ဝက္ဖို ့ဒ္ vs မန္ခ်က္စတာယူႏိုက္တက္(ပရီးမီးယားလိပ္ရင္ခုန္သံ-၅)ပြဲႀကိဳသံုးသပ္ခ်က္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အခ်ိန္-၁၅.၉.၂၀၁၈(စေနေန႔) ည ၁၁နာရီ
ကြင္း- Vicarage Road
အဖြင့္ပြဲ ၄ပြဲဆက္အႏိုင္ယူထားတဲ့ ဝက္ဖို ့ဒ္အသင္းဟာ ယခုႏွစ္ပရီးမီးယားလိပ္မွာေတာ့ အံၾသသင့္စရာအေျခအေနေတြကို ဖန္တီးထားသလို စပါးအသင္းကို အိမ္ကြင္းမွာ အႏိုင္ယူျပလိုက္တာကလည္းစိတ္ဓာတ္ပိုင္းဆိုင္ရာအျမင့္ဆံုးအေနအထားမွာရွိေနပါတယ္။ပရီးမီးယားလိပ္တစ္လတာအေကာင္းဆံုးဆုရထားတဲ့ ဂ်ာဗီဂယာစီယာက ေတာ့အရင္ပြဲေတြမွာပြဲထြက္လူစာရင္းအတိုင္း ယခုပြဲမွာလည္း ဆက္လက္အသံုးျပဳဖြယ္ရွိၿပီး ျပာယာခက္ေနတဲ့ယူႏိုက္တက္ေနာက္တန္းကို အဓိကပစ္မွတ္ထားၿပီးအသံုးခ်ဖြယ္ရွိပါတယ္။
ယူႏိုက္တက္အသင္းကေတာ့ ဘန္ေလအသင္းကို ၂-ဝျဖင့္ အႏိုင္ယူၿပီး ရံႈးပြဲေတြကေနျပန္လည္ႏိုးထလာခဲ့ပါတယ္။ဒီရာသီယူႏိုက္တက္အတြက္ ေျခစြမ္းျပေနတဲ့ ဘယ္ေနာက္ခံလူ လုခ္ေရွာတစ္ေယာက္ ပါဝင္ႏိုင္ပါ့မလား ေစာင့္ၾကည့္ရမွာျဖစ္သလို အလြယ္တကူ အမွားလုပ္တတ္တဲ့ စေမာလင္း၊လင္ဒီေလာ့ဖ္၊ဘိုင္လီ တို ့ဗဟို ေနာက္ခံလူ ၃ဦးထဲက ဘယ္အတြဲကို ပြဲထုတ္ရမလဲ နည္းျပေမာ္ရင္ဟိုအေျဖရွာရမွာပါ။
ကြင္းလယ္ပိုင္းမွာေတာ့ ေပါ့ဘာသာေျခစြမ္းျပႏိုင္ရင္ ယူႏိုက္တက္အသင္းႏိုင္ပြဲအတြက္ေမွ်ာ္မွန္းႏိုင္ၿပီး တိုက္စစ္မွဴး လူကာကူ ဂိုသြင္းေျချပန္ေတြ ့လာတာဟာ ယူႏိုက္တက္တို ့အတြက္အားရစရာပါပဲ။
ဝက္ဖို ့ဒ္-ဒဏ္ရာရမရွိ
ယူႏိုက္တက္- ႐ိုဂ်ိဳ၊႐ိုမဲယိုး၊ဟာရဲရား၊ဂ်ံဳးလ္စ္
ေနာက္ဆံုးပြဲအေျခအေန
ဝက္ဖို ့ဒ္-W,W,W,W
ယူႏိုက္တက္-W,L,L,W
ခန္ ့မွန္းလူစာရင္း
ခန္ ့မွန္းခ်က္
**ဝက္ဖို ့ဒ္၀-၁ ယူႏိုက္တက္**
(Unicode)
ဝက်ဖို့ဒ် vs မန်ချက်စတာယူနိုက်တက်(ပရီးမီးယားလိပ်ရင်ခုန်သံ-၅)ပွဲကြိုသုံးသပ်ချက်
အချိန်-၁၅.၉.၂၀၁၈(စနေနေ့) ည ၁၁နာရီ
ကွင်း- Vicarage Road
အဖွင့်ပွဲ ၄ပွဲဆက်အနိုင်ယူထားတဲ့ ဝက်ဖို့ဒ်အသင်းဟာ ယခုနှစ်ပရီးမီးယားလိပ်မှာတော့ အံသြသင့်စရာအခြေအနေတွေကို ဖန်တီးထားသလို စပါးအသင်းကို အိမ်ကွင်းမှာ အနိုင်ယူပြလိုက်တာကလည်းစိတ်ဓာတ်ပိုင်းဆိုင်ရာအမြင့်ဆုံးအနေအထားမှာရှိနေပါတယ်။ပရီးမီးယားလိပ်တစ်လတာအကောင်းဆုံးဆုရထားတဲ့ ဂျာဗီဂယာစီယာက တော့အရင်ပွဲတွေမှာပွဲထွက်လူစာရင်းအတိုင်း ယခုပွဲမှာလည်း ဆက်လက်အသုံးပြုဖွယ်ရှိပြီး ပြာယာခက်နေတဲ့ယူနိုက်တက်နောက်တန်းကို အဓိကပစ်မှတ်ထားပြီးအသုံးချဖွယ်ရှိပါတယ်။
ယူနိုက်တက်အသင်းကတော့ ဘန်လေအသင်းကို ၂-ဝဖြင့် အနိုင်ယူပြီး ရှုံးပွဲတွေကနေပြန်လည်နိုးထလာခဲ့ပါတယ်။ဒီရာသီယူနိုက်တက်အတွက် ခြေစွမ်းပြနေတဲ့ ဘယ်နောက်ခံလူ လုခ်ရှောတစ်ယောက် ပါဝင်နိုင်ပါ့မလား စောင့်ကြည့်ရမှာဖြစ်သလို အလွယ်တကူ အမှားလုပ်တတ်တဲ့ စမောလင်း၊လင်ဒီလော့ဖ်၊ဘိုင်လီ တို့ဗဟို နောက်ခံလူ ၃ဦးထဲက ဘယ်အတွဲကို ပွဲထုတ်ရမလဲ နည်းပြမော်ရင်ဟိုအဖြေရှာရမှာပါ။
ကွင်းလယ်ပိုင်းမှာတော့ ပေါ့ဘာသာခြေစွမ်းပြနိုင်ရင် ယူနိုက်တက်အသင်းနိုင်ပွဲအတွက်မျှော်မှန်းနိုင်ပြီး တိုက်စစ်မှူး လူကာကူ ဂိုသွင်းခြေပြန်တွေ့လာတာဟာ ယူနိုက်တက်တို့အတွက်အားရစရာပါပဲ။
ဝက်ဖို့ဒ်-ဒဏ်ရာရမရှိ
ယူနိုက်တက်- ရိုဂျို၊ရိုမဲယိုး၊ဟာရဲရား၊ဂျုံးလ်စ်
နောက်ဆုံးပွဲအခြေအနေ
ဝက်ဖို့ဒ်-W,W,W,W
ယူနိုက်တက်-W,L,L,W
ခန့်မှန်းလူစာရင်း
ခန့်မှန်းချက်
**ဝက်ဖို့ဒ်ဝ-၁ ယူနိုက်တက်**
Post a Comment