ယေန ့မနက္ခ်န္ပီယံလိပ္ပြဲစဥ္မ်ားအၿပီးေနာက္ဆံုးရသတင္းမ်ား

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
လီဗာပူးအသင္းကို ေနာက္က်ဂိုးနဲ႔ ရံႈးနိမ့္ခဲ့တဲ့ PSG နည္းျပတူခ်ယ္ကဒီပြဲ ရလဒ္ဟာ အသင္းရဲ ့စြမ္းေဆာင္ရည္နဲ႔ မဆိုင္ေၾကာင္း၊ လီဗာပူးအႏိုင္ဂိုးမသြင္းယူႏိုင္ခင္ထဲက ကၽြန္ေတာ့္တို ့ရဲ႕ ဒရက္ဇက္လာ က အႏိုင္ဂိုးသြင္းယူဖို ့အခြင့္အေရးရခဲ့ေၾကာင္း၊အေကာင္းဆံုးကစားႏိုင္ခဲ့တယ္လို ့ဆိုသြားပါတယ္။PSV အသင္းကို ၄-၀ ျဖင့္အႏိုင္ရရွိခဲ့တဲ့ ပြဲမွာဟတ္ထရစ္သြင္းယူႏိုင္ခဲ့တဲ့ ဘာစီလိုနာစတားမက္ဆီဟာ ခ်န္ပီယံလိပ္သမိုင္းတစ္ေလွ်ာက္ ဟတ္ထရစ္ ၈ ႀကိမ္ အထိရရွိခဲ့ၿပီး ႐ိုနယ္ဒို ရဲ႕ ၇ ႀကိမ္စံခ်ိန္ကိုေက်ာ္ျဖတ္သြားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။
PSG အသင္းကို ၃-၂ ျဖင့္အႏိုင္ရတဲ့ပြဲရဲ႕ အခ်ိန္ပိုမိနစ္မွာ လီဗာပူးတိုက္စစ္မွဴး ဖာမီႏို အႏိုင္ဂိုးသြင္းယူခဲ့ၿပီးေနာက္ ေအာင္ပြဲခံေနစဥ္ အရန္ခံုတန္းမွ ဆာလာဟာ ေရဘူးကို ခံုေပၚပစ္ေပါက္ခဲ့တာကို ေတြ ့ရပါတယ္။အဆိုပါ လုပ္ရပ္နဲ႔ ပတ္သတ္ၿပီး ေဝဖန္မႈမ်ားျမင့္တင္လာတာကို ေတြရၿပီး ကစားသမားေဟာင္းေတြျဖစ္ၾကတဲ့ မိုက္ကယ္အိုဝင္၊ဖာဒီနန္တို ့ကေတာ့ဒါဟာ ေပ်ာ္ရႊင္လို ့အမွတ္မထင္ျပဳမႈလိုက္တဲ့ လုပ္ရပ္လို ့ကာကြယ္ေျပာဆိုခဲ့ၿပီး ေဝဖန္သူတစ္ခ်ိဳ ့ကေတာ့ ဆာလာနဲ႔ အသင္းေဖာ္ေတြၾကား ဆက္ဆံေရးေတြ ေအးခဲေနတယ္လို ့ဆိုထားပါတယ္။
ေနမာကိုဘယ္ေတာင္ပံထားကစားၿပီး ခံစစ္အတြက္ဆင္းကူခိုင္းေသာ္လည္း သူ ့ရဲ႕ ခံစစ္ကစားပံုအားနည္းမႈေၾကာင့္ လီဗာပူးအသင္းအခြင့္အေရးေတြ ကိုအေကာင္းဆံုးကာကြယ္ႏိုင္ခဲ့တယ္လို ့လီဗာပူးနည္းျပ ကေလာ့ကဆိုလိုက္ပါတယ္။
လီဗာပူးအသင္းဟာ ၅၇ ႏွစ္အတြင္း ရာသီအစ အဖြင့္ပြဲ ၆ပြဲဆက္အႏိုင္ယူႏိုင္တဲ့ စံခ်ိန္ေကာင္းတစ္ခုကို စိုက္ထူသြားႏိုင္ခဲ့ပါတယ္။
႐ိုးမားနည္းျပဒီဖရန္စီစကိုက ရီးရဲလ္အသင္းဟာ အရင္လို ရီးရဲလ္႐ိုနယ္ဒို အသင္းမဟုတ္ေတာ့ေသာ္လည္း ေအာင္ျမင္မႈေတြအမ်ားႀကီးရယူႏိုင္ေသးတယ္လို ့ဆိုသြားပါတယ္။
