နယူးကာဆယ္ vs အာဆင္နယ္ (ပရီးမီးယားလိပ္ရင္ခုန္သံ-၅) ပြဲႀကိဳသံုးသပ္ခ်က္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အခ်ိန္-၁၅.၉.၂၀၁၈(စေနေန႔ ည ၈နာရီခြဲ)
ကြင္း- စိန္ ့ဂ်ိမ္းစ္ပါ့ခ္(နယူးကာဆယ္)
မႏွစ္ရာသီၿပီးဆံုးခါနီး ေအပရယ္လ ေလာက္ နယူးကာဆယ္ရဲ႕ စိန္ ့ဂ်ိမ္းစ္ပါ့ခ္ အသင္းမွာ အာဆင္နယ္အသင္းတို ့၂-၁ ျဖင့္ အေရးနိမ့္ခဲ့ၿပီး ဘင္နီတက္ဖ္ ရဲ႕ နယူးကာဆယ္အသင္းဟာ တန္းဆင္းဇုန္ကေန လႊတ္ေျမာက္ခဲ့တာကို အမွတ္ရဦးမွာပါ။ ဒီရာသီ မွာေတာ့ နယူးကာဆယ္အသင္းဟာ ရလဒ္ပိုင္းအရ ဆိုးရြားေနခဲ့ေသာ္လည္း အသင္းႀကီးေတြနဲ႔ ေတြ ့ဆံုခဲ့တာကတစ္ေၾကာင္း၊ေျခစြမ္းပိုင္းအရ ၾကည့္မယ္ဆိုရင္လည္း ကစားပံုသိပ္အဆိုးရြားႀကီးမဟုတ္တာကိုေတြ ့ရပါတယ္။
အာဆင္နယ္အသင္းကေတာ့ ၂ပြဲဆက္ႏိုင္ပြဲေတြနဲ႔ အတူရလဒ္ပိုင္းအရ ႏိုင္ပြဲရွာေဖြႏိုင္တဲ့ စိတ္ဓာတ္ကို ျပန္လည္ရရွိၿပီလို ့ဆိုႏိုင္ေသာ္လည္း ေနာက္ခံလူေတြ ျဖစ္ၾကတဲ့ ဆိုခရက္တီးစ္နဲ႔ မူစတာဖီတို ့ရဲ႕ ခံစစ္အတြဲကိုေတာ့ စိတ္မခ်ရပါဘူး။ဒါပင္မယ့္လည္း ၿပီးခဲ့တဲ့ ကာဒစ္ဖ္ နဲ႔ ပြဲမွာ တိုက္စစ္ကစားသမားေတြျဖစ္ၾကတဲ့ လာကာဇက္နဲ႔ အူဘာမီးယန္းတို ့ရဲ႕ တြဲလံုးေတြဟာ တကယ္ထိေရာက္ၿခိမ္းေျခာက္လာတာကို ေတြ ့ရၿပီး နည္းျပအမ္မရီအေနနဲ႔ အဆိုပါတိုက္စစ္အတြဲကိုေရရွည္ဆက္သံုးပါက ပရီးမီးယားလိပ္မွာ ေၾကာက္စရာေကာင္းတဲ့ တိုက္စစ္အတြဲျဖစ္လာပါလိမ့္မယ္။
အာဆင္နယ္အသင္းမွာေတာ့ ကိုလာဆီနစ္၊ဂ်က္ကင္ဆန္၊ကိုစီရယ္နီ၊နဲ႔ မဒ္လန္းႏိုင္းလ္တို ့ဟာ ဒဏ္ရာျပႆနာေတြေၾကာင့္ ယခုပြဲကို ဆက္လက္လြဲေခ်ာ္သြားမွာျဖစ္သလို နယူးကာဆယ္ဘက္မွာေတာ့ လီဂၽြန္းဟာ ပါဝင္ႏိုင္မွာမဟုတ္ပါဘူး။
တိုက္စစ္ပိုင္းမွာ ပိုမိုနားလည္မႈေတြရွိလာတဲ့ အာဆင္နယ္အသင္းဟာ ခံစစ္ယိုယြင္းေနတဲ့နယူးကာဆယ္အသင္းကို အႏိုင္ယူသြာၿပီး ၃ပြဲဆက္အႏိုင္ရလဒ္ကို ရယူသြားဖို ့ရွိေနပါတယ္။
ေနာက္ဆံုးပြဲအေျခအေနမ်ား
နယူးကာဆယ္-L,D,L,L
အာဆင္နယ္-L,L,W,W
ခန္ ့မွန္းလူစာရင္း
ခန္ ့မွန္းခ်က္
**နယူးကာဆယ္၁-၂ အာဆင္နယ္**
(Unicode)
