Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
အိမ်ယာမဲ့တွေရဲ့မျှော်လင့်ချက် (Or)ကွန်ပနီ
မန်စီးတီးအသင်းခေါင်းဆောင် ကွန်ပနီက အသင်းထံမှ ဂုဏ်ပြုချီးမြင့်ခြင်းမှရရှိမည့်ဆုကြေးငွေအမြတ်တွေကိုအိမ်ယာမဲ့တွေအားလှူဒါန်းမယ်လို့သိရပါ တယ်။မန်စီးတီးအသင်းဟာ၁၀နှစ်အတွင်းအကောင်းဆုံးရလဒ်ရရှိထားပြီးအသင်းရဲ့ကစားသမားများကိုလည်းကောင်းကောင်းမြှောက်စားထားပါတယ်။
ဘဲလ်ဂျီယမ်သား ကွန်ပနီက သူရဲ့အစီအစဉ်ကို "Tackle4MCR"လို့နာမည်ပေးထားပြီး ဂရိတ်မန်ချက်စတာရဲ့မြို့တော်ဝန်အန်ဒီဘန်ဟမ်းနှင့်အတူ ပတ်ဝန်းကျင်ဒေသကိုပြောင်းလဲရေးအတွက်ကူညီဖို့လှုံ့ဆော်နေပါတယ်။
"ကျွန်တော်မန်ချက်စတာမြို့ဆီက ထောက်ခံမှုတွေအများကြီး လက်ခံရရှိနေပါပြီ"လို့ ကွန်ပနီကဆိုပါတယ်။
"မန်စီးတီးအသင်းမှာဆယ်စုနှစ်တစ်ခုကျော်ဖြတ်လာပြီးတဲ့နောက်မှာ ကျွန်တော်အတွက်ပျော်ရွှင်ကံကောင်းခြင်းတွေ တွေ့မြင်လာရပါတယ်။မန်ချက်စတာမြို့ရယ် မန်ချက်စတာစီးတီးရယ်က အရောင်အဝါတောက်ပလာပြီး ထိပ်တန်းအဆင့်ဖြစ်လာပါပြီ။ဒီနှစ်ခုစလုံးကတစ်ပြိုက်နက်တည်းကာလကြာရှည်စွာတူတူဖြတ်သန်းလာပြီးဒေသတစ်ခုလုံးကို ထွန်းလင်းတောက်ပလာစေခဲ့ပါပြီ။"
"ဘယ်လိုဖြစ်ဖြစ် ဆိုးရွားလှတဲ့အခြေအနေကနေအခုလိုတောက်ပလာမှုက အံသြသင့်ဖွယ်ကောင်းလောက်အောင်ပါပဲ။ပြီးတော့အခြေအနေတွေက ဘယ်လောက်ဆိုးခဲ့လဲဆိုရင်အိမ်ယာတွေကိုစွန့်ခွာပြီးထွက်ခွာလာရတဲ့သူတွေအတွက်ရွေးချယ်စရာဘာမှလဲမရှိဘူး။သူတို့အတွက်တော့ဘာအကျိုးမှရရှိခံစားခွင့်လည်းမရှိခဲ့ကြပါဘူး။ဒါပေမယ့်အဲဒါအားလုံးလမ်းပေါ်မှာပဲရပ်တန့်နိုင်ခဲ့ပါပြီ။"
ကွန်ပနီကယခုနှစ်ရာသီအကုန်မှာ အီတီဟက်ကွင်းမှာ ယှဉ်ပြိုင်ရင်း မန်စီးတီးအသင်းကနေရရှိခံစားရမည့်ဆုကြေးအပိုဆုအမြတ်တွေကိုအိမ်ယာမဲ့တွေအတွက်လှူဒါန်းမည့်လို့သိရပါတယ်။မြိုတော်ဝန်ဘန်းဟမ်းက ဦးဆောင်ပြီး ၂၀၂၀မတိုင်ခင်မန်ချက်စတာမြို့မှာ အိမ်ယာမဲ့ကင်းစင်ရေးပပျောက်ရေးအတွက်လုပ်ဆောင်မည်ဟုသိရပါတယ်။
"လူတွေကောင်းမွန်စွာနေထိုင်နိုင်ဆိုတဲ့အချက်က ကျွန်တော့်ကို ဒီဒေသအတွက်ဒီမြို့အတွက် စိတ်ဝင်စားမှုကိုတိုးမြင့်စေခဲ့ပါတယ်။မန်ချက်စတာမြို့ကိုပြုပြင်မည်လို့" ဆိုပါတယ်။
"ဒီမြိုက ကျွန်တော်လည်ပတ်ဖူးတဲ့မြိုတွေနဲ့ယှဉ်ရင်အရမ်းကြီးမားတယ်။ကျွန်တော်တို့တွေနဲ့တူတူရှိနေတဲ့လူတွေကိုတာဝန်ယူပေးသင့်ပါတယ်လို့ထင်ပါတယ်။
မြိုတော်ဝန် ဘန်ဟမ်းက သူရရှိတဲ့လစာ၁၅ရာခိုင်နှုန်းကို အိမ်ယာမဲ့တွေအတွက်လှူဒါန်းမည်လို့သိရပါတယ်။"ကဗျာတစ်ပုဒ်ရှိတယ်ဗျ တစ်ချို့ဒီမှာမွေးတယ်၊တစ်ချို့ဒီမှာအခြေကျတယ်၊အာလုံးကအဲဒါကိုအိမ်လို့ခေါ်ကြတယ်။"
No comments
Powered by Blogger.