။


၆ ႏွစ္ၾကာၿပီးေနာက္ ဂၽြန္လ ၂၀၁၃ မွာေမာ္ရင္ဟိုဟာ ခ်ဲလ္ဆီးအသင္းကို ျပန္လည္ကိုင္တြယ္ခဲ့ၿပီး EPL ဖလားကို တစ္ဖန္ျပန္ဆြတ္ခူးေပးခဲ့ေသာ္လည္း  ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာမွာေတာ့ ရလဒ္အလြန္ဆိုးရြားမႈေတြေၾကာင့္ထုတ္ပယ္ျခင္းခံလိုက္ရပါတယ္။


(Unicode)

မော်ရင်ဟိုချဲလ်ဆီးအသင်းကနေအထုတ်ပယ်ခံရတုန်းကဖြေမဆည်နိုင်အောင်ခံစားခဲ့ရတဲ့ဒရော့ဘာ

လွန်ခဲ့တဲ့ ၁၁နှစ်တုန်းက ချဲဆီးအသင်းကနေ နည်းပြမော်ရင်ဟိုတစ်ယောက်ထွက်ခွာသွားတဲ့ အချိန်မှာတော့ အသင်းရဲ့ အလွန်အရေးပါတဲ့ အာဖရိကန်တိုက်စစ်မှူးဒရော့ဘာဟာ ငိုကြွေးခဲ့တယ်လို့ဆိုထားပါတယ်။

အင်္ဂလန် ကွင်းလယ်လူဟောင်းစတိဖ်ဆဒ်ဝဲလ်က ၂၀၀၇ စက်တင်ဘာလ ကမော်ရင်ဟို တစ်ယောက်ချဲလ်ဆီးနည်းပြရာထူးကနေ စွန့်ခွာချိန် အဝတ်လဲခန်းထဲက အဖြစ်အပျက်ကို ပြန်လည်ပြောဆိုသွားပါတယ်။

လက်ရှိမန်ယူနိုက်တက်နည်းပြမော်ရင်ဟိုဟာအဆိုပါ ၂၀၀၇-၀၈ ရာသီအစမှာ အသင်းပိုင်ရှင်အေဗရာမိုဗစ်နဲ့ ပြဿနာတက်ခဲ့ပြီးနောက် နည်းပြရာထူးကနေ အထုတ်ပယ်ခံခဲ့ရတာပဲဖြစ်ပါတယ်။


ချဲလ်ဆီးအသင်းကိုင်တွယ်ခဲ့တဲ့ ၃နှစ်တာကာလမှာတော့ ပရီးမီးယားလိပ် ၂လုံး၊FA ဖလား ၁လုံး၊ လိပ်ဖလား၂လုံးထိ စွတ်ခူးပေးခဲ့ပါတယ်။သူထွက်ခွာချိန်မှာတော့ အသင်းရဲ့ဂန္တဝင်ကစားသမားတွေဖြစ်တဲ့ လမ်းပတ်၊တယ်ရီ နဲ့ အခြားကစားသမားတွေဟာ မျက်ရည်များဖြင့်ငိုကြွေးနေပြီး အဲ့ကစားသမားတွေထဲမှ မော်ရင်ဟို ရဲ့ပထမဆုံးလူခေါ်ယူမှုဖြစ်ခဲ့တဲ့ ဒရော့ဘာဟာ ဖြေဆည်မရ ဖြစ်နေတာအမှန်ပါပဲ။

" ဂျို့စ် က နှုတ်ဆက်စကားလာပြောဖို့အဝတ်လဲခန်းထဲဝင်လာတယ်။  ဒီကစားသမားတွေနဲ့ သူ နဲ့ ကြားတည်ဆောက်ခဲ့တဲ့ဆက်ဆံရေး နဲ့ပတ်သတ်ပြီး ဂုဏ်ယူကြောင်း ဂျို့စ်ကပြောခဲ့တယ်။"

" ကျွန်တော် အဝတ်လဲခန်းထဲကကစားသမားတွေရဲ့ မျက်နှာကိုလိုက်ကြည့်မိတော့ သူတို့အားလုံးရဲ့ မျက်လုံးတွေမှာ မျက်ရည်တွေအပြည့်နဲ့ပေါ့"

" ကျွန်တော် ဒရော့ဘာ၊လမ်းပတ်၊ဂျွန်တယ်ရီတို့နဲ့စကားပြောနေတာ"

" သူတို့အားလုံး မျက်နှာသေတွေနဲ့ မဟုတ်ဘူး"

" ဒရော့ဘာဆို တော်တော်လေးဖြေဆည်းမရဖြစ်နေတာပါ"

" သူ အခန်းပတ်ပတ်လည်သွားပြီး အသင်းဖော်တွေတစ်ယောက်ပြီးတစ်ယောက် ကိုပွေ့ဖက်နေတာ"

" ကျွန်တော် အဲ့အချိန်တုန်းက အဲ့မှာရောက်နေတာ ၄ ၅ လလောက်ပဲရှိဦးမယ်။ ကျွန်တော်မှတ်မိတယ်။ ဒါဟာ အတော် အစွမ်းထက်လှပါလားလို့တွေးမိခဲ့သေးတယ်။" လို့ဆဒ်ဝဲလ်ကပြောကြားခဲ့ပါတယ်။

၆ နှစ်ကြာပြီးနောက် ဂျွန်လ ၂၀၁၃ မှာမော်ရင်ဟိုဟာ ချဲလ်ဆီးအသင်းကို ပြန်လည်ကိုင်တွယ်ခဲ့ပြီး EPL ဖလားကို တစ်ဖန်ပြန်ဆွတ်ခူးပေးခဲ့သော်လည်း  ၂၀၁၅ ခုနှစ် ဒီဇင်ဘာမှာတော့ ရလဒ်အလွန်ဆိုးရွားမှုတွေကြောင့်ထုတ်ပယ်ခြင်းခံလိုက်ရပါတယ်။




No comments

Powered by Blogger.