ဝေေ၀ဆာဆာတနင်္လာနေ့ နောက်ဆုံးရသတင်းတိုများ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
*ယူနိုက်တက်ဂိုးသမားဟောင်း ဝက်ဖို့ဒ်အသင်းရဲ့ ဂိုးသမား ဘင်ဖော်စတာ က ဒီဂီယာဟာ ဂိုးသမားလောက မှာ မက်ဆီပါပဲ လို့ချီးကျူးပြောဆိုသွာပါတယ်။
*ယူနိုက်တက်နည်းပြမော်ရင်ဟိုက လုခ်ရှောဟာ အသင်းအတွက် အများကြီးအထောက်အကူပြုနိုင်တယ်လို့ယုံကြည်တာကြောင့် အသင်းမှာဆက်ရှိစေလိုကြောင်း၊စာချုပ်သစ်ချုပ်ဆိုဖို့ရှိကြောင်းအတည်ပြုပြောကြားလိုက်ပါတယ်။
*ဂျုဗင်တပ်စ်တိုက်စစ်မှူးရိုနယ်ဒိုဟာSassuolo ကို ၂-၁ ဖြင့်အနိုင်ရတဲ့ပွဲမှာတော့ အသင်းအတွက် ၂ဂိုးသွင်းယူပေးခဲ့ပြီး စီးရီအေမှာ ၃ ပွဲကြာဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။
*လီဗာပူးတိုက်စစ်မှူးဟောင်းရော်ဘီဖောင်လာက ဆာလာဟာ ဂိုးသွင်းတိုက်စစ်မှူး ဖြစ်တဲ့အတွက် တစ်ခါတစ်ရံမှာ ဖန်တီးပေးမှုတွေမလုပ်ပဲတစ်ကိုယ်ကောင်းဆန်ရမယ်လို့ပြောကြားလိုက်ပါတယ်။
*ဘိုင်ယန်မြူးနစ်တောင်ပံကစားသမား အာဂျန်ရော်ဘင်က သူဟာ အသက်၃၄ နှစ်အရွယ်ကစားသမားလို့ကိုယ့်ကိုယ်ကို မထင်မိကြောင်း၊လီဗာဂူဆင်အသင်းကို ၃-၁ ဖြင့်အနိုင်ရတဲ့ပွဲမှာ ၁ဂိုးသွင်းယူပြီးနောက်ပြောကြားလိုက်ပါတယ်။
*မန်စီးတီးနည်းပြဂွာဒီယိုက သူဟာ ကစားသမားတွေနဲ့ ပတ်သတ်ပြီးဒေါသထွက်စရာအကြောင်းပြောခဲ့ပါတယ်။" ဘောလုံးအလိမ်အခေါက်လုပ်ရင်း ဘောလုံးဆုံးရှုံးသွားတာပြဿနာမရှိပါဘူး။ဒါပင်မယ့် ဘောလုံးထိန်းတာတို့ရိုးရိုးဘောလုံးပေးတာတောင် လွဲနေရင်တော့ အတော်လေးဒေါသထွက်ပါတယ်။" လို့ဝန်ခံပြောကြားလိုက်ပါတယ်။
Post a Comment