နယူးကာဆယ် vs အာဆင်နယ် (ပရီးမီးယားလိပ်ရင်ခုန်သံ-၅) ပွဲကြိုသုံးသပ်ချက်
အချိန်-၁၅.၉.၂၀၁၈(စနေနေ့ ည ၈နာရီခွဲ)
ကွင်း- စိန့်ဂျိမ်းစ်ပါ့ခ်(နယူးကာဆယ်)
မနှစ်ရာသီပြီးဆုံးခါနီး အေပရယ်လ လောက် နယူးကာဆယ်ရဲ့ စိန့်ဂျိမ်းစ်ပါ့ခ် အသင်းမှာ အာဆင်နယ်အသင်းတို့၂-၁ ဖြင့် အရေးနိမ့်ခဲ့ပြီး ဘင်နီတက်ဖ် ရဲ့ နယူးကာဆယ်အသင်းဟာ တန်းဆင်းဇုန်ကနေ လွှတ်မြောက်ခဲ့တာကို အမှတ်ရဦးမှာပါ။ ဒီရာသီ မှာတော့ နယူးကာဆယ်အသင်းဟာ ရလဒ်ပိုင်းအရ ဆိုးရွားနေခဲ့သော်လည်း အသင်းကြီးတွေနဲ့ တွေ့ဆုံခဲ့တာကတစ်ကြောင်း၊ခြေစွမ်းပိုင်းအရ ကြည့်မယ်ဆိုရင်လည်း ကစားပုံသိပ်အဆိုးရွားကြီးမဟုတ်တာကိုတွေ့ရပါတယ်။
အာဆင်နယ်အသင်းကတော့ ၂ပွဲဆက်နိုင်ပွဲတွေနဲ့ အတူရလဒ်ပိုင်းအရ နိုင်ပွဲရှာဖွေနိုင်တဲ့ စိတ်ဓာတ်ကို ပြန်လည်ရရှိပြီလို့ဆိုနိုင်သော်လည်း နောက်ခံလူတွေ ဖြစ်ကြတဲ့ ဆိုခရက်တီးစ်နဲ့ မူစတာဖီတို့ရဲ့ ခံစစ်အတွဲကိုတော့ စိတ်မချရပါဘူး။ဒါပင်မယ့်လည်း ပြီးခဲ့တဲ့ ကာဒစ်ဖ် နဲ့ ပွဲမှာ တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ လာကာဇက်နဲ့ အူဘာမီးယန်းတို့ရဲ့ တွဲလုံးတွေဟာ တကယ်ထိရောက်ခြိမ်းခြောက်လာတာကို တွေ့ရပြီး နည်းပြအမ်မရီအနေနဲ့ အဆိုပါတိုက်စစ်အတွဲကိုရေရှည်ဆက်သုံးပါက ပရီးမီးယားလိပ်မှာ ကြောက်စရာကောင်းတဲ့ တိုက်စစ်အတွဲဖြစ်လာပါလိမ့်မယ်။
အာဆင်နယ်အသင်းမှာတော့ ကိုလာဆီနစ်၊ဂျက်ကင်ဆန်၊ကိုစီရယ်နီ၊နဲ့ မဒ်လန်းနိုင်းလ်တို့ဟာ ဒဏ်ရာပြဿနာတွေကြောင့် ယခုပွဲကို ဆက်လက်လွဲချော်သွားမှာဖြစ်သလို နယူးကာဆယ်ဘက်မှာတော့ လီဂျွန်းဟာ ပါဝင်နိုင်မှာမဟုတ်ပါဘူး။
တိုက်စစ်ပိုင်းမှာ ပိုမိုနားလည်မှုတွေရှိလာတဲ့ အာဆင်နယ်အသင်းဟာ ခံစစ်ယိုယွင်းနေတဲ့နယူးကာဆယ်အသင်းကို အနိုင်ယူသွာပြီး ၃ပွဲဆက်အနိုင်ရလဒ်ကို ရယူသွားဖို့ရှိနေပါတယ်။
နောက်ဆုံးပွဲအခြေအနေများ
နယူးကာဆယ်-L,D,L,L
အာဆင်နယ်-L,L,W,W
ခန့်မှန်းလူစာရင်း
ခန့်မှန်းချက်
**နယူးကာဆယ်၁-၂ အာဆင်နယ်**
Post a Comment