ဝက်စ်ဟမ်းအသင်းကိုရှုံးနိမ့်ပြီးနောက်ယူနိုက်တက်အသင်းရဲ့ နောက်ဆုံးရသတင်းတိုများ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
မန်ယူနိုက်တက်အသင်းတာဝန်ရှိသူများဟာ လန်ဒန်မြို့ကိုရောက်ရှိနေတဲ့ ရီးရဲလ်နည်းပြဟောင်းဇီဒန်းနဲ့ ဆွေးနွေးညှိ့နှိုင်းပြောဆိုနေကြောင်းသိရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းတာဝန်ရှိသူများနဲ့ ဝန်ထမ်းများကတော့ အသင်းရလဒ်ဆိုးရွားနေမဥကြောင့် ယခု အပတ်ကုန်ခါနီးမှာ နည်းပြမော်ရင်ဟိုတစ်ယောက် အသင်းကနေအထုတ်ခံရလိမ့်မယ်လို့ယုံကြည်နေကြပါတယ်။
ယူနိုက်တက်အသင်းရဲ့ အတွင်းရေးဟာ စစ်ပွဲတွေဆင်နွှဲနေပြီး ဂယက်ထနေတယ်လို့ အသင်းကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က ပြောကြားလိုက်ပါတယ်။
ဝက်စ်ဟမ်းအသင်းကို အရှက်တကွဲရှုံးနိမ့်ခဲ့တာကြောင့် နည်းပြမော်ရင်ဟိုတစ်ယောက်အသင်းရဲ့ ကစားပုံနဲ့ ပတ်သတ်ပြီး စိတ်ညစ်ဝမ်းနည်းနေကာ မန်ချက်စတာကို မပြန်ပဲ လန်ဒန်မှာ ဆက်ရှိနေခဲ့တယ်လ်ု့သိရပါတယ်။
မန်ချက်စတာယူနိုက်တက်ပရိတ်သတ်တွေကတော့ နည်းပြမော်ရင်ဟိုကို ထုတ်ပယ်ခံရမသင့်ဘူးလို့ဆိုထားကြသော်လည်း အခုအချိန်မှာအသင်းဟာပိုဆိုးလာနိုင်တာကြောင့် မော်ရင်ဟိုကို ထုတ်ပယ်လိုက်တာကလွဲပြီး အခြားရွေးချယ်စရာမရှိဘူးလို့တောင်းဆိုထားကြပါတယ်။
Post a Comment