အိုုထရက္ဖိုု ့ဒ္ကြင္းမွာ ရိုုနယ္ဒိုု တစ္ေယာက္ျပန္လည္ကစားနိုုင္ခြင့္ရေတာ့မည္။
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဂ်ဴဗင္တပ္စ္အသင္းတိုက္စစ္မႈး႐ိုနယ္လ္ဒိုဟာ ခ်န္ပီယံလိဂ္ပြဲစဥ္တစ္ခုျဖစ္တဲ့ ဗလင္စီယာ အသင္းနွင့္ပြဲစဥ္မွာ အနီကဒ္ထိခဲ့တာေၾကာင့္ UEFAရဲ႕အေရးယူမႈခ်မွတ္ရာတြင္ တစ္ပြဲပယ္ျပစ္ဒဏ္က်ခံရမည္ျဖစ္ပါတယ္။႐ိုနယ္လ္ဒိုက အိုးထရက္ဖို့ဒ္ကြင္း မွာယွဥ္ၿပိဳင္ကစားမည့္ အသင္းေဟာင္း ယူႏိုက္တက္အသင္းႏွင့္ ပြဲစဥ္မွာပါဝင္ကစားဖို႔ပဲစိတ္အားထက္သန္ေနပါတယ္။
UEFAရဲ႕ဆံုးျဖတ္ေၾကညာခ်က္
႐ိုနယ္လ္ဒိုဟာ အနီကဒ္တိုက္႐ိုက္ထိခဲ့တာေၾကာင့္ UEFAရဲ႕ပုဒ္မ ၁၅အရ အစည္းအေဝးဆံုးျဖတ္ခံယူခဲ့ရပါတယ္။
အစည္းအေဝးဆံုးျဖတ္ခ်က္အရ ဂ်ဴဗင္တပ္စ္အသင္းကစားသမား ႐ိုနယ္လ္ဒိုဟာ ၿပိဳင္ပြဲအတြင္းအနီကဒ္တိုက္႐ိုက္ထိခဲ့တာေၾကာင့္ တစ္ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ရန္ဆံုးျဖတ္ခ်က္မွတ္လိုက္ပါတယ္။
ေရႊေဘာလံုး၅ဆု႐ွင္႐ိုနယ္လ္ဒို ဟာ ဗလင္စီယာအသင္းကစားသမားမူရီလို ႏွင့္ထိခိုက္မွု ေၾကာင့္အေခ်အတင္စကားမ်ားကာ အနီကဒ္ျပစ္ဒဏ္ျပသျခင္းခံခဲ့ရပါတယ္။သို႔ေသာ္လည္းပဲဂ်ဴဗင္တပ္စ္အသင္းက ပထမပိုင္းမွာ တိုက္စစ္မႈး ပီဂ်န္နစ္ ရဲ႕ ပင္နယ္တီဂိုးႏွင့္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။
႐ိုနယ္လ္ဒိုကေတာ့ တစ္ပြဲပယ္ျပစ္ဒဏ္ေျကာင့္ ဆြစ္ဇာလန္ကလပ္ ရန္းဘြိဳင္းအသင္းႏွင့္ယွဥ္ၿပိဳင္ကစားမည့္ပြဲစဥ္ကိုလြဲေခ်ာ္မည္ျဖစ္ပါတယ္။သို႔ေသာ္လည္းပဲလာမည့္ ေအာက္တိုဘာလ ၂၃ရက္မွာ အိုးထရက္ဖို႔ဒ္ကြင္းမွာကစားမည့္ အသင္းေဟာင္းယူႏိုက္တက္အသင္းႏွင့္ပြဲစဥ္ကို ပါဝင္ႏိုင္ဖို႔အတြက္ အလြန္ေမ်ွာ္လင့္ထားပါတယ္။
(Unicode)
အိုထရက်ဖို့ဒ်ကွင်းမှာ ရိုနယ်ဒို တစ်ယောက်ပြန်လည်ကစားနိုင်ခွင့်ရတော့မည်။
ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှုးရိုနယ်လ်ဒိုဟာ ချန်ပီယံလိဂ်ပွဲစဉ်တစ်ခုဖြစ်တဲ့ ဗလင်စီယာ အသင်းနှင့်ပွဲစဉ်မှာ အနီကဒ်ထိခဲ့တာကြောင့် UEFAရဲ့အရေးယူမှုချမှတ်ရာတွင် တစ်ပွဲပယ်ပြစ်ဒဏ်ကျခံရမည်ဖြစ်ပါတယ်။ရိုနယ်လ်ဒိုက အိုးထရက်ဖို့ဒ်ကွင်း မှာယှဉ်ပြိုင်ကစားမည့် အသင်းဟောင်း ယူနိုက်တက်အသင်းနှင့် ပွဲစဉ်မှာပါဝင်ကစားဖို့ပဲစိတ်အားထက်သန်နေပါတယ်။
UEFAရဲ့ဆုံးဖြတ်ကြေညာချက်
ရိုနယ်လ်ဒိုဟာ အနီကဒ်တိုက်ရိုက်ထိခဲ့တာကြောင့် UEFAရဲ့ပုဒ်မ ၁၅အရ အစည်းအဝေးဆုံးဖြတ်ခံယူခဲ့ရပါတယ်။
အစည်းအဝေးဆုံးဖြတ်ချက်အရ ဂျူဗင်တပ်စ်အသင်းကစားသမား ရိုနယ်လ်ဒိုဟာ ပြိုင်ပွဲအတွင်းအနီကဒ်တိုက်ရိုက်ထိခဲ့တာကြောင့် တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ရန်ဆုံးဖြတ်ချက်မှတ်လိုက်ပါတယ်။
ရွှေဘောလုံး၅ဆုရှင်ရိုနယ်လ်ဒို ဟာ ဗလင်စီယာအသင်းကစားသမားမူရီလို နှင့်ထိခိုက်မှု ကြောင့်အချေအတင်စကားများကာ အနီကဒ်ပြစ်ဒဏ်ပြသခြင်းခံခဲ့ရပါတယ်။သို့သော်လည်းပဲဂျူဗင်တပ်စ်အသင်းက ပထမပိုင်းမှာ တိုက်စစ်မှုး ပီဂျန်နစ် ရဲ့ ပင်နယ်တီဂိုးနှင့်ဦးဆောင်နိုင်ခဲ့ပါတယ်။
ရိုနယ်လ်ဒိုကတော့ တစ်ပွဲပယ်ပြစ်ဒဏ်ကြောင့် ဆွစ်ဇာလန်ကလပ် ရန်းဘွိုင်းအသင်းနှင့်ယှဉ်ပြိုင်ကစားမည့်ပွဲစဉ်ကိုလွဲချော်မည်ဖြစ်ပါတယ်။သို့သော်လည်းပဲလာမည့် အောက်တိုဘာလ ၂၃ရက်မှာ အိုးထရက်ဖို့ဒ်ကွင်းမှာကစားမည့် အသင်းဟောင်းယူနိုက်တက်အသင်းနှင့်ပွဲစဉ်ကို ပါဝင်နိုင်ဖို့အတွက် အလွန်မျှော်လင့်ထားပါတယ်။
Post a Comment