Header Ads


မော်ရင်ဟိုရဲ့ အထက်ကခေါင်းဆောင်ပိုင်းနေရာကိုပြုပြင်ရမယ်လို့ ဆိုလိုက်တဲ့ဂယ်ရီနဗီး






Unicode သမားများအောက်ဆွဲဖတ်ပေးပါ။















(Unicode)



မန်ချက်စတာယူနိုက်တက်အသင်းရဲဂန္တဝင်ကစားသမားဂယ်ရီနဗီးလ်က အသင်းထဲမှာရှိနေတဲ့အရှုပ်အထုတ်ဇာတ်လမ်းတွေကအသင်းအပေါ်အများကြီးထိခိုက်ပြီး အသင်းရပ်တည်နေမှုအပေါ်အကျိုးသက်ရောက်မှုများတယ်လို့သတိပေးပြောကြလိုက်ပါတယ်။ဒီကိစ္စက မော်ရင်ဟိုတစ်ယောက်တည်းကြောင့်မဟုတ်သလို အသင်းရဲ့လူစာရင်းကြောင့်လည်းမဟုတ်ဘူးလို့ဆိုပါတယ်။

နည်းပြမော်ရင်ဟိုကတော့အသင်းကနေထွက်ခွာဖို့သေချာသလောကိရှိနေပြီသူဦးဆောင်တဲ့ယူနိုက်တက်အသင်းဟာမနေ့ညကယှဉ်ပြိုင်ကစားခဲ့တဲ့ဝက်စ်ဟမ်းအသင်းကို ၃ဂိုး၁ဂိုးနှင့်ရှုံးနိမ့်ကာယူနိုက်တက်အသင်းကိုရှုံးပွဲဆက်စေခဲ့ပါတယ်။

ခိုင်လုံသောသတင်းများအရ မော်ရင်ဟိုဟာသူရဲ့ရာထူးကိုလက်လွှတ်ရဖို့သေချာသလောက်ရှိနေပါပြီ။အမှုဆောင်ချုပ် အီဒင်ဝုဒ်ဝဒ်စတင်တာဝန်ယူခဲ့တဲ့ ၂၀၁၃ခုနှစ်မှစ၍ နည်းပြ၃ဦးအထိအပြောင်းအလဲလုပ်ခဲ့ပြီးဖြစ်ပါတယ်။ဝုဒ်ဝဒ်ဟာ ၂၀၁၃ခုနှစ်မှ ဒေးဗစ်ဂီးလ်ရဲ့နေရာကိုဆက်ခံခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမယ့်နဗီးလ်ကတော့ ဝုဒ်ဝဒ်တစ်ခုခုစီစဉ်သင့်တယ်လို့ထင်နေပြီးယူနိုက်တက်အသင်းအပေါ်ထိခိုက်လာသည့် ပြသာနာကိုလုပ်ဆောင်ခဲ့တဲ့ မည်သူမဆိုကိုဖယ်ရှားသင့်တယိလို့ယုံကြည်နေပါတယ်။အဲလက်စ်ဖာဂူဆန်ရဲ့နောက်မှာအသင်းကိုတာဝန်ယူခဲ့တဲ့ဒေးဗစ်မိုရက်စ်ကိုလည်းအလွန်အကျူးအချိန်ပေးခဲ့တာကြောင့်အသင်းအများကြီးထိခိုက်နစ်နာဖူးပါတယ်။

သူက"မိုရက်စ်လက်ထက်ကအသင်းမှာအရှုပ်အထွေးပြသာနာဖြစ်ပြီး ၈လကြာမှ ထုတ်ပယ်ခဲ့တာပါ။ကျွန်တော်တို့ရဲ့အနေအထားတွေ တန်ဖိုးတွေအများကြီးဆုံးရှုံးခဲ့ရတယ်လေ။ကျွန်တော်တို့ဒါတွေကိုနှစ်၁၀၀လောက်ထိန်းသိမ်းထားရတာလို့"ဆိုပါတယ်။

"ဘောလုံးနည်းပညာချို့တဲ့သူကိုနည်းပြလို့မခေါ်ဘူးဗျ။သူတို့ကနေရာတိုင်းမှအစီအစဉ်မရှိဘဲနဲ့တောင်ကောင်းကောင်းကောင်းလုပ်နိုင်ရမယ်” လို့ပြောကြားသွားခဲ့ပါတယ်။

No comments

Powered by Blogger.