Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
အသင်းဖော်တွေနဲ့အဆင်ပြေပါတယ်လို့ပြန်လည်ပြောကြားလိုက်တဲ့ဆာလာ
လီဗာပူးလ်အသင်းရဲ့တိုက်စစ်မှုးဆာလာက သူတို့အသင်းတိုက်စစ် စွာနေရတဲ့အကြောင်းအရင်းကိုပြောကြားလိုက်ပါတယ်။ဆာလာက သူရယ် မာနေးရယ် ဖာမိနိုတို့ရဲ့စည်းလုံးဦးဆောင်မှုကြောင့်လို့ဆိုပါတယ်။
မိုဟာမက် ဆာလာဟာ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ် ဖလားလုပွဲကို ဖိုင်နယ်အထိရောက်အောင်ကူညီပေးခဲ့ပါတယ်။သို့သော်အဆိုပါပွဲစဉ်မှာ သူပခုံးဒဏ်ရာရရှိခဲ့ပြီးဆက်လက်ကစားနိုင်တော့ခြင်းမရှိဘဲ ပွဲကနေထွက်ခွာသွားခဲ့ရပါတယ်။ခုနစ်မှာလည်းအဆိုပါအဆင့်ကိုရောက်ရှိအောင်စွမ်းဆောင်မည်လို့သိရပါတယ်။
လီဗာပူးလ် အသင်းဟာပြီးခဲ့တဲ့တဲ့စနေနေ့က ဝင်ဘလေကွင်းယှဉ်ပြိုင်ကစားခဲ့တဲ့စပါးအသင်းနှင်ပွဲစဉ်မှာအထူးခြေစွမ်းပြခဲ့ပြီး လိဂ်ဖလားချန်ပီယံအဖြစ်ထိပ်ဆုံးကပြေးနေပါတယ်။ကလော့က လည်းသူအသင်းကိုအမှတ်လျော့မည့် အလုပ်တွေကိုရှောင်ရှားနေပါတယ်။
လာမည်အဂါၤနေ့ည မှာ ချန်ပီယံလိဂ်အုပ်စုအသင်းပတ်လည်တွေ့ဆုံမှုတွေကိုစတင်ပါတော့မည်ဖြစ်ပါတယ်။လီဗာပူးလ်အသင်းဟာအုပ်စုအဖွင့်ပွဲစဉ်အနေနှင့်PSGအသင်းကိုဧည်ခံကစားမည်ဖြစ်ပါတယ်။အဆိုပါပွဲစဉ်ဟာ ရီးရဲလ်အသင်းအသင်းကိုရှုံးနိမ့်ပြိးနောက်ပထမဦးချန်ပီယံလိဂ်ပွဲလည်းဖြစ်ပါတယ်။
"ကျွန်တော်တို့သူတို့အသင်းကိုကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ကျွန်တော်တို့ဖိုင်နယ်ပွဲမှာအကောင်းဆုံးထိန်းသိမ်းကစားနိုင်ခဲ့ပါတယ်။ပြောချင်တာက ကျွန်တော်တို့လုပ်နိုင်တယ်ဆိုတာပါ"
"ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော်တို့ ရေရေလည်လည်ကစားနိုင်ခဲ့တယ်ဆိုတာသိသာပါတယ်။မင်းတို့တွေ့တဲ့အတိုင်း မန်စီးတီး ရိုးမား နှင့်ဘာစီလိုနာအသင်းတို့နဲ့ပွဲမှာစကေးပြခဲ့တယ်လေ"လို့ ဆာလာက ပြင်သစ်သတင်းစားနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့ပါတယ်။
"ကျွန်တော်သေချာပေါက်ဆိုနိုင်တယ်။ကျွန်တော်တို့ဒါတွေကိုနိုင်ပါတယ်။ ကျွန်တော်တို့အခုပရီမီးယားလိဂ်ဖလားရော ချန်ပီယံလိဂ် ပါထိန်းကန်နေရတယ်။ကျွန်တော်အသင်းကိုဖိအားပေးပြီးမလုပ်ချင်ဘူး။ဒါပေမယ့်အရာအားလုံးဖြစ်လာနိုင်ပါတယ်။"
အဲဒီအတောအတွင်းလီဗာပူးလ်အသင်းရဲ့အဓိကတိုက်စစ်မှူးတွေဖြစ်ကြတဲ့ မာနေး၊ဆာလာ၊ဖာမိနို တို့တွဲလုံးနှင့်အသင်းအောင်မြင်နေတဲ့အကြောင်းပါပြောပြခဲ့ပါတယ်။မာနေးနှင့်ဖာမိနိုတို့က တကယ်ကိုကြီးမားတဲ့ခြေစွမ်းနှင့်အသင်းကိုသုံးယောက်ပေါင်းပြီးရှယ်ကြမ်းအောင်လုပ်နေပါတယ်။
ကျွန်တော်တို့ကသူငယ်ချင်းတွေလေ အမြဲစကားတွေအများကြီးပြောဖြစ်တယ်။ကျွန်တော်တို့၃ယောက်က ဘောလုံးမကစားခင်အဝတ်စားလဲခန်းမှာတစ်နေရာထဲမှာတူတူထိုင်တယ်။
Nissan Presage 9D9663 ကားအခိုးခံရပါသဖြင့်အဆိုပါကားနံပါတ်ကိုတွေ့ပါကအကြောင်းပြန်ပေးပါရန်..
ဒါကကျွန်တော်တို့ကိုပိုမိုစည်းလုံးညီညွတ်မှုရှိလာစေပါတယ်။
ကျွန်တော်တို့ကစားတဲ့အချိန်ဘယ်သူအရင်သွင်းတာတို့ ဘယ်သူအများကြီးသွင်းတာတို့ဘာတို့ကို လုံးဝကိုဂရုမစိုက်ဘူး။ဒီမှာတူတူအလုပ်လုပ်နေတာဖြစ်တာကြောင့်ဘယ်သူဂိုးသွင်းသွင်း ကျွန်တော်တို့အားလုံးဂိုးသွင်းတာနဲ့တူတူပဲလို့မင်းမြင်လိမ့်မယ်"
ဒါအပြင်ဆာလာက သူနဲ့နည်းပြကလော့ကြားက ဆက်ဆံရေးကိုပါပြောပြခဲ့ပါတယ်။
"ကျွန်တော်ပထမဦးဆုံးအသင်းကိုရောက်တုန်းက သူကျွန်တော်ကိုသူငယ်ချင်းတစ်ယောက်လိုဆက်ဆံပေးခဲ့ပါတယ်။သူကျွန်တော်နဲ့အမြဲစကားပြောဖြစ်တယ်ဒါကကျွန်တော်တို့၂ယောက်ရဲ့ကြီးမားတဲ့ဆက်သွယ်မှုတစ်ခုလည်းဖြစ်ပါတယ်။ကစားသမားတွေကိုဘယ်လိုဆက်ဆံရမည်ဆိုတာသူကောင်းကောင်းသိတယ်။လူတိုင်းသူနဲ့ဆိုအဆင်ပြေကြပါတယ်။" 
No comments
Powered by Blogger.