စပါးအသင္းကိုေနာက္က်အႏိုင္ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ အင္တာေတာင္ပံကစားသမား ပါရီဆစ္က သူတို ့ဟာ အသင္းရဲ႕ အရည္အေသြးအစစ္အမွန္ကို သက္ေသျပႏိုင္ခဲ့တယ္လို ့ၾကံဳးဝါးေျပာဆိုသြားပါတယ္။
စပါးနည္းျပပိုခ်က္တီႏိုက အင္တာကို ရံႈးနိမ့္ခဲ့ေသာ္လည္း ဒါဟာ စပါးအသင္းရဲ႕ ဒီရာသီ အေကာင္းဆံုးစြမ္းေဆာင္ရည္ျပႏိုင္တဲ့ပြဲလို ့ဆိုသြားပါတယ္။
ေရွာေကးအသင္းနဲ႔ ရင္ဆိုင္ကစားတဲ့ပြဲမွာ ေပၚတိုအသင္းအတြက္ ပါဝင္ကစားခဲ့တဲ့ ဂိုးသမားႀကီး ကားဆီလက္စ္ဟာ ခ်န္ပီယံလိပ္ ရာသီ ၂၀ လံုးပါဝင္ကစားတဲ့ ပထမဆံုးကစားသမားျဖစ္လာခဲ့ပါတယ္။
ဆန္းခ်က္စ္တစ္ေယာက္ ဒီပံုစံအတိုင္းဆက္သြားရင္ အရင္ေျခစြမ္းမ်ိဳး ျပန္ရဖို ့မလြယ္ကူဘူးလို ့ ယူႏိုက္တက္နည္းျပေမာ္ရင္ဟို ကသတိေပးေျပာဆိုလိုက္ပါတယ္။
"မန္ခ်က္စတာၿမိဳ ့ဟာ အနီေရာင္ေတြလႊမ္းမိုးတုန္းပါပဲ" လို ့မန္စီးတီးနဲ႔ ပြဲမတိုင္ခင္ ယူႏိုက္တက္ကစားသမားေဟာင္း လိုင္ယြန္းကစားသမား ဒီေပးက စေနာက္ေျပာဆိုလိုက္ပါတယ္။
(Unicode)
ယနေ့မနက်ချန်ပီယံလိပ်ပွဲစဉ်များအပြီးနောက်ဆုံးရသတင်းများ
လီဗာပူးအသင်းကို နောက်ကျဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ PSG နည်းပြတူချယ်ကဒီပွဲ ရလဒ်ဟာ အသင်းရဲ့စွမ်းဆောင်ရည်နဲ့ မဆိုင်ကြောင်း၊ လီဗာပူးအနိုင်ဂိုးမသွင်းယူနိုင်ခင်ထဲက ကျွန်တော့်တို့ရဲ့ ဒရက်ဇက်လာ က အနိုင်ဂိုးသွင်းယူဖို့အခွင့်အရေးရခဲ့ကြောင်း၊အကောင်းဆုံးကစားနိုင်ခဲ့တယ်လို့ဆိုသွားပါတယ်။
PSV အသင်းကို ၄-၀ ဖြင့်အနိုင်ရရှိခဲ့တဲ့ ပွဲမှာဟတ်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ဘာစီလိုနာစတားမက်ဆီဟာ ချန်ပီယံလိပ်သမိုင်းတစ်လျှောက် ဟတ်ထရစ် ၈ ကြိမ် အထိရရှိခဲ့ပြီး ရိုနယ်ဒို ရဲ့ ၇ ကြိမ်စံချိန်ကိုကျော်ဖြတ်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။
