Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
လီဗာပူးလ်အသင်းရဲ့တိုက်စစ်တွဲတွေဖြစ်ကြတဲ့ဆာလာ၊မာနေး၊ဖာမီနိုတို့ဟာသူတို့ရဲ့စွန့်စားခန်းတွေမှာဘယ်သူတွေကကူညီကြပြီး တစ်ယောက်ကိုတစ်ယောက်လွယ်ကူအောင်ပြုလုပ်ပေးခဲ့ကြတယ်ဆိုတဲ့အကြောင်းကို မာနေးကပြောပြခဲ့ပါတယ်။
(Unicode)
အသင်းအတွက်သားရဲ တိရစ္ဆာန် တစ်ကောင်လိုရုန်းကန်ကစားပေးနေတဲ့ကစားသမားတစ်ယောက်အကြောင်းဖော်ထုတ်ပြောပြခဲ့တဲ့ လီဗာပူးတိုက်စစ်ကစားသမား မာနေး
လီဗာပူးလ်အသင်းရဲ့တိုက်စစ်တွဲတွေဖြစ်ကြတဲ့ဆာလာမာနေးဖာမိနိုတို့ဟာသူတို့ရဲ့စွန့်စားခန်းတွေမှာဘယ်သူတွေကကူညီကြပြိး တစ်ယောက်ကိုတစ်ယောက်လွယ်ကူအောင်ပြုလုပ်ပေးခဲ့ကြတယ်ဆိုတဲ့အကြောင်းကို မာနေးကပြောပြခဲ့ပါတယ်။
မာနေးက လီဗာပူးလ်အသင်းမှာအဓိက ရုန်းကစားပေးနေတဲ့သူကိုမီးမောင်းထိုးပြခဲ့ပါတယ်။အဲဒီသူက ဖာမီနိုဖစ်ပြီးသူနှင့်ဆာလာအတွက်အထင်ကြီးလေးစားရလောက်အောင်အသင်းအတွက် စိတ်ဓာတ်အပြည့်နှင့်တိရစ္ဆာန်တစ်ကောင်လိုကစားပေးနေတယ်လို့ဆိုပါတယ်။
"လူတော်များများက ကျွန်တော်နဲ့ဆာလာအကြောင်းအများကြီးပြောကြတယ်။အဲလိုကြားရလို့ အရမ်းကျေနပ်ပါတယ်။ဒါပေမယ့်အဲဒါကလီဗာပူးလ်အသင်းရဲ့စုပေါင်းအင်အားလည်းဖြစ်ပါတယ်"လို့ Bleacher ကိုမာနေးကပြောပြခဲ့ပါတယ်။
"ပြီးတော့ကျွန်တော်တို့ရဲ့နောက်က ကစားသမားတစ်ဦးဖြစ်တဲ့ဖာမီနိုကိုလည်းမမေ့သင့်ဘူးလေ။သူက ကျွန်တော်တို့အတွက် သားရဲတိရစ္ဆာန်တစ်ကောင်လို့ကြိုးစားကူညီပေးတယ်။အဲဒါအပေါ်ကနေပဲကျွန်တော်တို့အသင်းကိုအလုပ်အကျွေးပြုဖို့ကြိုးစားကြတယ်အသင်းကိုကူညီကြပါတယ်။"
မာနေးဟာလက်ရှိအချိန်ပရီးမီးယားလိဂ်ပွဲစဉ်လေးပွဲပြီးတဲ့နောက်မှာ ၄ဂိုးသွင်းယူပြီးနောက် ဂိုးအများဆုံးသွင်းထားသးစာရင်းမှာထိပ်ဆုံးကဦးဆောင်နေပါတယ်။မားနေက သူရဲ့အသည်းစွဲကစားသမားတွေဖြစ်တဲ့ရိုနယ်လ်ဒင်ဟိုနှင့်ဟာဂျီဒီအော့ဖ်တို့ အကြောင်းလည်းပြောပြခဲ့ပါတယ်။
"ကျွန်တော် ငယ်ငယ်တုန်းက ကျွန်တော်အကြိုက်ဘောလုံးသမားတွေကတော်တော်များများတယ်။ဒါပေမယ့်ရိုနယ်လ်ဒင်ဟိုကိုတော့ကျွန်တော်အသေကြွေတယ်။ပြိးတော့ဆီနီဂေါက ဟာဂျီဒီအော့ဖ်ရယ်ပေါ့"။
"သူတို့က ကျွန်တော်ကိုဘောလုံးရူးသွပ်သွားအောင်လှုံ့ဆော်ပေးခဲ့ကြတယ်။သူတို့ရဲ့ဘောလုံးအပေါ်ကျွမ်းကျင်မှုတွေရယ် ပေါင်ကြားထဲဘောလုံး ထည့်တဲ့အကွက်တွေနဲ့ ပြိုင်ဖက်တွေကိုအလှည့်ထိုးနိုင်ခဲ့ကြတယ်။"
ကျွန်တော်ငယ်ငယ်တုန်းကဆိုပေါင်ကြားထဲဘောလုံးထည့်တာအရမ်းထူးချွန်ခဲ့တယ်။ဒါပေမယ့်အခုအဲဒီကနေအတွေ့အကြုံအများကြီးရနေပါတယ်။ဒီမှာကတစ်ချို့အရာတွေကအသုံးမဝင်တော့ဘူး။အဲဒီလိုထပ်လုပ်ဖို့မလိုတော့ဘူး။အဲဒီလိုပုံစံတွေက ကျွန်တော်အသဲကျော်တွေလုပ်ခဲ့ကြပြီးဂိုးတွေတဒိုင်းဒိုင်းသွင်းခဲ့ကြတာလေ။ပြီးတော့သူတို့က လုံးဝဖိုက်တာဖြစ်တဲ့အချိန်မှာ မှ လုပ်ခဲ့ကြတာပါ"
မာနေး၊ဆာလာ၊ဖာမီနို တို့ဟာလီဗာပူးလ်အသင်းကိုစံချိန်အသစ်တွေနဲ့ပြည့်နှံနေအောင်စွမ်းဆောင်နိုင်မည့်လို့ယုံကြည့်နေပြီး လာမည်အပတ်မှာယှဉ်ပြိုင်ကစားမည့်စပါးအသင်းနှငိ့ပွဲစဉ်ကိုအနိုင်ရရှိရန်စိတ်အားထက်သန်နေပါတယ်။
Post a Comment