PSG အသင်းကို ၃-၂ ဖြင့်အနိုင်ရတဲ့ပွဲရဲ့ အချိန်ပိုမိနစ်မှာ လီဗာပူးတိုက်စစ်မှူး ဖာမီနို အနိုင်ဂိုးသွင်းယူခဲ့ပြီးနောက် အောင်ပွဲခံနေစဉ် အရန်ခုံတန်းမှ ဆာလာဟာ ရေဘူးကို ခုံပေါ်ပစ်ပေါက်ခဲ့တာကို တွေ့ရပါတယ်။အဆိုပါ လုပ်ရပ်နဲ့ ပတ်သတ်ပြီး ဝေဖန်မှုများမြင့်တင်လာတာကို တွေရပြီး ကစားသမားဟောင်းတွေဖြစ်ကြတဲ့ မိုက်ကယ်အိုဝင်၊ဖာဒီနန်တို့ကတော့ဒါဟာ ပျော်ရွှင်လို့အမှတ်မထင်ပြုမှုလိုက်တဲ့ လုပ်ရပ်လို့ကာကွယ်ပြောဆိုခဲ့ပြီး ဝေဖန်သူတစ်ချို့ကတော့ ဆာလာနဲ့ အသင်းဖော်တွေကြား ဆက်ဆံရေးတွေ အေးခဲနေတယ်လို့ဆိုထားပါတယ်။
နေမာကိုဘယ်တောင်ပံထားကစားပြီး ခံစစ်အတွက်ဆင်းကူခိုင်းသော်လည်း သူ့ရဲ့ ခံစစ်ကစားပုံအားနည်းမှုကြောင့် လီဗာပူးအသင်းအခွင့်အရေးတွေ ကိုအကောင်းဆုံးကာကွယ်နိုင်ခဲ့တယ်လို့လီဗာပူးနည်းပြ ကလော့ကဆိုလိုက်ပါတယ်။
လီဗာပူးအသင်းဟာ ၅၇ နှစ်အတွင်း ရာသီအစ အဖွင့်ပွဲ ၆ပွဲဆက်အနိုင်ယူနိုင်တဲ့ စံချိန်ကောင်းတစ်ခုကို စိုက်ထူသွားနိုင်ခဲ့ပါတယ်။
ရိုးမားနည်းပြဒီဖရန်စီစကိုက ရီးရဲလ်အသင်းဟာ အရင်လို ရီးရဲလ်ရိုနယ်ဒို အသင်းမဟုတ်တော့သော်လည်း အောင်မြင်မှုတွေအများကြီးရယူနိုင်သေးတယ်လို့ဆိုသွားပါတယ်။
စပါးအသင်းကိုနောက်ကျအနိုင်ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အင်တာတောင်ပံကစားသမား ပါရီဆစ်က သူတို့ဟာ အသင်းရဲ့ အရည်အသွေးအစစ်အမှန်ကို သက်သေပြနိုင်ခဲ့တယ်လို့ကြုံးဝါးပြောဆိုသွားပါတယ်။
စပါးနည်းပြပိုချက်တီနိုက အင်တာကို ရှုံးနိမ့်ခဲ့သော်လည်း ဒါဟာ စပါးအသင်းရဲ့ ဒီရာသီ အကောင်းဆုံးစွမ်းဆောင်ရည်ပြနိုင်တဲ့ပွဲလို့ဆိုသွားပါတယ်။
ရှောကေးအသင်းနဲ့ ရင်ဆိုင်ကစားတဲ့ပွဲမှာ ပေါ်တိုအသင်းအတွက် ပါဝင်ကစားခဲ့တဲ့ ဂိုးသမားကြီး ကားဆီလက်စ်ဟာ ချန်ပီယံလိပ် ရာသီ ၂၀ လုံးပါဝင်ကစားတဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။
ဆန်းချက်စ်တစ်ယောက် ဒီပုံစံအတိုင်းဆက်သွားရင် အရင်ခြေစွမ်းမျိုး ပြန်ရဖို့မလွယ်ကူဘူးလို့ ယူနိုက်တက်နည်းပြမော်ရင်ဟို ကသတိပေးပြောဆိုလိုက်ပါတယ်။
"မန်ချက်စတာမြို့ဟာ အနီရောင်တွေလွှမ်းမိုးတုန်းပါပဲ" လို့မန်စီးတီးနဲ့ ပွဲမတိုင်ခင် ယူနိုက်တက်ကစားသမားဟောင်း လိုင်ယွန်းကစားသမား ဒီပေးက စနောက်ပြောဆိုလိုက်ပါတယ်။
Post a Comment